သပ်သပ်ရပ်ရပ် ဝတ်စားတတ်ခြင်းသည် ကျွနု်ပ်တို့ရဲ့နေ့စဉ်ဘဝအတွက် မရှိမဖြစ် လိုအပ်သောအလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့အဝတ်အစားက တွန့်ကြေပြီး ပေရေညစ်ပတ်နေမယ် ချွေးနံ့တွေ နံနေမယ်ဆိုရင်တော့ သင့်ဘေးနားမှာ ထိုင်ရတဲ့လူအတွက်တော့ စိတ်ရှုပ်စရာပါပဲ။
တစ်ရက် ဝတ်ပြီးတဲ့အဝတ်အစားများကို ပြန်မဝတ်ဘဲ ပုံမှန်လျှော်ဖွပ်မယ်။ သပ်သပ်ရပ်ရပ်ဖြစ်အောင် မီးပူတိုက်မယ်။ ဒါဆိုရင်တော့ သင့်ရဲ့ဝတ်စားဆင်ယင်ပုံက လူအများကြားမှာ ထင်းနေပြီး ဆွဲဆောင်မှုတိုးစေမှာဖြစ်ပါတယ်။
မိမိနေ့စဉ်ဝတ်တဲ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်တဲ့အပြင် နာမည်ကြီးမော်ဒယ်တွေရဲ့ဖက်ရှင်တွေကိုပါ သေချာလေ့လာပြီး ပြန်လည်အသုံးချဝတ်ဆင်တဲ့အခါ သင့်ရဲ့ဖက်ရှင်သည်လည်း အများက ငေးမောအားကျလောက်စရာ ဖက်ရှင်တစ်ခုဖြစ်လာမှာပါ။
သပ်သပ်ရပ်ရပ်နှင့် စမတ်ကျကျ ဝတ်ဆင်ချင်သူများအတွက် မှီငြမ်းပြီး စံနမူနာယူလို့ရမယ့် ဖက်ရှင်အချို့ကို ဝေမျှပေးလိုက်ရပါတယ်။
Source: Pinterest.com