လက္ရွိ မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ယာယီနည္းျပရာထူးကို ရယူထားခဲ့ျပီး ရလဒ္ေကာင္းေတြရေအာင္ စြမ္းေဆာင္ထားနိုင္တဲ့ နည္းျပဆိုးလ္ရွားဟာ နည္းျပဘဝစတင္ေတာ့မယ့္ သူ႔ရဲ႕ အသင္းေဖာ္ေဟာင္း ေပါလ္စခိုးကို အၾကံေပးစကားတခ်ိဳ႕ ေျပာသြားခဲ့တယ္လို႔ သိရပါတယ္။ ေပါလ္စခိုးဟာ လိဂ္၂ အသင္းတစ္သင္းျဖစ္တဲ့ အိုလ္းဟမ္းအသင္းကို ကိုင္တြယ္ဖို႔ ၁နွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုထားတာလည္း ျဖစ္ပါတယ္။

ဆုိးလ္ရွားက ” သူ႔အတြက္ အေကာင္းဆံုး ျဖစ္ပါေစလို႔ ကြ်န္ေတာ္ ဆုေတာင္းေပးပါတယ္။ သူဟာ ေဘာလံုးပြဲစဥ္ေတြကို ခန္႔မွန္း သံုးသပ္တဲ့ေနရာမွာလည္း ေကာင္းမြန္ေအာင္ လုပ္ေဆာင္ထားနိုင္သူပါ။ သူ႔ကို အခုလူ ေဘာလံုးကြင္းထဲ ျပန္ဝင္လာတာကို ျမင္ရလို႔ ကြ်န္ေတာ္က ပိုေက်နပ္ပါတယ္။ သူက အံ့အားသင့္ဖို႔ ေကာင္းေလာက္ေအာင္ ေကာင္းမြန္တဲ့ ကစားသမားျဖစ္ျပီး အရမ္းကိုလည္း ေပါင္းရသင္းရ ေကာင္းတဲ့လူပါ။ ဒါဟာ စိန္ေခၚမႈတစ္ခုပါ။ နည္းျပဘဝနဲ႔ ကစားသမားဘဝဟာ အရမ္းကို ျခားနားတာကို သူနားလည္ထားရပါမယ္။ ” လို႔ ေပါလ္စခုိးကို အၾကံေပးစကားတခ်ိဳ႕ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ျပီး ဆိုးလ္ရွားက ” ေဘာလံုးဟာ မူးယစ္ေဆးလိုပါပဲ။ ေဘာလံုးဟာ ကြ်န္ေတာ္တို႔အားလံုးရဲ႕ ဘဝ တစ္စိတ္တစ္ပိုင္းလို ျဖစ္ေနတာပါ။ ဒါ့ေၾကာင့္ ေပါလ္စခိုးကို ကြင္းေဘးမွာ ျပန္ျမင္ရတာဟာ အရမ္းကို ေကာင္းမြန္မွာ ျဖစ္ျပီး သူ႔ရဲ႕ ေဘာလံုးအေပၚ ျမတ္နိုးစိတ္ေတြက အိုးလ္ဟမ္းအသင္းကို တုိးတက္ေစမွာပါ ” လို႔ ေပါလ္စခိုးကို နည္းျပအျဖစ္ ခန္႔အပ္ခဲ့တဲ့ အိုးလ္ဟမ္းအသင္းရဲ႕ လုပ္ရပ္ကို ေထာက္ခံေျပာဆိုခဲ့ပါတယ္။

ေပါလ္စခိုးကေတာ့ သူ႔အလုပ္နဲ႔ ပတ္သတ္ျပီး ” ကြ်န္ေတာ္ကေတာ့ ကြ်န္ေတာ့္ရဲ႕ အသင္းကို တိုက္စစ္ပိုင္းမွာ ပိုမိုဖိအားေပး ကစားေစလိုပါတယ္။ အပတ္တိုင္း တိုက္စစ္ဆင္ကစားလို႔ မရဘူးဆိုတာကိုေတာ့ ကြ်န္ေတာ္နားလည္ပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ဟာ ပြဲတိုင္းကို အနိုင္ယူဖို႔ပဲ အာရံုစိုက္သြားမွာပါ။ ကြ်န္ေတာ္တို႔ဟာ ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈအျပည့္နဲ႔ ကစားျပနိုင္ဖို႔ ႀကိဳးစားမွာျဖစ္ျပီး ဂိုးေတြကိုလည္း ပုိမို သြင္းယူျပနိုင္ေအာင္ ႀကိဳးစားမွာပါ။ ကြ်န္ေတာ္ဟာ အခုခ်ိန္မွာေတာ့ ေပ်ာ္ရႊင္မႈ မရွိေသးပါဘူး။ ကြ်န္ေတာ္ဟာ ကစားသမားဘဝမွာ ေအာင္ျမင္ခဲ့ေပမယ့္ နည္းျပဘဝမွာေတာ့ အခုမွ စေျခလွမ္းမယ့္ လူပါ။ ဒီေတာ့ နည္းျပဘဝမွာ ေအာင္ျမင္မႈရမွပဲ ကြ်န္ေတာ္ ေပ်ာ္ရႊင္နိုင္မွာပါ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

