Snapback ဆိုတာ ၁၉၅၀ ဝန်းကျင်မှာ အမေရိကန် ဘေ့စ်ဘောကစားသမားတွေ စတင်ဝတ်ဆင်ခဲ့တဲ့ ဦးထုပ် စတိုင်တစ်ခု ဖြစ်ပါတယ်။ ၉၀ ပြည့်လွန်နှစ်တွေမှာတော့ ဟစ်ဟော့ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖက်ရှင်ရေစီးကြောင်းပေါ်မှာ တော်တော်လေး လူကြိုက်များ ရေပန်း စားလာခဲ့ပါတယ်။ Snapback တွေဟာ နာမည်ကြီး လူငယ်ဂီတပညာရှင်တွေနဲ့ ကမ္ဘာတစ်ဝှမ်းက ဖက်ရှင်ချစ်သူတွေကြားမှာ လွှမ်းမိုးမှုများစွာရှိခဲ့ပြီး ဒီနေ့အထိ လူကြိုက်များ ဝတ်ဆင်နေကြဆဲပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ လူငယ်ဆန်ဆန်နဲ့ အထာကျချင်တဲ့ ဖက်ရှင်ချစ်သူတွေအတွက် Snapback တွေကို စတိုင် ကျအောင် ဝတ်လို့ရမယ့် နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) Snapback နဲ့ ရှပ်အင်္ကျီ


Photo : Dmarge

Snapback တွေကို ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျကျ ဝတ်ချင်တယ်ဆိုရင်တော့ ရှပ်အင်္ကျီ ၊ ချီနိုဘောင်းဘီ ၊  Sneakers တစ်ရံတို့နဲ့သာ တွဲဝတ်လိုက်ပါ။ ရိုးရှင်းပေမယ့် တကယ့်ကို ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိစေမယ့် Outfit စတိုင် တစ်ခု ဖြစ်ပါတယ်။

(၂) Snapback နဲ့ Bomber / လည်သာ ဂျတ်ကတ်


Photo : Dmarge

Snapback တွေကို Bomber ဂျတ်ကတ် ဒါမဟုတ် လည်သာ ဂျတ်ကတ်တွေနဲ့ စတိုင်အမိဆုံး ဝတ်လို့ရပါတယ်။ ဂျတ်ကတ်တွေနဲ့ တွဲဝတ်တဲ့အခါ အောက်ခံ T-shirt ကို Logo ပါတဲ့ T-shirt တွေ ၊ Graphit Tee တွေအစား ရိုးရှင်းတဲ့ Plain T-shirt တွေကို ရွေးချယ်တာက ကွီးတို့ရဲ့ ဖက်ရှင်အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းနဲ့ ပိုပြီး စတိုင်ကျစေမှာ ဖြစ်ပါတယ်။

(၃) Snapback နဲ့ အားကစားဖက်ရှင်


Photo : Dmarge

ကွီးတို့ရဲ့ အိုင်ဒေါကြီး David Beckham ကိုကြည့်လိုက်ရင် Activewear တွေဝတ်တဲ့အခါ Snapback အမြဲဆောင်းတာကို တွေ့ရပါလိမ့်မယ်။ Snapback နဲ့ Activewear ဖက်ရှင် အတွဲအစပ်ဟာဆိုရင် အားကစားလုပ်တဲ့ အချိန်မှာသာမက ဟိုနားဒီနား ထသွားထလာ ဖက်ရှင်တစ်ခုအနနဲ့ပါ တကယ့်ကို  ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိစေပြီး စတိုင်ကျကျ ဝတ်လို့ရမှာ ဖြစ်ပါတယ်။

(၄) Snapback နဲ့ Hoodies


Photo : Dmarge

Snapback နဲ့ Hoodies အတွဲအစပ်က လူငယ်တွေကြားမှာ အရမ်းကိုရေပန်းစားတဲ့ Streetwear ဖက်ရှင် စတိုင်တစ်ခု ဖြစ်ပါတယ်။ ပေါ့ပါးလွတ်လပ်ပြီး လူငယ်ဆန်တဲ့ ဖက်ရှင် Vibe ကို အပြည့်အဝရစေမှာ ဖြစ်ပါတယ်။ Snapback နဲ့ Hoodies ကို Jeans သို့မဟုတ် joggers ဘောင်းဘီတွေနဲ့ အထာကျကျ တွဲဝတ်လို့ ရပါတယ်။

Featured Photo : Onya Magazine