အနောက်တိုင်းဝတ်စုံကို စီးပွားရေးလုပ်ငန်းရှင်များ အများစုဝတ်လေ့ရှိပြီး အချို့ကလည်း လုပ်ငန်းကိစ္စနဲ့ နိုင်ငံခြားခရီးထွက်ရတဲ့အခါ၊ ဘွဲ့အခမ်းအနားနဲ့ ပွဲလမ်းသဘင်တွေ တက်ရတဲ့အခါ ဝတ်ဆင်လေ့ရှိကြပါတယ်။

တစ်ယောက်နဲ့တစ်ယောက်က ဖက်ရှင်စတိုင်လ်မတူညီကြတဲ့အတွက်ကြောင့် ဝတ်ဆင်ပုံ ဝတ်ဆင်နည်းတွေကလည်း တူညီကြမှာမဟုတ်ပါဘူး။ သို့ပေမယ့် မှန်ကန်တဲ့ဝတ်ဆင်နည်းကိုတော့ သိထားသင့်ပါတယ်။ ဒါမှ စတိုင်လ်ကျပြီး ခန့်ညားတဲ့အမျိုးသားတစ်ယောက်ဖြစ်မှာပါ။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ Suit ဝတ်တိုင်းမှာ ရှောင်ကြဉ်သင့်တဲ့ အမှားတစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်။

ခါးပတ်နဲ့ ဖိနပ် လိုက်ဖက်မှုမရှိခြင်း

ခါးပတ်နဲ့ ဖိနပ် လိုက်ဖက်ညီစွာ တွဲမဝတ်ဘူးဆိုရင် သင့်ဖက်ရှင်က အရောင်သပ်သပ်စီခွဲထွက်နေပြီး ကြည့်ရဆိုးနေမှာပါ။

ခြေစွပ်ရွေးချယ်မှု မှားယွင်းခြင်း

ဘောင်းဘီနဲ့ လိုက်ဖက်မှုမရှိတဲ့ ခြေအိတ်ဝတ်ဆင်ခြင်းက သင့်ဖက်ရှင်ကို ကြောင်ကြောင်ကျားကျားဖြစ်စေပါတယ်။ ဒါ့အပြင် တိုလွန်းတဲ့ခြေအိတ်ဝတ်ဆင်တဲ့အခါ ခြေသလုံးမွှေးပေါ်နေတတ်တာကြောင့် အတန်အသင့်ရှည်တဲ့ ခြေစွပ်များကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ အလွန်အကျွံဝတ်ဆင်ထားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

အနောက်တိုင်းဝတ်စုံကို ကျောပိုးအိတ်နှင့် တွဲဖက်ဝတ်ဆင်ခြင်း

ကျောပိုးအိတ်က သယ်ဆောင်ရတာ သက်သောင့်သက်သာရှိပေမယ့် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်တဲ့နေ့မျိုးမှာတော့ ကျောပိုးအိတ် လွယ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ Suit နဲ့ ကျောပိုးအိတ်နဲ့က လိုက်ဖက်မှုမရှိတာကြောင့် စမတ်ကျတဲ့ဖက်ရှင်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဘေးလွယ်အိတ် (သို့) လက်ကိုင်အိတ်ကို အစားထိုး အသုံးပြုနိုင်ပါတယ်။

လက်ကိုင်ပုဝါနဲ့ နက်ခ်တိုင် ဆင်တူဝတ်ဆင်ခြင်း

ကုတ်အင်္ကျီရဲ့ အိတ်ကပ်ထဲမှာ လက်ကိုင်ပုဝါလေးကို သေသေသပ်သပ်ခေါက်ထည့်ထားခြင်းက သင့်ကိုပိုပြီး စတိုင်လ်ကျစေပါတယ်။ ဒါပေမဲ့ နက်ခ်တိုင်အရောင်နဲ့ မတူ တူအောင် ညှိခြင်းကတော့ ဖက်ရှင်ကျမှာမဟုတ်ပါဘူး။ နက်ခ်တိုင်နဲ့လိုက်ဖက်တဲ့ အခြားအရောင်ကွဲ လက်ကိုင်ပုဝါလေးကို အစားထိုးကြည့်လိုက်ပါ။

ထိုင်တဲ့အခါ ကြယ်သီးမဖြုတ်ခြင်း

ထိုင်တဲ့အခါ သက်သောင့်သက်သာရှိဖို့နဲ့ အင်္ကျီတွန့်ကြေမသွားဖို့အတွက် ကြယ်သီးဖြုတ်ပြီး ထိုင်သင့်ပါတယ်။

ကော်လံကြယ်သီးမတပ်ဘဲ ချထားခြင်း

ရှပ်အင်္ကျီကော်လံကို ကြယ်သီးတပ်ထားဖို့လည်း မမေ့ပါနဲ့။

ကုတ်အင်္ကျီလက်ကို ခေါက်တင်ထားခြင်း၊ ဘောင်းဘီလိပ်တင်ထားခြင်း

ကုတ်အင်္ကျီလက် ရှည်နေတဲ့အခါပဲဖြစ်ဖြစ်၊ ဘောင်းဘီရှည်နေတဲ့အခါပဲဖြစ်ဖြစ် အပ်ချုပ်ဆိုင်သွားပြီး ပြင်ချုပ်လိုက်ပါ။

စွပ်ကျယ်ဝတ်တဲ့အခါ လည်ပင်းပေါက်အဝိုင်းပုံစံ စွပ်ကျယ်ဝတ်ဆင်ခြင်း

Source: Macys.com

ရှပ်အင်္ကျီအောက်မှာ ခံဝတ်ထားတဲ့ စွပ်ကျယ်လည်ပင်းမပေါ်ဖို့က အရေးကြီးတာကြောင့် လည်ပင်းပေါက်အဝိုင်းထက် V ပုံစံ စွပ်ကျယ်မျိုးကိုသာ ဝတ်ဆင်ပါ။

ပေါ့ပေါ့ပါးပါးရှိတဲ့ ဖန်စီခါးပတ်ကို Suit နဲ့ တွဲဖက်ဝတ်ဆင်ခြင်း

Suit ဝတ်တဲ့အခါတိုင်းမှာ အခုဖော်ပြသွားတဲ့ အချက်တွေကို ရှောင်ကြဉ်မှသာလျှင် စမတ်ကျကျနဲ့ ကြည့်ကောင်းတဲ့အမျိုးသားတစ်ယောက်ဖြစ်မှာပါ။

Source: Looksgud.in