ၿပီးခ့ဲတ့ဲ အဂၤါေန႔က ကစားခ့ဲတ့ဲ ဘာစီလိုနာအသင္းနဲ႔ ယူႏိုက္တက္အသင္းတုိ႔ရဲ႕ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ဘာစီလိုနာအသင္းက အသင္းေခါင္းေဆာင္ တုိက္စစ္မွဴး မက္ဆီရဲ႕ သြင္းဂုိးႏွစ္ဂိုး၊ ေကာ္တင္ဟိုရဲ႕ သြင္းဂိုးတစ္ဂုိးနဲ႔အတူ ၃-၀ ဂုိးျဖင့္ အႏုိင္ရရွိခ့ဲပါတယ္။ ပထမအေက်ာ့ အိုးထရက္ဖုိ႔ဒ္ကြင္းမွာလည္း ၀-၁ ဂုိးျဖင့္ အႏုိင္ရရွိခ့ဲတ့ဲ ဘာစီလိုနာအသင္းဟာ အခုရလဒ္ေၾကာင့္ ႏွစ္ေက်ာ့ေပါင္းရလဒ္ ၄-၀ ဂုိးဆုိတ့ဲ ရလဒ္နဲ႔ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏုိင္ခ့ဲပါတယ္။

Photo Credit : Irish Mirror

ပထမအေက်ာ့ အိမ္ကြင္းမွာ လက္ခံကစားခ့ဲရတ့ဲပြဲမွာ ၿပိဳင္ဘက္ ဂိုးေပါက္ကုိ တစ္ႀကိမ္မွ တည့္ေအာင္ မၿခိမ္းေျခာက္ႏုိင္ခ့ဲတ့ဲ ယူႏုိက္တက္အသင္းဟာ ဒုတိယအေက်ာ့ အေဝးကြင္းပဲြစဥ္မွာလည္း ဘာစီလိုနာအသင္းကုိ ေျခစြမ္းပုိင္းအရ လုံုးဝမယွဥ္ႏုိင္ခ့ဲဘဲ အခုလိုမ်ိဳး ၿပိဳင္ပြဲကထြက္ခ့ဲရတာျဖစ္ပါတယ္။ ဒီပြဲက ယူႏုိက္တက္ကစားသမားေတြရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္လို႔ ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားက အႀကီးအက်ယ္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနၿပီး ယူႏုိက္တက္ ကစားသမားေတြအေနနဲ႔ အသင္းရဲ႕ အဆင့္အတန္းနဲ႔ ကိုက္ညီေအာင္ ရာႏႈန္းျပည့္ ေပးဆပ္ကစားခ့ဲျခင္းမရွိေၾကာင္း ယူဆေနတာျဖစ္ပါတယ္။

Photo Credit : Football365

ဆုိးလ္ရွားဟာ ယူႏုိက္တက္ယာယီနည္းျပဘဝ အစ (၁၇) ပြဲမွာ (၁၄) ပြဲကုိ အႏုိင္ရရွိႏုိင္ေအာင္ စြမ္းေဆာင္ႏုိင္ခ့ဲၿပီး လက္ရွိအခ်ိန္မွာေတာ့ ယူႏုိက္တက္အသင္းအေနနဲ႔ ၿပိဳင္ပြဲစံု ေနာက္ဆံုး ကစားခ့ဲတ့ဲ (၅) ပြဲမွာ (၃) ပြဲအထိ ရံႈးနိမ့္ခ့ဲရၿပီျဖစ္ပါတယ္။ ဘာစီလိုနာအသင္းကုိ အေဝးကြင္းမွာ ရံႈးနိမ့္ခ့ဲတ့ဲပြဲအၿပီး အဝတ္လဲခန္းထဲမွာ ဆိုးလ္ရွားတစ္ေယာက္ မ်က္ႏွာကုိ လက္နဲ႔ အုပ္ကာ အခ်ိန္အေတာ္ၾကာ စိတ္ပ်က္လက္ပ်က္နဲ႔ ထိုင္ေနခ့ဲၿပီး အ့ဲဒီေနာက္ပိုင္းမွသာ ကစားသမားေတြကို မွာၾကားစရာရွိတာ မွာၾကားခ့ဲေၾကာင္း Sun Sport သတင္းဌာနက ေဖာ္ျပခ့ဲပါတယ္။

