ယူႏုိက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ ဆုိးလ္ရွားက လာမယ့္ ေႏြရာသီ အေျပာင္းအေရႊ႕မွာ အသင္းအေနနဲ႔ နာမည္ႀကီးကစားသမားမ်ားကို ေငြေၾကး အလံုးအရင္း အသံုးျပဳၿပီး ေခၚယူသြားမွာ မဟုတ္ေၾကာင္း သတိေပးေျပာၾကားသြားခ့ဲပါတယ္။ ဖာဂူဆန္ေခတ္လြန္ ယူႏုိက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ အေျခအေနဆိုးမ်ားနဲ႔ ရင္ဆုိင္ေနရဆဲဲျဖစ္ၿပီး လာမယ့္ ေႏြရာသီအေျပာင္းအေရႊ႕မွာေတာ့ အသင္းကို အႀကီးစား ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္သြားရန္ ျပင္ဆင္ေနေၾကာင္း သတင္းမ်ားက ေဖာ္ျပလ်က္ရွိပါတယ္။

Photo Credit : Daily Star

လက္ရွိ ယူႏိုက္တက္အသင္းမွာ လစာအမ်ားဆံုးရ ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရတ့ဲ ဆန္းခ်က္ဇ္က တစ္လကုိ ေပါင္ (၂) သန္းအထိ ရရွိေနေပမယ့္ အသင္းအတြက္ ေျခစြမ္းျပ ကစားႏုိင္ျခင္း မရွိသလုိ ေပါ့ဘာ ၊ လူကာကူ၊ ဖရက္ဒ္တို႔လို အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားေတြကလည္း လက္ရွိအခ်ိန္မွာ အသင္းအတြက္ အေကာင္းဆံုး ပုံစံျပသထားႏုိင္ျခင္းမရွိတာလည္း ျဖစ္ပါတယ္။ ယူႏုိက္တက္အသင္းဟာ လာမယ့္ေႏြရာသီမွာ ေပါ့ဘာ၊ ဆန္းခ်က္ဇ္၊ လူကာကူ၊ ရပ္ရွ္ဖို႔ဒ္၊ ရိုဟို၊ ဒီဂီယာတို႔ကို ေရာင္းခ်ၿပီး အသင္းကို အျခားေသာ နာမည္ႀကီး ကစားသမားမ်ားနဲ႔ အႀကီးစားျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္သြားလိမ့္မယ္လို႔ သတင္းမ်ားက ေဖာ္ျပခ့ဲၾကေပမယ့္ ဆုိးလ္ရွားကေတာ့ ျငင္းဆန္ ေျပာၾကားသြားခ့ဲတာလည္း ျဖစ္ပါတယ္။

Photo Credit : Goal.com

ဆုိးလ္ရွားက “နာမည္ႀကီး ကစားသမားေတြကုိ လက္ရွိအခ်ိန္မွာ ေခၚယူဖုိ႔က ခက္ခဲေနပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ ကြ်န္ေတာ္တုိ႔က မ်ားျပာတ့ဲ ေငြေၾကးေတြကုိ အသံုးျပဳၿပီးျဖစ္ေနပါတယ္။ အရိုးသားဆံုး ေျပာရရင္ (၂၀) ရာခိုင္ႏႈန္းေလာက္ ပုိေပးလုိ႔ အသင္းကို ေရာက္လာမယ့္ ဒီလိုကစားသမားေတြက ကြ်န္ေတာ္တိုိ႔ လုိအပ္တ့ဲ ကစားသမားေတြ မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ အသင္းအတြက္ မွန္ကန္တ့ဲ စိတ္ေနစိတ္ထား၊ သင့္ေတာ္တ့ဲ အရည္အေသြးေတြရွိတ့ဲ ကစားသမားေတြကိုပဲ လုိအပ္ပါတယ္။ ကြ်န္ေတာ့္ ဘဝတစ္ေလွ်ာက္ လူပီသတ့ဲ၊ သူမ်ားေတြကို ဦးေဆာင္ေမာင္းႏွင္ႏိုင္တ့ဲ၊ ေနာက္ဆံုးက်ရင္ ေအာင္ျမင္မႈေတြကို ရယူႏုိင္တ့ဲ လူေတြကိုပဲ ယံုၾကည္ခ့ဲပါတယ္။ ကြ်န္ေတာ့္အေပၚမွာ လူသားတစ္ေယာက္အေနနဲ႔ျပန္ၿပီး အက်ိဳးျပဳႏုိင္မယ့္ ကစားသမားကိုပဲ ကြ်န္ေတာ္ လိုအပ္ပါတယ္။”

