ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၀ ကျော် ရှိပြီး ကျွန်တော်တို့ ကြားတောင် မကြားဖူးတဲ့ နိုင်ငံတွေလည်း ပါမှာပါပဲ။ တချို့နိုင်ငံတွေဆို သေးလွန်းလို့ ရွာလေးတစ်ရွာစာလောက်ပဲ ရှိပါတယ်။ ကမ္ဘာ့အသေးဆုံး နိုင်ငံတွေအကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။
(၄) The Principality of Seborga
Photo: selfherald
အီတလီနယ်စပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံတစ်ခုဖြစ်ပြီး ဧရိယာစတုရန်းကီလိုမီတာ ၄.၉၁ ကီလိုမီတာပဲ ရှီပါတယ်။ ဒီနယ်ကို အုပ်ချုပ်သူက His Tremendousness Marcello I ဖြစ်ပါတယ်။ တကယ်က The Principality of Seborga ဟာ ပြင်သစ်နယ်စပ်အနားက ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။စစ်တပ်တော့ ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီး ၁ ယောက်နဲ့ နယ်ခြားစောင့် စစ်သား နှစ်ဦးတည်းပါပဲ။ လူဦးရေကလည်း စုစုပေါင်းမှ ၃၁၂ ဦးပဲ ရှိတယ်လို့ ဆိုပါတယ်။
(၃) The Principality of Hutt River
Photo: The Telegraph
ဧရိယာစတုရန်းကီလိုမီတာ ၇၅ ကီလိုမီတာ ရှိပြီး လူဦးရေအားဖြင့် ၃၀ ပဲ နေထိုင်တယ်လို့ ဆိုပါတယ်။ ဩစတြေးလျနိုင်ငံနားက ကိုယ်ပိုင်နိုင်ငံငယ်တစ်ခု ဖြစ်ပြီး တည်ထောင်သူက Lenonard Casley ဖြစ်ပါတယ်။ Casley ဟာ သူ့ယာမြေကို ကိုယ်ပိုင်လွတ်လပ်တဲ့ နယ်မြေသစ်အဖြစ် ကြေညာခဲ့တာပါ။ သူ့နိုင်ငံကို ဘယ်တိုင်းပြည်ကမှတော့ အသိအမှတ်ပြုမထားပေမယ့် ကိုယ်ပိုင်ငွေကြေး ၊ တံဆိပ်ခေါင်းနဲ့ ပတ်စ်ပို့တို့ ရှိပါတယ်။
(၂) The Principality of Sealand
Photo: Pinterest
သူလည်း အသိအမှတ်ပြုမခံရတဲ့ နယ်မြေတစ်ခုဖြစ်ပြီး ဂရိတ်ဗြိတိန်ကမ်းရိုးတမ်းက ၆ မိုင်အကွာမှာ ရှိတဲ့ ပင်လယ်စင်္ကြန်တစ်ခုဖြစ်ပါတယ်။ အုပ်ချုပ်သူက ကိုယ့်ကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာထားတဲ့ Prince Regent ဖြစ်ပြီး လူဦးရေ ၂၇ ဦးပဲ ရှိပါတယ်။ ဧရိယာအကျယ်အဝန်း ၀.၀၀၄ ကီလိုမီတာပဲ ရှီပါတယ်။ ထူးခြားချက်က လူတိုင်း ဗြိတိန်ပေါင်အနည်းငယ်လောက် ပေးရင် တော်ဝင်ဘွဲ့ရနိုင်တယ်ဆိုတာပါပဲ။
(၁) The Republic of Molossia
Photo: Digital Journal
ဧရိယာ စတုရန်းကီလိုမီတာ ၀.၀၅၅ ကီလိုမီတာနဲ့ လူ ၇ ဦးပဲ နေထိုင်တဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒီနိုင်ငံပိစိလေးကို အမေရိကန်ပြည်ထောင်စု နီဗားဒါးမှာ နေတဲ့ Kevin Baugh က တည်ထောင်ထားတာပါ။ လူဦးရေအနေနဲ့ မစ္စတာဘော့ဂ်ရယ် ၊ သူ့မိသားစုရယ် ၊ ခွေးသုံးကောင် ၊ ကြောင်တစ်ကောင် နဲ့ ယုန်တစ်ကောင်ပဲ ရှိပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက ကိုယ်ပိုင် နိုင်ငံအလံ ၊ နိုင်ငံတော်သီချင်း ၊ သင်္ကေတတို့ ရှိပါတယ်။ ၂၀၁၇ မှာတော့ လူ ၄၀ ရှိလာတယ်လို့ ဆိုပါတယ်။