ယနေ့ခေတ် စမတ်နာရီတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုအတွက် ကူညီပေးနိုင်တဲ့ နည်းပညာ အစိတ်အပိုင်းအဖြစ်သို့ လျင်မြန်စွာ ရောက်ရှိလာပါတယ်။ အချိန်ကြည့်ဖို့ တစ်ခုတည်းအတွက် မဟုတ်ဘဲ Voice Assistants၊ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုတို့အပြင် အစွမ်းထက် အာရုံခံကိရိယာများနှင့် ကျယ်ပြန့်သောအက်ပ်အစုံ ပါရှိပါတယ်။ ဒါ့အပြင် တတ်ကြွတဲ့ လူနေမှုပုံစံကို ပံ့ပိုးပေးနိုင်ပြီး လိုအပ်တဲ့ Apps များ၊ ကျန်းမာရေး ခြေရာခံစနစ် တို့ပါဝင်တာကြောင့် Workout လုပ်တဲ့ ကွီးတို့အတွက်လည်း စမတ်နာရီများ က တော်တော်လေး အသုံးဝင်ပါတယ်။ ဒီနေ့မှာတော့ ညိုကီတို့ လုံးဝအကြိုက်တွေ့စေမယ့် အကောင်းဆုံသော Smart Watches တွေ ကိုဖော်ပြပေးချင်ပါတယ်။

Apple Watch Ultra

Smart Watches တွေ

Photo : USA Today

iOS ကိုပဲ စွဲစွဲမြဲမြဲ အသုံးပြုတတ်တဲ့ ညိုကီတို့အတွက် Apple Watch Ultra ကတော့ တကယ်ကို အမိုက်စားရွေးချယ်မှုပါ။ Apple Watch Series 8 က အမိုက်စားစတိုင်လ်၊ ကြီးမားသော မျက်နှာပြင်နဲ့ အကြမ်းခံသော ဒီဇိုင်းတို့ကြောင့် အကြိုက်တွေ့မှာ အသေအချာပါပဲ။ ဒါ့အပြင် ပိုမိုထူးခြားသော အားကစားအင်္ဂါရပ်များလည်း ပါဝင်ပါတယ်။ ။ ၎င်းမှာ အဆင့်မြင့် ကျန်းမာရေး ခြေရာခံအာရုံခံကိရိယာများနှင့် တိကျသော GPS စနစ်ပါပြီး ဘက်ထရီကလည်း ကြာရှည်ခံပါတယ်။ ဒါမယ့် ကြီးမားတဲ့ Size တစ်မျိုးသာ ရရှိနိုင်တာကြောင့် လက်အနည်းငယ်သေးသူများအတွက် စဉ်းစားစရာပါပဲ။

Germin Venus 2 Plus

Smart Watches တွေ

Photo : Digital Trends

ဒီစမတ်နာရီရဲ့ ကောင်းမွန်တဲ့ ဒီဇိုင်းက ညိုကီတို့ လုံးဝအကြိုက်တွေ့စေမှာပါ။ သူ့မှာ သေသပ်တောက်ပတဲ့ AMOLED ထိတွေ့မျက်နှာပြင် ပါရှိပြီး ဘက်ထရီသက်တမ်းကလည်း ၉ ရက်အထိ ခံပါတယ်။ ၎င်းမှာ အိပ်စက်ခြင်း၊ စိတ်ဖိစီးမှုခြေရာခံခြင်း၊ နှလုံးခုန်နှုန်းတိုင်းတာခြင်း တို့အပြင် အောက်ဆီဂျင်တိုင်းတာတဲ့ အင်္ဂါရပ်များပါ ပါရှိပါတယ်။ မိုက်နဲ့ စပီကာပါ ထည့်သွင်းထားတဲ့အတွက် ကွီးတို့ လေ့ကျင့်ခန်းလုပ်နေစဉ် အသုံးပြုလို့ကောင်းတဲ့ စမတ်နာရီတစ်ခုပါပဲ။