Photo Credit : Sky Sports

“ကြ်န္ေတာ္တို႔က ေငြေၾကး အမ်ားႀကီး မရင္းႏွီးရေသးဘူးလို႔ ခင္ဗ်ားတုိ႔ ေျပာလုိ႔မရပါဘူး။ အသင္းတာဝန္ရွိသူေတြက အမ်ားႀကီး ရင္းႏွီးျမွဳပ္ႏွံခ့ဲၿပီးပါၿပီ။ ကြ်န္ေတာ္တို႔ အစည္းအေဝးေတြ အမ်ားႀကီးထိုင္တယ္။ ဒါနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ အမ်ားႀကီး လုပ္ခ့ဲၾကၿပီး ကြ်န္ေတာ္တို႔ရဲ႕ လမ္းေၾကာင္းမွန္ေပၚ ျပန္သြားဖုိ႔ လုပ္ေနပါတယ္။ ဒါေပမယ့္ ဒါက ေန႔ခ်င္း ညခ်င္းမွာ မျဖစ္လာႏိုင္သလုိ အေျပာင္းအေရႊ႕ရာသီတစ္ခုတည္းမွာပဲ ကစားသမား (၁၀) ေယာက္ေလာက္ကုိ ေျပာင္းလဲပစ္လို႔မရပါဘူး။” ဟု ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲေၾကာင္း သိရွိရပါတယ္။

(Unicode)

ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းအနေနဲ့ နာမည်ကြီးကစားသမားများကို ငွေကြေး အလုံးအရင်း အသုံးပြုပြီး ခေါ်ယူသွားမှာ မဟုတ်ကြောင်း သတိပေးပြောကြားသွားခဲ့ပါတယ်။ ဖာဂူဆန်ခေတ်လွန် ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အခြေအနေဆိုးများနဲ့ ရင်ဆိုင်နေရဆဲဲဖြစ်ပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့မှာတော့ အသင်းကို အကြီးစား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် ပြင်ဆင်နေကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။

Photo Credit : Daily Star

လက်ရှိ ယူနိုက်တ်အသင်းမှာ လစာအများဆုံးရ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဆန်းချက်ဇ်က တစ်လကို ပေါင် (၂) သန်းအထိ ရရှိနေပေမယ့် အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိသလို ပေါ့ဘာ ၊ လူကာကူ၊ ဖရက်ဒ်တို့လို အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကလည်း လက်ရှိအချိန်မှာ အသင်းအတွက် အကောင်းဆုံး ပုံစံပြသထားနိုင်ခြင်းမရှိတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ပေါ့ဘာ၊ ဆန်းချက်ဇ်၊ လူကာကူ၊ ရပ်ရှ်ဖို့ဒ်၊ ရိုဟို၊ ဒီဂီယာတို့ကို ရောင်းချပြီး အသင်းကို အခြားသော နာမည်ကြီး ကစားသမားများနဲ့ အကြီးစားပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားလိမ့်မယ်လို့ သတင်းများက ဖော်ပြခဲ့ကြပေမယ့် ဆိုးလ်ရှားကတော့ ငြင်းဆန် ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Goal.com

ဆိုးလ်ရှားက “နာမည်ကြီး ကစားသမားတွေကို လက်ရှိအချိန်မှာ ခေါ်ယူဖို့က ခက်ခဲနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က များပြာတဲ့ ငွေကြေးတွေကို အသုံးပြုပြီးဖြစ်နေပါတယ်။ အရိုးသားဆုံး ပြောရရင် (၂၀) ရာခိုင်နှုန်းလောက် ပိုပေးလို့ အသင်းကို ရောက်လာမယ့် ဒီလိုကစားသမားတွေက ကျွန်တော်တိို့ လိုအပ်တဲ့ ကစားသမားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းအတွက် မှန်ကန်တဲ့ စိတ်နေစိတ်ထား၊ သင့်တော်တဲ့ အရည်အသွေးတွေရှိတဲ့ ကစားသမားတွေကိုပဲ လိုအပ်ပါတယ်။ ကျွန်တော့် ဘဝ တစ်လျှောက် လူပီသတဲ့၊ သူများတွေကို ဦးဆောင်မောင်းနှင်နိုင်တဲ့၊ နောက်ဆုံးကျရင် အောင်မြင်မှုတွေကို ရယူနိုင်တဲ့ လူတွေကိုပဲ ယုံကြည်ခဲ့ပါတယ်။ ကျွန်တော့်အပေါ်မှာ လူသားတစ်ယောက်အနေနဲ့ပြန်ပြီး အကျိုးပြုနိုင်မယ့် ကစားသမားကိုပဲ ကျွန်တော် လိုအပ်ပါတယ်။”

Photo Credit : Sky Sports

“ကျွန်တော်တို့က ငွေကြေး အများကြီး မရင်းနှီးရသေးဘူးလို့ ခင်ဗျားတို့ ပြောလို့မရပါဘူး။ အသင်းတာဝန်ရှိသူတွေက အများကြီး ရင်းနှီးမြှုပ်နှံခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အစည်းအဝေးတွေ အများကြီးထိုင်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ကြပြီး ကျွန်တော်တို့ရဲ့ လမ်းကြောင်းမှန်ပေါ် ပြန်သွားဖို့ လုပ်နေပါတယ်။ ဒါပေမယ့် ဒါက နေ့ချင်း ညချင်းမှာ မဖြစ်လာနိုင်သလို အပြောင်းအရွှေ့ရာသီတစ်ခုတည်းမှာပဲ ကစားသမား (၁၀) ယောက်လောက်ကို ပြောင်းလဲပစ်လို့မရပါဘူး။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။