အုိေလဂန္နာဆုိးလ္ရွားကုိေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ပရိသတ္ေတြေရာ တျခားေတြ ေဘာလုံးပရိသတ္ေတြကပါ ထင္ျမင္ယူဆထားတဲ႔အတိုင္း ေနာက္ဆုံးမွာေတာ့ ယူႏုိက္တက္ရဲ႕ အၿမဲတမ္းနည္းျပအျဖစ္နဲ႔ တရားဝင္ခန္႔အပ္သြားခဲ႔ၿပီျဖစ္ပါတယ္။ ယူႏုိက္တက္အသင္းဟာ ဆုိးလ္ရွားကုိ သူတုိ႔အသင္းရဲ႕ အၿမဲတမ္းနည္းျပတစ္ေယာက္အျဖစ္ ၃ ႏွစ္စာခ်ဳပ္နဲ႔ ခန္႔အပ္သြားခဲ႔တာျဖစ္ၿပီး ယူႏုိက္တက္နည္းျပျဖစ္ဖုိ႔ ေမွ်ာ္လင့္ေနရတဲ႔ ဆုိးလ္ရွားရဲ႕ အိမ္မက္ေတြဟာလည္း အခုအခါမွာ အမွန္တကယ္ ျဖစ္လာခဲ႔ရပါၿပီျဖစ္ပါတယ္။

Photo Credit : BBC

ယူႏုိက္တက္ဟာ ဆုိးလ္ရွားကုိ အၿမဲတမ္းနည္းျပရာထူး ခန္႔အပ္ၿပီးေနာက္မွာ တစ္ႏွစ္ကုိ ေပါင္ ၇ သန္း ေပးေခ်သြားမွာျဖစ္ၿပီး ဒီပမာဏဟာ နည္းျပေဟာင္း ဟုိေဆးေမာ္ရင္ဟုိ ရရွိခဲ႔တဲ႔ ေပါင္ ၁၈ သန္းနဲ႔ ႏႈိင္းယွဥ္မယ္ဆုိရင္ေတာ့ ေတာ္ေတာ္ေလးကို နည္းပါးေနပါတယ္။ ဒါေပမယ့္လည္း ေငြေၾကးပုိင္းထက္ အသင္းကုိ ခ်စ္ခင္စိတ္နဲ႔ သူအၿမဲတမ္းလုိခ်င္ေနတဲ႔ ရာထူးတစ္ခုကုိ ရရွိလိုက္ရတာနဲ႔တင္ ဆုိးလ္ရွားအတြက္ အေပ်ာ္ႀကီးေပ်ာ္ေနမွာ ေသခ်ာပါတယ္။ ယူႏုိက္တက္အသင္းဟာ အခုလုိ ဆုိးလ္ရွားကို နည္းျပအျဖစ္ ခန္႔အပ္ဖုိ႔အတြက္ ဆုိးလ္ရွားရဲ႕ ကလပ္ေဟာင္းျဖစ္တဲ႔ ေနာ္ေဝးကလပ္အသင္း မုိလ္ဒီကုိ ေပါင္ ၇ သန္း ေပးေခ်ခဲ႔ပါေသးတယ္။

Photo Credit : Sky Sports

ဆုိးလ္ရွားဟာ ၿပီးခဲ႔တဲ႔ႏွစ္ ဒီဇင္ဘာလ ၁၉ရက္ေန႔မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ယာယီနည္းျပအျဖစ္ စတင္ခန္႔အပ္ခံရတာျဖစ္ၿပီးေတာ့ သူရဲ႕ ယူႏုိက္တက္နည္းျပဘဝ ပထမဦးဆုံးပြဲမွာပဲ သူယခင္ကုိင္တြယ္ခဲ့ဖူးတဲ႔ ကာဒစ္စီးတီးအသင္းကုိ ၅ ဂုိး ၁ ဂုိးနဲ႔ အႏုိင္ယူခဲ႔ပါတယ္။ ဒီပြဲမွာ သြင္းဂုိး ၅ ဂုိး သြင္းယူႏုိင္ခဲ႔ျခင္းဟာ ယူႏုိက္တက္ရဲ႕ ဂႏၱဝင္နည္းျပေဟာင္း ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ ႏႈတ္ဆက္ပြဲေနာက္ပုိင္း ပထမဆုံးအႀကိမ္အျဖစ္ ဂုိး ၅ ဂုိး သြင္းယူႏုိင္တဲ႔ ပထမဆုံးပြဲျဖစ္ခဲ႔ပါတယ္။

