လက်ရှိ ဖက်ရှင်ရေစီးကြောင်းထဲမှာတော့ လူငယ်ဆန်ပြီး အထာကျတဲ့ Snoafer တွေ တစ်နည်းအားဖြင့် Sneaker Loafers တွေ တော်တော်လေး ခေတ်ထလာပါတယ်။ Sneaker Loafers တွေရဲ့ ဒီဇိုင်းက Loafers လည်း အရမ်းကြီးမဆန် Sneaker Vibe လည်းရတဲ့ ပုံစံမျိုးပါ။ ကွီးတို့ ခေတ်နဲ့အညီ ဖက်ရှင်ကျချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် Sneaker Loafers တွေထဲက တစ်ရံလောက်တော့ ဝယ်ထားသင့်ပါတယ်။
(၁) New Balance 1906L
Photo : Man of Many
New Balance 1906L က လက်ရှိ စျေးကွက်ထဲမှာ တော်တော်လေး အဝယ်လိုက်ပြီး လူငယ်တွေကြား ဟစ်ဖြစ်နေတဲ့ Snoafer တစ်ရံပါ။ မကြာသေးခင်က Colourways အသစ်တွေလည်း ထပ်ထွက်ထားပါတယ်။ Semi-Formal Dress Code တစ်ခုအနေနဲ့ ဝတ်လို့ရသလို ပူပြင်းတဲ့ ရာသီဥတုမှာ Jeans ဘောင်းဘီ ဒါမှမဟုတ် ဘောင်းဘီတိုနဲ့ ပေါ့ပေါ့ပါးပါး ဝတ်လို့အဆင်ပြေပါတယ်။
(၂) Hoka Speed Loafer
Photo : Man of Many
Aggressive ဖြစ်တဲ့ ခပ်ကြမ်းကြမ်း ခပ်ဟော့ဟော့ စတိုင်နဲ့ ဝတ်ရတာ Comfortable အဖြစ်ဆုံး Snoafer လို့ပြောရင်တော့ Hoka Speed Loafer ကို ညွှန်းရမှာပါပဲ။ Speedgoat 5 Midsole နဲ့ Vibram Megagrip Outsole ကို ပေါင်းစပ်ထားပြီး Sneaker လည်းမကျ Loafers လည်းအရမ်းမဆန်တဲ့ ဆန်းသစ်တဲ့ အသွင်အပြင် ဒီဇိုင်းကို ဖန်တီးထားပါတယ်။ ဖိနပ်ရဲ့ ပုံစံကိုက ကြည့်လိုက်တာတဲ့ တော်တော်လေး Stylish ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဝတ်လို့ကောင်းပါတယ်။
(၃) Converse Chuck Taylor All-Star Loafer
Photo : Man of Many
Converse ဖန် ကွီးတို့ ရွေးချယ်သင့်တဲ့ Snoafer တစ်ရံ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အထာကျနေတဲ့ Look ကို ရစေမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်တွေဖြစ်တဲ့ Jeans ၊ Chino Pants နဲ့ vintage စတိုင် Band T-shirt တွေနဲ့ တွဲဝတ်နိုင်ပြီး အားလပ်ရက် အပြင်ထွက်တဲ့အခါ ဒါမှမဟုတ် ညနေခင်း ဘားထိုင် ၊ ပွဲတက် အချိန်တွေမှာ ဝတ်လို့အသင့်တော်ဆုံး ဖြစ်ပါတယ်။
(၄) Clarks Wallabee Loafer
Photo : Man of Many
Clarks Wallabee Loafer ကတော့ သူ့ရဲ့ Hybrid Smart Casual စတိုင်ကြောင့် နာမည်ကြီးတဲ့ Snoafer တစ်ရံ ဖြစ်ပါတယ်။ Premium ဆန်တဲ့ Maple Suede Upper ၊ Smooth ဖြစ်တဲ့ Crepe Midsole နဲ့ Natural Rubber Pebble Crepe Sole တွေပါလို့ ဖိနပ်ရဲ့ ဒီဇိုင်းအသွင်က တော်တော်လေးကို ထူးခြားသွားပြီး ထင်မထားလောက်အောင် စီးရတာ သက်တောင့်သက်သာ ရှိစေပါတယ်။ ဒီဖိနပ်က ကွီးတို့ Smart-Casual Outfits တွေနဲ့ တွဲဝတ်မယ်ဆို တော်တော်လေး အထာကျကျ မိမိုက်နေမှာ သေချာပါတယ်။
Source : Man of Many
Featured Photo : Man of Many