သင် ဝမ်းနည်းနေချိန်မှာ သင့်ကို ကူညီဖေးမသလိုလိုနဲ့ နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေ သင့်ပတ်ဝန်းကျင်မှာ အများအပြားရှိနေနိုင်ပါတယ်။ သူတို့က သင် အောင်မြင်နေချိန်မှာလည်း သင့်ရဲ့အောင်မြင်မှုကို မနာလိုပြီး သင့်ကို စောင်းမြောင်းပြောဆိုကာ နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်နေမှာပါ။

ထိုကဲ့သို့သော စိတ်ဓာတ်သိမ်ဖျင်းသောသူတွေကို ဘယ်လိုရင်ဆိုင်ရမလဲ။ ကိုယ့်အနေနဲ့ သူတို့ကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို သင် သိပါသလား။

ကိုယ့်ကို မနာလိုဝန်တိုစိတ်ရှိကာ စောင်းမြောင်းတိုက်ခိုက်သူတွေနဲ့ ကြုံတွေ့ရပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေကိုသာ ကျင့်သုံးလိုက်ပါ။

လျစ်လျူရှုထားပါ

depressed man

အကောင်းဆုံးနည်းလမ်းကတော့ သူတို့ဘာပြောပြော စိတ်ထဲ ထည့်မထားပါနဲ့။ ကိုယ်ပဲ စိတ်ပင်ပန်းရပြီး စိတ်ညစ်ရတတ်ပါတယ်။ သူတို့ကို မမြင်ရတဲ့လူအဖြစ်သူ သတ်မှတ်ထားပြီး သူတို့ဘာပြောပြော အဖက်မလုပ်ခြင်းအားဖြင့် အနိုင်ယူလိုက်ပါ။ သင် လုပ်စရာရှိတာကိုပဲ အာရုံစူးစိုက်ကာ လုပ်ဆောင်ပါ။

သူတို့ရဲ့စိတ်ဓာတ်သိမ်ဖျင်းမှုများ ကိုယ့်စီမကူးစက်လာပါစေနဲ့

man move away negativity

တစ်ခါတစ်လေမှာ အပူတွေက ကူးစက်တတ်ပါတယ်။ သင့်အိမ်မှာ သင့်မိသားစုဝင်တစ်ယောက်ယောက်က မနက်မိုးလင်းတာနဲ့ မြည်တွန်တောက်တီးနေမယ်ဆိုရင် သင် ဘယ်လိုခံစားရပါသလဲ။ စိတ်ပျော်ရွှင်ရမှာမဟုတ်ဘဲ စောစောစီးစီး စိတ်ညစ်ညူးမှာ အမှန်ပါပဲ။

သင့်ဘေးနားက တစ်ယောက်ယောက်က သင့်ကို ဝေဖန်တိုက်ခိုက်နေမယ်ဆိုရင်လည်း ထိုနည်းအတိုင်းပါပဲ။ သူ့ရဲ့စိတ်ဓာတ်များ သင့်ဆီ ကူးစက်လာပြီး သင်လည်း တခြားတစ်ယောက်ကို သင် ခံစားရတဲ့အတိုင်း ဝေဖန်မိနေပါလိမ့်မယ်။ ဒါ့ကြောင့် အခြားသူရဲ့စိတ်ဓာတ်ညံ့ဖျင်းမှုကို သင့်ဆီ မကူးစက်ပါစေနဲ့။

သူတို့ကို နားလည်ဖို့ မကြိုးစားပါနဲ့

colleagues meeting

သင်ကတော့ ရန်ကို ရန်ချင်းမတုန့်နှင်းနဲ့ ထိုသူနဲ့ ပြေလည်ဖို့ ကြိုးစားချင်စိတ်တွေ ပေါက်နေပါလိမ့်မယ်။ သူတို့မှာ သူတို့ခံစားချက်ကို နားလည်ပေးတတ်တဲ့သူတစ်ယောက် လိုကောင်းလိုပါလိမ့်မယ်။ သူတို့နဲ့ သင် မိတ်ဆွေဖွဲ့ချင်တယ်ဆိုလည်း ဖွဲ့ပါ။ ဒါပေမဲ့ သင့်အပေါ် ဝေဖန်တိုက်ခိုက်မှုတွေ လျော့သွားမယ်လို့တော့ မမျှော်လင့်လိုက်ပါနဲ့။

ပြုံးပါ

man smiling

Photo Source: Dupontdental.com

သင့်စိတ်ထဲက မပါလည်း ဟန်ဆောင်သာပြုံးပါ။ သူတို့ဘယ်လောက် တိုက်ခိုက်နေပါစေ သင် မမှုဘူးဆိုတာကို ပြသဖို့လိုပါတယ်။ အောင်မြင်ချင်တဲ့လူတစ်ယောက်အတွက် ဝေဖန်တိုက်ခိုက်မှုတွေ မကောင်းပြောဆို ခံရခြင်းတွေက အမြဲတမ်း ကြုံနေရမယ့်အရာပါ။ အဆိုးပြောခံရတာတွေကြောင့် စိတ်ညစ်မသွားပါနဲ့။ စိတ်အားငယ်မသွားပါနဲ့။ သင့်မှာ ဘာအပြစ်မှ မရှိတဲ့အတွက် သင့်ကိုယ်သင်လည်း အပြစ်တင်စရာမလိုပါဘူး။

ရင့်ကျက်မှုရှိပါ

successful and mature man

တစ်စုံတစ်ယောက်က သင့်ကို ကောင်းကောင်းမွန်မွန်မဆက်ဆံဘဲ ရုန့်ရင်းကြမ်းတမ်းစွာ ဆက်ဆံနေမယ်ဆိုရင် သူတို့မှာသာ တစ်စုံတစ်ခု ချို့ယွင်းနေတယ်လို့သာ သတ်မှတ်လိုက်ပါ။ သာမန်လူကောင်းတစ်ယောက်သည် အခြားသူတွေကို ရုန့်ရင်းကြမ်းတမ်းတဲ့စကားနဲ့ ပျက်စီးရာပျက်စီးကြောင်း ဘယ်တော့မှ တိုက်ခိုက်မှာမဟုတ်ပါဘူး။

တချို့တွေသည် အသက်က ကြီးလာသော်ငြားလည်း စိတ်ဓာတ်က လိုက်လံကြီးထွားမလာဘဲ စိတ်ဓာတ်သေးသိမ် ညံ့ဖျင်းနေဆဲပဲဖြစ်ပါတယ်။ ရင့်ကျက်မှုမရှိဘဲ လူတကာကို လိုက်လံကာ စိတ်ဒုက္ခပေးတတ်တဲ့ဗီဇက ပျောက်မသွားပါဘူး။ သူတစ်ပါး အောင်မြင်နေချိန်ဆို သူတို့က ပိုခံရခက်ပြီး ပိုစိတ်ဒုက္ခပေးတတ်ပါတယ်။ ဒါ့ကြောင့် သင့်ဘက်ကပဲ ရင့်ကျက်မှုရှိစွာ စိတ်သဘောထားကြီးစွာနဲ့ နားလည်ကာ သူတို့ရဲ့ဒေါသများ၊ ပူလောင်မှုများကို မိမိဆီ အဝင်မခံပါနဲ့။

Source: Powerofpositivity.com