Photo Credit : Vanguard News

ယူႏုိက္တက္အသင္းဟာ လာမယ့္ တနဂၤေႏြေန႔မွာ အဲဗာတန္အသင္းနဲ႔ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္အျဖစ္ ဆက္လက္ရင္ဆုိင္ကစားရမွာျဖစ္ၿပီး ဒီပြဲမွာသာ ထပ္ၿပီး ရံႈးနိမ့္ခ့ဲမယ္ဆုိရင္ လာမယ့္ ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ပုိမိုနည္းပါးသြားဖုိ႔ ရွိေနပါတယ္။ ယူႏုိက္တက္အသင္းဟာ လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ အဆင့္ (၆) ေနရာမွာ ရပ္တည္ေနကာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စပါး၊ အာဆင္နယ္၊ ခ်ဲလ္ဆီးတို႔နဲ႔ အၿပိဳင္အဆုိင္ျဖစ္ေနၿပီး လက္က်န္ပဲြစဥ္ေတြမွာ မန္စီးတီး ၊ ခ်ဲလ္ဆီးတို႔နဲ႔ရင္ဆုိင္ကစားရမယ့္ ပြဲက်ပ္ေတြ က်န္ရွိေနပါေသးတယ္။

(Unicode)

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီရဲ့ သွင်းဂိုးနှစ်ဂိုး၊ ကော်တင်ဟိုရဲ့ သွင်းဂိုးတစ်ဂိုးနဲ့အတူ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပထမအကျော့ အိုးထရက်ဖို့ဒ်ကွင်းမှာလည်း ၀-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အခုရလဒ်ကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄-၀ ဂိုးဆိုတဲ့ ရလဒ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit : Irish Mirror

ပထမအကျော့ အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ပွဲမှာ ပြိုင်ဘက် ဂိုးပေါက်ကို တစ်ကြိမ်မှ တည့်အောင် မခြိမ်းခြောက်နိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်မှာလည်း ဘာစီလိုနာအသင်းကို ခြေစွမ်းပိုင်းအရ လုုံးဝမယှဉ်နိုင်ခဲ့ဘဲ အခုလိုမျိုး ပြိုင်ပွဲကထွက်ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲက ယူနိုက်တက်ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အကြီးအကျယ် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ယူနိုက်တက် ကစားသမားတွေအနေနဲ့ အသင်းရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီအောင် ရာနှုန်းပြည့် ပေးဆပ်ကစားခဲ့ခြင်းမရှိကြောင်း ယူဆနေတာဖြစ်ပါတယ်။

Photo Credit : Football365

ဆိုးလ်ရှားဟာ ယူနိုက်တက်ယာယီနည်းပြဘဝ အစ (၁၇) ပွဲမှာ (၁၄) ပွဲကို အနိုင်ရရှိနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ယူနိုက်တက်အသင်းအနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ကစားခဲ့တဲ့ (၅) ပွဲမှာ (၃) ပွဲအထိ ရှုံးနိမ့်ခဲ့ရပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အဝတ်လဲခန်းထဲမှာ ဆိုးလ်ရှားတစ်ယောက် မျက်နှာကို လက်နဲ့ အုပ်ကာ အချိန်အတော်ကြာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှသာ ကစားသမားတွေကို မှာကြားစရာရှိတာ မှာကြားခဲ့ကြောင်း Sun Sport သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Photo Credit : Vanguard News

ယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အဖြစ် ဆက်လက်ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဒီပွဲမှာသာ ထပ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင် လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ပိုမိုနည်းပါးသွားဖို့ ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၆) နေရာမှာ ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါး၊ အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ အပြိုင်အဆိုင်ဖြစ်နေပြီး လက်ကျန်ပွဲစဉ်တွေမှာ မန်စီးတီး ၊ ချဲလ်ဆီးတို့နဲ့ရင်ဆိုင်ကစားရမယ့် ပွဲကျပ်တွေ ကျန်ရှိနေပါသေးတယ်။