သင့်အနေနဲ့ ငွေအရင်းအနှီးအများကြီး စိုက်မထုတ်ချင်ဘူး။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလည်း စတင်ကြည့်ချင်တယ်ဆိုရင်တော့ အရင်းနှီးနည်းနည်းနဲ့စနိုင်မယ့် လုပ်ငန်းတွေကိုပြောပြပေးချင်ပါတယ်။

(၁) အမြန်ချောပို့

Delivery man smiling and holding a cardboard box

Photo : Freepik

ယနေ့ခေတ်မှာ လူသုံးကုန်ပစ္စည်းတွေ သာမက အစားအသောက်တွေကို Delivery စနစ်နဲ့ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတာကြောင့် ဝယ်သူနဲ့ ရောင်းသူကြားကို ချိတ်ဆက်ပေးတဲ့ ပိုဆောင်ရေးလုပ်ငန်းဟာ အသင့်တော်ဆုံး စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်စေမှာပါ။

(၂) အွန်လိုင်းစီးပွားရေး

Cyber monday shopping sales

Photo : Freepik

လွယ်ကူသက်သာတဲ့စီးပွားရေးလုပ်ငန်းလို့ပြောရင် အွန်လိုင်းပေါ်ကနေ ဈေးရောင်းခြင်းကမပါမဖြစ်ပါပဲ။ အွန်လိုင်းပေါ်က ဈေးရောင်းခြင်းဟာ ဆိုင်ခန်းခတွေ ပစ္စည်းအရင်းအနှီးတွေအများကြီးမလိုဘဲ ဝယ်ယူသူနဲ့ တိုက်ရိုက်ဆက်ဆံရောင်းဝယ်လို့တဲ့ အကောင်းဆုံး စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

(၃) Pet Spa & Hotel

Canine hairdresser with yorkshire dog in salon

Photo : Freepik

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့သူတွေအနေနဲ့ သူတို့ရဲ့ အချစ်တော် ကြောင်လေး ခွေးတွေရဲ့ သန့်ရှင်းမှုပိုင်းဆိုင်ရာ အမွှေးညှပ်ခြင်း၊ ခြေသည်းလက်သည်းညှပ်ခြင်း၊ ရေချိုးသန့်စင်ခြင်း စတဲ့လုပ်ငန်းတွေကို အချိန်ကုန်ခံပြီး ပြုလုပ်မနေတော့ဘဲ Pet Spa တွေမှာ သွားရောက်ပြုလုပ်ကြလေ့ရှိပါတယ်။ ခရီးသွားမယ့်သူတွေအနေနဲ့လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ကြည့်ရှု့စောင့်ရှောက်ပေးမယ့် Pet Hotel တွေဟာ ခေတ္တခဏသွားထားကြပါတယ်။ ဒါကြောင့် Pet Sap & Hotel လုပ်ငန်းဟာလည်း အရင်းအနှီးအများကြီးမကုန်ဘဲ တစ်နိုင်တစ်ပိုင်ပြုလုပ်လို့ရမယ့် အိမ်တွင်းစီးပွားရေးတစ်ခုဖြစ်ပါတယ်။

(၄) ပင်မင်း

Washing machine

Photo : Freepik

ပင်မင်းလုပ်ငန်းဟာ အဝတ်လျှော်စက်လေးတစ်လုံးရှိရုံနဲ့ စတင်နိုင်မယ့် အကောင်းဆုံးစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ကျောင်းသူကျောင်းသားတွေ အဆောင်နေတဲ့ ဝန်ထမ်းတွေ မအားမလပ်တဲ့သူတွေအနေနဲ့ မိမိတို့ရဲ့ အဝတ်အစားတွေကို ပင်မင်းဆိုင်ပို့ကြပါတယ်။ ကိုယ့်အနေနဲ့ အဝတ်လျှော်စက်တစ်လုံးထဲနဲ့ လုပ်ကိုင်နိုင်မှာဖြစ်သလို ချဲ့ရင်ချဲ့သလို လုပ်ငန်းတွင်ကျင်မှာဖြစ်တာကြောင့် ပင်မင်းလုပ်ငန်းဟာလည်း အကောင်းဆုံးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေထဲကတစ်ခုဖြစ်ပါတယ်။