(Unicode)

လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းမှာ ယာယီနည်းပြရာထူးကို ရယူထားခဲ့ပြီး ရလဒ်ကောင်းတွေရအောင် စွမ်းဆောင်ထားနိုင်တဲ့ နည်းပြဆိုးလ်ရှားဟာ နည်းပြဘဝစတင်တော့မယ့် သူ့ရဲ့ အသင်းဖော်ဟောင်း ပေါလ်စခိုးကို အကြံပေးစကားတချို့ ပြောသွားခဲ့တယ်လို့ သိရပါတယ်။ ပေါလ်စခိုးဟာ လိဂ်၂အသင်းတစ်သင်းဖြစ်တဲ့ အိုလ်းဟမ်းအသင်းကို ကိုင်တွယ်ဖို့ ၁နှစ်ခွဲစာချုပ်ချုပ်ဆိုထားတာလည်း ဖြစ်ပါတယ်။

ဆိုးလ်ရှားက ” သူ့အတွက် အကောင်းဆုံး ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ သူဟာ ဘောလုံးပွဲစဉ်တွေကို ခန့်မှန်း သုံးသပ်တဲ့နေရာမှာလည်း ကောင်းမွန်အောင် လုပ်ဆောင်ထားနိုင်သူပါ။ သူ့ကို အခုလူ ဘောလုံးကွင်းထဲ ပြန်ဝင်လာတာကို မြင်ရလို့ ကျွန်တော်က ပိုကျေနပ်ပါတယ်။ သူက အံ့အားသင့်ဖို့ ကောင်းလောက်အောင် ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး အရမ်းကိိုလည်း ပေါင်းရသင်းရ ကောင်းတဲ့လူပါ။ ဒါဟာ စိန်ခေါ်မှုတစ်ခုပါ။ နည်းပြဘဝနဲ့ ကစားသမားဘဝဟာ အရမ်းကို ခြားနားတာကို သူနားလည်ထားရပါမယ်။ ” လို့ ပေါလ်စခိုးကို အကြံပေးစကားတချို့ ပြောသွားခဲ့ပါတယ်။ဆက်လက်ပြီး ဆိုးလ်ရှားက ” ဘောလုံးဟာ မူးယစ်ဆေးလိုပါပဲ။ ဘောလုံးဟာ ကျွန်တော်တို့အားလုံးရဲ့ ဘဝ တစ်စိတ်တစ်ပိုင်းလို ဖြ

စ်နေတာပါ။ ဒါ့ကြောင့် ပေါလ်စခိုးကို ကွင်းဘေးမှာ ပြန်မြင်ရတာဟာ အရမ်းကို ကောင်းမွန်မှာ ဖြစ်ပြီး သူ့ရဲ့ ဘောလုံးအပေါ် မြတ်နိုးစိတ်တွေက အိုးလ်ဟမ်းအသင်းကို တိုးတက်စေမှာပါ ” လို့ ပေါလ်စခိုးကို နည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ အိုးလ်ဟမ်းအသင်းရဲ့ လုပ်ရပ်ကို ထောက်ခံပြောဆိုခဲ့ပါတယ်။

ပေါလ်စခိုးကတော့ သူ့အလုပ်နဲ့ ပတ်သတ်ပြီး ” ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ အသင်းကို တိုက်စစ်ပိုင်းမှာ ပိုမိုဖိအားပေး ကစားစေလိုပါတယ်။ အပတ်တိုင်း တိုက်စစ်ဆင်ကစားလို့ မရဘူးဆိုတာကိုတော့ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပွဲတိုင်းကို အနိုင်ယူဖို့ပဲ အာရုံစိုက်သွားမှာပါ။ ကျွန်တော်တို့ဟာ ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့်နဲ့ ကစားပြနိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ဂိုးတွေကိုလည်း ပိုမို သွင်းယူပြနိုင်အောင် ကြိုးစားမှာပါ။ ကျွန်တော်ဟာ အခုချိန်မှာတော့ ပျော်ရွှင်မှု မရှိသေးပါဘူး။ ကျွန်တော်ဟာ ကစားသမားဘဝမှာ အောင်မြင်ခဲ့ပေမယ့် နည်းပြဘဝမှာတော့ အခုမှ စခြေလှမ်းမယ့် လူပါ။ ဒီတော့ နည်းပြဘဝမှာ အောင်မြင်မှုရမှပဲ ကျွန်တော် ပျော်ရွှင်နိုင်မှာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။