ကြည့်လိုက်ရင် ရှင်းပြီး သန့်ပြန့်ချောမောတယ်လို့ မြင်စေမယ့် ဖက်ရှင်တွေထဲမှာ ရှပ်အဖြူဖက်ရှင်ဒီဇိုင်းတွေလည်း ပါနေပါတယ်။ Smart Casual ဝတ်စုံတွေမှာဆို ရှပ်အဖြူကို ချန်ထားလို့ မဖြစ်ပါဘူး။ ဒီတော့ ရှပ်အဖြူနဲ့ စတိုင်ကျအောင် ဝတ်လို့ရမယ့် Outfit အိုင်ဒီယာလေးတစ်ချို့ မျှဝေချင်ပါတယ်။

(၁) Ripped Jeans ဖက်ရှင်

Photo: lifestylebyps

ရှပ်အဖြူလက်ရှည်ကို အပြာဖျော့ ဂျင်းဘောင်းဘီဒူးပြဲနဲ့ ဝတ်မယ်ဆိုရင် လွတ်လပ်ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိမှာဖြစ်ပါတယ်။ အောက်မှာ ပေါ့ပါးတဲ့ Slip-ons ရှုးစ်တွေ စီးသင့်ပါတယ်။

(၂) Jean နက်နဲ့ Chelsea Boots

Photo: lifestylebyps

ရုံးမှာပဲ ဝတ်ဝတ် ၊ အစည်းအဝေးပဲ တက်တက် အဖြူရောင် ရှပ်လက်ရှည်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ပါ။ Chelsea Boots အညိုရင့်ရောင်နဲ့ အနက်ရောင် Jean ဟာ လူကို သပ်ရပ်ပြီး စမတ်ကျလာစေနိုင်ပါတယ်။

(၃) မီးခိုးရင့်ရောင် Pants နဲ့ အနက်ရောင် Loafers

Photo: lifestylebyps

Smart Casual စတိုင် ဝတ်ချင်တယ် ဆိုရင် ဒီဖက်ရှင်ကို ရွေးသင့်ပါတယ်။ မျက်စိအမြင်အေးစေမယ့် မီးခိုးရောင် Pants နဲ့ အနက်ရောင် Loafer နဲ့ ရှပ်လက်ရှည်အဖြူ ရွေးဝတ်မယ်ဆိုရင် လူအများကြားမှာ ထင်ရှားနေမှာပါ။

(၄) Black Jeans နဲ့ White Sneaker

Photo: lifestylebyps

လူအများနဲ့ မတူကွဲပြားချင်ရင် ဝတ်သင့်တဲ့ ဖက်ရှင် Outfit တစ်မျိုးပါ။ လူတွေကြားထဲမှာ ထင်ပေါ်စေမယ့် Black & White အတွဲအစပ်ဖြစ်ပြီး လူငယ်လည်း ဆန်လို့ ရွေးချယ်သင့်ပါတယ်။