တစ်ယောက်တည်း Solo ချစ်တင်းနှော ခြင်း ဆိုတာကတော့ တစ်ယောက်တည်းပေမယ့် ကိုယ့်ရဲ့ သာယာကြည်နူးမှုကို ကိုယ်ကိုယ်တိုင် ရှာဖွေခြင်းကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် တစ်ကိုယ်ရည် အာသာဖြေခြင်းပေါ့။ တစ်ချို့ကလည်း လူကြီး အရုပ်တွေ အသုံးပြုကာ သူတို့ရဲ့ ခံစားချက်ကို အထွတ်အထိပ် ရောက်အောင် ဖန်တီးကြပါတယ်။ တကယ်လို့ ကွီးတို့လည်း တစ်ယောက်တည်း Solo ချစ်တင်းနှော ခြင်းကို ကျင့်သုံးတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။
ကွီးတို့ရဲ့ လူ့သက်တမ်းကို ပိုရှည်စေနိုင်တယ်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ တုန်းက အမျိုးသားပေါင်း အယောက် ၁၀၀၀ ခန့်ကို သုတေသန ပြုတဲ့ စစ်တမ်းများအရ တစ်ပတ်လျှင် နှစ်ကြိမ် (သို့) နှစ်ကြိမ်ထက် ပိုပြီး ပြီးမြောက်တဲ့ ခံစားချက်မျိုး ခံစားရတဲ့ အမျိုးသားတွေသည် တစ်လကြာမှ တစ်ကြိမ်လောက် ပြီးမြောက်တဲ့ ခံစားချက်မျိုးကို ခံစားရတဲ့ အမျိုးသားတွေထက် အသက်ပိုရှည်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ကွီးတို့လည်း အသက်ကလေးရယ်တဲ့ ရှည်စေလိုရင် ဘာလုပ်ရမလဲဆိုတာ သိကြတယ်ဟုတ်။
ကွီးတို့ရဲ့ စိတ်ဖိစီးစရာများကို လျော့ချပေးခြင်း
တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုတာ ကွီးတို့ ရှော်တီလေးနဲ့ နှစ်ကိုယ်တူ ချစ်တင်းနှောသလိုပဲ စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းများ အများအပြား လွှတ်ထုတ်ပေးနိုင်ပါတယ်။ Oxytocin လို့ခေါ်တဲ့ အချစ် ဟော်မုန်းနဲ့ Serotonin လို့ ခေါ်တဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းများသည် ကွီးတို့ရဲ့ စိတ်ဖိစီးစရာများ စိတ်ပူပန်စရာများကို ပြေလျော့ပေးနိုင်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။
ကွီးတို့ရဲ့ အသားအရေ အလှအပကို ပိုမိုကောင်းမွန်လာစေခြင်း
ပြီးမြောက်တဲ့ ခံစားချက်ရရှိဖို့အတွက် ခန္ဓာကိုယ်အနှံ့က သွေးတွေက လှည့်ပတ်စီးဆင်းပေးဖို့ လိုအပ်ပါတယ်။ သွေးကြောများ ပွင့်သွားပြီး သွေးလှည့်ပတ် စီးဆင်းမှု ရှိတဲ့အခါမှာတော့ ကွီးတို့ရဲ့ အသားအရေကလည်း ညစ်ထေးထေးကြိး ဖြစ်နေတော့မှာ မဟုတ်ဘဲ အသားအရေ ကြည်လင်လာကာ ချောမော ခန့်ညားလာမှာ အမှန်ပါပဲ။
ဒီလို ကောင်းကျိုးတွေလည်း ရှိသလို သတိထားရမယ့် အချက် (၂) ချက်လည်း ရှိပါသေးတယ်။ ထိုအချက်တွေက ဘာတွေ ဖြစ်မလဲ…
ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် ပြုလုပ်မိခြင်း
အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း ဆိုသလိုပေါ့။ ကွီးတို့ တစ်ကိုယ်တည်း အာသာဖြေတဲ့အချိန်မှာ အားအရမ်း စိုက်ထုတ်ပြီး ခပ်ကြမ်းကြမ်း ပြုလုပ်မိမယ်ဆိုရင် ကွီးတို့ ညီလေးအတွက် နာကျင်မှုတွေ ဖြစ်ပေါ် စေနိုင်ပါတယ်။ တကယ်လို့ ကွီးတို့ ခန္ဓာကိုယ်က ထုံကျဥ်တာမျိုး ခံစားရတဲ့အခါ၊ ယားယံမှုများ ခံစားရတဲ့အခါ၊ နာကျင် ရောင်ရမ်းခြင်းတို့ကိ ခံစားရတဲ့အခါ တစ်ယောက်တည်း Solo ချစ်တင်းနှော ခြင်းကို ခဏလောက် ရပ်တန့်ထားဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင်တော့ ဒဏ်ဖြစ်သွားနိုင်ပြီး ကွီးတို့ ညီလေးအတွက် အန္တရာယ် ရှိနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့ကာ သိမ်ငယ်စိတ် ဝင်လာခြင်း
ကျွန်တော်တို့ နိုင်ငံက ဘာသာရေး ယဥ်ကျေးမှု ထုံးတမ်းအစဥ်အလာ ကြွယ်ပြောတဲ့ နိုင်ငံ ဖြစ်တဲ့အားလျော်စွာ တစ်ခုခု ပြုလုပ်တော့မယ်ဆိုရင် ဘာသာတရားနဲ့ လူသားများကို ချုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအကြောင်း၊ လူသားတွေရဲ့ သဘာဝ လိုအင်ဆန္ဒတွေအကြောင်းကို မျက်စိ စုံမှိတ်ထားတဲ့ လူတွေကတော့ ဒီလိုမျိုး တစ်ကိုယ်ရည် အာသာဖြေခြင်းကို နှာခေါင်းရှုံ့တတ်ကြပါတယ်။ ကွီးတို့ရဲ့ စိတ်ထဲမှာ သွေးသားက တောင့်တတဲ့ ဆန္ဒနဲ့ ဘာသာရေး ထိန်းချုပ်မှုတို့အကြား ပိတ်မိနေသလို ခံစားရတဲ့အခါမှာတော့ ကိုယ့် လုပ်ရပ်ကိုယ် သိမ်ငယ်ပြီး ရှက်ကြောက်တဲ့ စိတ်တွေ ဝင်လာတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်လာတဲ့အခါ ကျွမ်းကျင်ပညာရှင်များ၊ လိင်မှုဘဝ ပညာရေး အဖွဲ့အစည်းများနဲ့ တိုင်ပင်ကာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ပြန်လည် ကုစားဖို့ လိုအပ်လာပါပြီ။ ဒါ့ကြောင့် ဘယ်အရာမဆို တစ်ဖက်စွန်း မရောက်ဖို့ပဲ လိုအပ်ပါတယ်။ မဇ္စျိမ ပဋိပဒါ အလယ် အလတ်လမ်းစဥ်ကိုသာ ကျင့်သုံးတာ အကောင်းဆုံးပါပဲ။
ကွီးတို့ရော တစ်ယောက်တည်း Solo ချစ်တင်းနှော ခြင်းအပေါ် ဘယ်လိုမျိုး အကြံပေးချင်ပါသလဲ။
Source: Menshealth.com
Featured Image: Healthline