Realme China ရဲ့ ဥက္ကဌဖြစ်သူ Xu Qi Chase ကတော့ အသစ်ထွက်ရှိလာမယ့် Realme GT 5 စမတ်ဖုန်းနဲ့ ပတ်သတ်ပြီး Weibo မှာ သတင်းအချက်အလက် တချို့အရိပ်အမြိုက်ပြောလာခဲ့ပြီး ၎င်းစမတ်ဖုန်းအသစ်မှာ Snapdragon 8 Gen 2 Processor ပါဝင်လာမယ်ဆိုတာ သေချာသလောက် ရှိနေပါတယ်။

Realme GT 5

Photo : Gizmochina

Tipster Digital Chat Station ကအသစ်တင်ခဲ့တဲ့ Weibo ပို့စ်မှာလည်း Realme GT 5 စမတ်ဖုန်းမှာ Snapdragon 8 Gen 2 Processor ၊ 24GB RAM နဲ့ 240W Super-Fast Charging အားသွင်းစနစ်တွေ ပါဝင်လာမယ်လို့ ဆိုထားပါတယ်။ ဆက်လက်ပြီး GT 5 စမတ်ဖုန်းမှာ High-Frequency Dimming ထောက်ပံ့ပေးထားတဲ့ 1.5K Resolution OLED Display ကို တပ်ဆင်ပေးထားတယ်လို့လည်း ပြောထားပါတယ်။

လက်တလော ထွက်ပေါ်လာတဲ့ သတင်းတွေအရလည်း Realme GT 5 ဖုန်းမှာ 1.5K Resolution နဲ့ 144Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ ၆.၇၄ လက်မ OLED Panel တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးဖို့အတွက် အရှေ့ဘက်မှာ 16 Megapixel Front ကင်မရာ ၊ ကျောဘက်မှာတော့ OIS ထောက်ပံ့ပေးထားတဲ့ Sony IMX890 50 Megapixel Primary ကင်မရာကို 8 Megapixel Ultra-Wide ကင်မရာနဲ့ 2 Megapixel Macro ကင်မရာတို့ တွဲဖက်တပ်ဆင် ပေးထားတယ်လို့ ဆိုပါတယ်။

Snapdragon 8 Gen 2 ပါဝင်လာမယ့် Realme GT5 စမတ်ဖုန်းမှာ 16GB / 24GB LPDDR5x RAM ၊ 128GB / 256GB / 512GB / 1TB UFS 4.0 Storage အတွဲအစပ်နဲ့ လာမှာဖြစ်ပြီး ဘက်ထရီ အမျိုးအစား ၂ မျိုးနဲ့ ထုတ်လာမယ်လို့ သိရကာ ဘက်ထရီ တစ်ခုချင်းစီမှာ မတူညီတဲ့ အားသွင်းစွမ်းရည်တွေကို ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။ 4600 mAh ဘက်ထရီ ပါဝင်တဲ့ GT 5 ဗားရှင်းကတော့ 240W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားမှာဖြစ်ပြီး 5200mAh ဘက်ထရီ အမျိုးအစားပါဝင်တဲ့ နောက်ထပ် ဗားရှင်းတစ်ခုကတော့ 150W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။

Realme GT 5

Photo : GSMArena.com

Realme GT5 နဲ့ပတ်သတ်ပြီး အခုသိထားရသမျှ သတင်းအချက်အလက်တွေ အားလုံးဟာ Realme ကနေ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ မဟုတ်ပဲ Unofficial Info တွေသာ ဖြစ်ပါတယ်။ Realme ကုမ္ပဏီ အနေနဲ့တော့ Realme GT 5 ကြေညာမယ့် ရက်အတိအကျကို နှုတ်ဆိတ်နေဆဲဖြစ်ပြီး အခုလာမယ့် ဩဂုတ်လ အကုန်ပိုင်းလောက်မှ တရုတ်နိုင်ငံမှာ Realme GT5 စမတ်ဖုန်းကို ပွဲဦးထွက်မိတ်ဆက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Featured Photo : Gizmochina