Samsung Galaxy Watch 5 Pro

Smart Watches တွေ

Photo : Teach Advisor

Android ထဲမှာဆိုရင် Samsung ပဲ ကြိုက်တာဆိုတဲ့ ညိုကီတို့ရှိပါသလား။ ဒီ  Samsung Galaxy Watch 5 Pro မှာဆိုရင် ပိုကြီးသော ၄၅ မီလီမီတာ ဒိုင်ခွက်၊ ပြင်ပအင်္ဂါရပ်များနှင့် ပိုမိုကြာရှည်ခံသော တည်ဆောက်မှုတို့ဖြင့် ဖန်တီးထားပါတယ်။ ၎င်းက ထွက်ရှိပြီးတဲ့ Samsung Smart Watches ထက် ဘတ်ထရီသက်တမ်း ပိုမိုကောင်းမွန်လာပြီး  အားသွင်းမှု ပိုမိုမြန်ဆန်လာပါတယ်။ ဒါ့အပြင် ယုံကြည်စိတ်ချရသော နှလုံးခုန်နှုန်းကို စောင့်ကြည့်ခြင်း နဲ့ ခိုက်မာတိကျတဲ့ GPS စနစ်တို့လည်း ပါဝင်ပါတယ်။

Withings ScanWatch

Photo : Saga Expectional

ဒီစမတ်နာရီက အကောင်းဆုံး Hybrid Watch တစ်ခုဖြစ်ပြီး ကျန်းမာရေးအခြေခံခြင်းအတွက် အကောင်းဆုံး စမတ်နာရီတစ်ခုဆိုလည်း မမှားပါဘူး။ ကောင်းမွန်သောဒီဇိုင်းဖြင့် ထုတ်လုပ်ထားပြီး ပရီမီယံ ဂန္ထဝင်ဒီဇိုင်း က ညိုကီတို့ကို အကြိုက်တွေ့စေမှာပါ။ အသုံးပြုရလွယ်ကူပြီး ဘက်ထရီကလည်း ကြာရှည်ခံပါတယ်။ ဒါ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ၊ အိပ်စက်ခြင်းအတွက် ခြေရာခံပေးခြင်း စတဲ့အင်္ဂါရပ်တွေလည်း ပါဝင်ပါတယ်။ တစ်ခုရှိတာကတော့ သူ့ရဲ့ သေးငယ်တဲ့ မျက်နှာပြင်ကြောင့် စမတ်လုပ်ဆောင်ချက်တွေက ကန့်သတ်ချက်ရှိနေပါတယ်။

Xiaomi Mi Band 7

Photo : Andorid Central

ဈေးနှုန်းသက်သာပြီး ကြံ့ခိုင်တဲ့ Smart Watches ကို ရှာနေတယ်ဆိုရင်တော့ Xiaomi Mi Band 7 ရှိပါတယ်။ တောက်ပသော မျက်နှာပြင်နဲ့ ပေါ့ပေါ့ပါးပါး အားကစားသမားများအတွက် အသစ်သော Features များပါရှိပြီး တိကျသော နှလုံးခုန်နှုန်းကိုလည်း တိုင်းတာပေးပါတယ်။ သူ့ရဲ့ သက်သာသော ဈေးနှုန်းကလည်း ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်ထဲမှာ ပါဝင်ပါတယ်။

Fitbit Sense

Photo : DC Rainmaker

သက်တောင့်သက်သာနဲ့ နေ့တိုင်းဝတ်ဆင်ဖို့အတွက် စမတ်နာရီရှာနေတယ်ဆိုရင်တော့ ဒီ Fitbit Sense Smart Watch ရှိပါတယ်။ တောက်ပကြည်လင်သော AMOLED မျက်နှာပြင် ကိုတပ်ဆင်ထားပြီး Google Assistant နှင့် ဖုန်းခေါ်ဆိုမှုကို ပြုလုပ်နိုင်ပါတယ်။ သူ့ရဲ့ ဘက်ထရီသက်တမ်းကတော့ အံ့သြစရာကောင်းလောက်အောင် ၆ ရက်ထိ ခံတာကြောင့် တော်တော်လေး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ Fitbit Sense ရဲ့ နောက်ကျောမှာ အပိုအာရုံခံကိရိယာများပါရှိပြီး ECG၊ အရေပြားအပူချိန်နှင့် ပိုမိုအဆင့်မြင့်သော ကျန်းမာရေးတိုင်းတာမှုအချို့ကို ပံ့ပိုးပေးထားပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ညိုကီတို့ရဲ့ လိုအပ်ချက်အလိုက် စိတ်ကြိုက်ရွေးချယ်နိုင်မယ့် အကောင်းဆုံး Smart Watches တွေ ပဲဖြစ်ပါတယ်။

Source : Android Authority

Featured Photo : eBay