ကွီးတို့ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ တစ်ယောက်တည်း Solo ခရီးထွက် သင့်ပါတယ်။ တစ်ယောက်တည်း ခရီးထွက်ခြင်းအားဖြင့် ဘာနဲ့မှမတူတဲ့ အတွေ့အကြုံအသစ်၊ ခံစားချက်အသစ်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်း Solo ခရီးထွက် တာမို့လို့ ဘေးကင်းစိတ်ချရပြီး လုံခြုံတဲ့ နေရာများသို့သာ သွားလာသင့်ပါတယ်။

ဘေးကင်းလုံခြုံပြီး တစ်ယောက်တည်းလည်း စိတ်လွတ်လက်လွတ် သွားနိုင်တဲ့ နေရာဒေသများကတော့…

San Diego

San Diego

San Diego မြို့မှာ လည်ပတ်လို့ရတဲ့ နေရာတွေ အများကြီးရှိတာမို့လို့ တစ်ယောက်တည်း ခရီးသွားသူများကြားမှာ ရေပန်းစားပါတယ်။ တကယ်လို့ ကွီးတို့က ကမ်းခြေမှာ နေပူဆာလှုံရတာ သဘောကျတယ်ဆိုရင်တော့ ပစိဖိတ်ကမ်းခြေ တစ်လျှောက်မှာ အပန်းဖြေနိုင်ပြီး ရေလွှာလျှောစီးခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ပင်လယ်ဖျံများကိုလည်း အနီးကပ် တွေ့မြင်နိုင်ပါသေးတယ်။

ရောမမြို့

ရောမမြို့

ကွီးတို့က ရောမမြို့ကို သွားလည်ချင်ပေမယ့် အီတလီစကား မတတ်လို့ သွားမလည်ရတာမျိုး ဖြစ်မနေပါနဲ့။ အီတလီလူမျိုးများသည် ဖော်ရွေပျူငှာပြီး နွေးထွေးကြပါတယ်။ ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်ပါကလည်း အင်္ဂလိပ်လို ကြိုးစားပြောကြပါတယ်။ ရောမမြို့မှာ သမိုင်းဝင် ဗီသုကာ လက်ရာများ တည်ရှိပြီး ဘတ်စ်ကားကတော့ အလွယ်ကူဆုံးနဲ့ သက်သောင့်သက်သာအရှိဆုံး သွားလာလည်ပတ်နည်းပဲ ဖြစ်ပါတယ်။

ကယ်ရိုလိုင်းနား မြောက်ပိုင်းရှိ Asheville မြို့

Solo ခရီးထွက်

ဒီမြို့လေးကတော့ တောင်ပေါ်မြို့လေးတစ်မြို့ပဲ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသတွေကို နှစ်သက်ပြီး အေးအေးချမ်းချမ်း နေထိုင်ချင်တဲ့ ကွီးတို့ တစ်ခါ တစ်ခေါက်လောက် သွားလည်သင့်ပါတယ်။ တောင်တက်ခြင်း၊ စက်ဘီး စီးခြင်းတို့ကိုလည်း ပြုလုပ်နိုင်သလို ပန်းခင်းများကြား ဓာတ်ပုံရိုက်ချင်ရင်လည်း ရိုက်လို့ရပါတယ်။ ဒါ့အပြင် ဈေးသက်သာတဲ့ တည်းခိုခန်းများလည်း ရှိသလို ဇိမ်ခံ ဟိုတယ်များလည်း ရှိတာကြောင့် ကွီးတို့ ကြိုက်နှစ်သက်တဲ့ နေရာမှာ တည်းခိုနိုင်ပါတယ်။

အီတလီရှိ Tuscany မြို့

Solo ခရီးထွက်

ကျေးလက်ဒေသ အငွေ့အသက်လေးကို ရရှိခံစားချင်တယ်ဆိုရင် ဒီနေရာလေးဆီသို့ ခြေဦးလှည့်သင့်ပါတယ်။ လှပတဲ့ ရှုမျှော်ခင်းများကို မျက်စိတစ်ဆုံး တွေ့မြင်နိုင်ပြီး ကွီးတို့ရဲ့ အမြင်အာရုံကို အဆုံးအထိ ညှို့ယူဖမ်းစားထားမှာပဲ ဖြစ်ပါတယ်။ တစ်ကိုယ်တည်း ခရီးသွားရင်း သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပကို ကြည့်ရှုခံစားနိုင်ပါတယ်။

စပိန်နိုင်ငံရှိ Seville မြို့

Solo ခရီးထွက်

ဒီမြို့လေးရဲ့ အကောင်းဆုံး သယ်ယူပို့ဆောင်ရေးကတော့ ဘတ်စ်နှင့် ရထားလိုင်းပဲ ဖြစ်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို သွားလာရ လွယ်ကူအောင် ပြုလုပ်ပေးထားတာဖြစ်ပြီး ပန်းခြံမှာပဲ အနားယူချင်သလား၊ အထင်ကရာ အဆောက်အဦးများထဲမှာပဲ​ ဝင်ရောက် လေ့လာချင်သလား၊ ကွီးတို့ စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။ နေဝင်သွားတဲ့အခါမှာလည်း Nightlife ကို စိတ်အေးချမ်းသာစွာနဲ့ ခံစားနိုင်ပါတယ်။​

ဗီယက်နမ်

Solo ခရီးထွက်

အာရှတစ်ဝိုက်မှာပဲ ခရီးသွားလာချင်တယ်ဆိုရင်တော့ ဗီယက်နမ်နိုင်ငံဆီသို့ သွားရောက်သင့်ပါတယ်။ ရင်းနှီးပျူငှာတဲ့ ဒေသခံများလည်း ရှိတဲ့အပြင် ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာအစားအစာများ၊​ ဟင်းလျာများကလည်း နာမည်ကြီးပါပဲ။ ဟိုချီမင်းမြို့ထဲမှာ လည်ပတ်ဖြစ်တယ် ဆိုရင်တော့ သူ့ရဲ့ ပြတိုက်များ၊ စေတီနှင့် ဘုရား ပုထိုးများဆီလည်း သွားရောက်သင့်ပါတယ်။​

ကွီးတို့ရော တစ်ကိုယ်တည်း Solo ခရီးထွက် ဖို့အတွက် ဘယ်နေရာတွေကို သွားမယ်လို့ စဥ်းစားထားပါသလဲ။

Source: Travel.usnews

Featured Image: Freepik