Photo Credit : Sky Sports

ဆုိးလ္ရွားဟာ လက္ရွိအခ်ိန္အထိ ယူႏုိက္တက္အတြက္ ပြဲေပါင္း ၁၉ ပြဲ ကုိင္တြယ္ခဲ႔ရာမွာ ၁၄ ပြဲအထိကုိ အႏုိင္ရခဲ႔ၿပီးေတာ့ ၂ ပြဲသေရက်ကာ ၃ ပြဲရွုံးနိမ့္ထားခဲ႔ပါတယ္။ ဒါေၾကာင့္ ဆုိးလ္ရွားရဲ႕ ႏုိင္ပြဲရာခုိင္ႏႈန္းဟာဆုိရင္ ၇၄% ေလာက္အထိကုိ ရွိလုိ႔ေနပါတယ္။  ေနာက္ၿပီး ပြဲေပါင္း ၁၉ ပြဲအတြင္းမွာ သြင္းဂုိးက ၄၀ အထိေတာင္ မ်ားစြာရရွိခဲ႔ၿပီးေတာ့ ေပးဂုိးကလည္း ၁၇ ဂုိးပဲ ရွိခဲ႔ပါတယ္။ ဒါေပမယ့္ ဆုိးလ္ရွားဟာ ႏုိင္ငံတကာပြဲေတြမတုိင္ခင္မွာ ၂ ပြဲဆက္ရွုံးနိမ့္ထားခဲ့ရလုိ႔ လာမယ့္ပြဲေတြမွာ ဂရုတစုိက္ကစားဖုိ႔ လုိအပ္ေနခဲ႔ၿပီပဲျဖစ္ပါတယ္။

(Unicode)

အိုလေဂန်နာဆိုးလ်ရှားကိုတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေရော တခြားတွေ ဘောလုံးပရိသတ်တွေကပါ ထင်မြင်ယူဆထားတဲ့အတိုင်း နောက်ဆုံးမှာတော့ ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြအဖြစ်နဲ့ တရားဝင်ခန့်အပ်သွားခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို သူတို့အသင်းရဲ့ အမြဲတမ်းနည်းပြတစ်ယောက်အဖြစ် ၃နှစ်စာချုပ်နဲ့ ခန့်အပ်သွားခဲ့တာဖြစ်ပြီး ယူနိုက်တက်နည်းပြဖြစ်ဖို့ မျှော်လင့်နေရတဲ့ ဆိုးလ်ရှားရဲ့ အိမ်မက်တွေဟာလည်း အခုအခါမှာ အမှန်တကယ် ဖြစ်လာခဲ့ရပါပြီဖြစ်ပါတယ်။

Photo Credit : BBC

ယူနိုက်တက်ဟာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြရာထူး ခန့်အပ်ပြီးနောက်မှာ တစ်နှစ်ကို ပေါင်ရသန်း ပေးချေသွားမှာဖြစ်ပြီး ဒီပမာဏဟာ နည်းပြဟောင်း ဟိုဆေးမော်ရင်ဟို ရရှိခဲ့တဲ့ ပေါင်၁၈သန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ တော်တော်လေးကို နည်းပါးနေပါတယ်။ ဒါပေမယ့်လည်း ငွေကြေးပိုင်းထက် အသင်းကို ချစ်ခင်စိတ်နဲ့ သူအမြဲတမ်းလိုချင်နေတဲ့ ရာထူးတစ်ခုကို ရရှိလိုက်ရတာနဲ့တင် ဆိုးလ်ရှားအတွက် အပျော်ကြီးပျော်နေမှာ သေချာပါတယ်။ ယူနိုက်တက်အသင်းဟာ အခုလို ဆိုးလ်ရှားကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် ဆိုးလ်ရှားရဲ့ ကလပ်ဟောင်းဖြစ်တဲ့ နော်ဝေးကလပ်အသင်း မိုလ်ဒီကို ပေါင်ရသန်း ပေးချေခဲ့ပါသေးတယ်။

Photo Credit : Sky Sports

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၉ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် စတင်ခန့်အပ်ခံရတာဖြစ်ပြီးတော့ သူရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဦးဆုံးပွဲမှာပဲ သူယခင်ကိုင်တွယ်ခဲ့ဖူးတဲ့ ကာဒစ်စီးတီးအသင်းကို ၅ဂိုး၁ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ သွင်းဂိုး၅ဂိုး သွင်းယူနိုင်ခဲ့ခြင်းဟာ ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နှုတ်ဆက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂိုး၅ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံးပွဲဖြစ်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဆိုးလ်ရှားဟာ လက်ရှိအချိန်အထိ ယူနိုက်တက်အတွက် ပွဲပေါင်း၁၉ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၄ပွဲအထိကို အနိုင်ရခဲ့ပြီးတော့ ၂ပွဲသရေကျကာ ၃ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါကြောင့် ဆိုးလ်ရှားရဲ့ နိုင်ပွဲရာခိုင်နှုန်းဟာဆိုရင် ရ၄%လောက်အထိကို ရှိလို့နေပါတယ်။ နောက်ပြီး ပွဲပေါင်း၁၉ပွဲအတွင်းမှာ သွင်းဂိုးက ၄၀အထိတောင် များစွာရရှိခဲ့ပြီးတော့ ပေးဂိုးကလည်း ၁၇ဂိုးပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားဟာ နိုင်ငံတကာပွဲတွေမတိုင်ခင်မှာ ၂ပွဲဆက်ရှုံးနိမ့်ထားခဲ့ရလို့ လာမယ့်ပွဲတွေမှာ ဂရုတစိုက်ကစားဖို့ လိုအပ်နေခဲ့ပြီပဲဖြစ်ပါတယ်။