ဆွဲဆောင်မှုရှိပြီး စတိုင်လ်ကျတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ဖို့ရန်အတွက် ဘယ်လိုအချက်တွေကို လိုက်နာရမလဲ။ ဖက်ရှင်ကိုတော့ ဦးစားပေးပါရဲ့။ ဒါပေမဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိပြန်ရင်လည်း သင်သည် စမတ်ကျကျနဲ့ ဆွဲဆောင်မှုရှိနေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ကိုယ်ရည်သန့်ရှင်မှုကိုလည်း ဖက်ရှင်ကျချင်ရင် လိုက်နာဖို့လိုပါတယ်။ ဒါတင်မကသေးပါဘူး။ အခုဖော်ပြပေးမယ့် အချက်များကိုလည်း လိုက်နာမှသာလျှင် ဖက်ရှင်အလွဲများကို ရှောင်ကြဉ်နိုင်မှာပါ။
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း စတဲ့ကိုယ်လက်လှုပ်ရှားအားကစားကို မပြုလုပ်ခြင်းသည်လည်း ဖက်ရှင်အလွဲထဲက တစ်ချက်ပါပဲ။ လေ့ကျင့်ခန်း ပြုလုပ်တာက ဖက်ရှင်နဲ့ ဘာဆိုင်လို့လဲဆိုတာ မေးဖွယ်ရာရှိပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သင့်ရဲ့နှလုံး၊ အဆုတ်တို့ကို ကျန်းမာရေးကောင်းမွန်စေသည်သာမကဘဲ မိမိကိုယ်ကို မိမိလည်း ယုံကြည်မှုရှိချင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ယုံကြည်မှုရှိမှသာလျှင် ဘယ်အဝတ်အစားဝတ်ဝတ် ကြည့်ကောင်းနေမှာပါ။
တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိပါ
လက်သည်းများ ညစ်ပတ်နေခြင်း၊ ခံတွင်းအနံ့အသက်ဆိုးဝါးခြင်း၊ ဗောက်ထခြင်း၊ ခန္ဓာကိုယ်အနံ့အသက်ပြင်းလွန်းခြင်း အစရှိသည်တို့သည် တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်းရဲ့အကျိုးဆက်တွေပါပဲ။ သင့်အနေနဲ့ ဘယ်လောက်ပဲ ဈေးကြီးပေးရတဲ့ တံဆိပ်အကောင်းစားတွေကို ဝတ်ဆင်နေပါစေ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိရင် အချည်းနှီးပါပဲ။
ဖက်ရှင်တစ်မျိုးတည်းကိုပဲ ထပ်တလဲလဲ ဝတ်ဆင်နေခြင်း
တစ်ခါလာလည်း ပုဆိုးနဲ့ တိုက်ပုံ၊ ပုဆိုးနဲ့ တီရှပ်ပဲ ဝတ်ဆင်နေမယ်ဆိုရင် ရိုးအီစရာကောင်းလှပါတယ်။ သင့်ရဲ့ဖက်ရှင်ကို တစ်ရက်နဲ့တစ်ရက် မတူအောင် ပြောင်းလဲဝတ်ဆင်လိုက်ပါ။ ဒါဆိုရင် ကြည့်ရတာ ပိုမိုဆွဲဆောင်မှုတိုးနေမှာပါ။
ကိုယ့်ခန္ဓာကိုယ်ဆိုဒ်ကို မသိခြင်း
မိမိခန္ဓာကိုယ်ထက် ကြီးလွန်းသော (သို့) သေးလွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းသည် သင့်ကို သက်သောင့်သက်သာမဖြစ်စေတဲ့အပြင် သင့်ရဲ့ဖက်ရှင်ကိုလည်း ဆွဲဆောင်မှုကျစေပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ သင့်ရဲ့ခန္ဓာကိုယ်ဆိုဒ်နဲ့ သေချာတိုင်းချုပ်ထားတဲ့အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ဖို့ပါပဲ။
ဆန့်ကျင်ဘက်နှစ်ခုကို မပေါင်းစပ်တတ်ခြင်း
ဖက်ရှင်ဂုရုတစ်ယောက်ဖြစ်ဖို့ဆိုရင် ဆန့်ကျင်ဘက်နှစ်ခုကို ပေါင်းစပ်တတ်ဖို့လည်းလိုသလို ဆင်တူနှစ်ခုကိုလည်း ပေါင်းစပ်တတ်ရပါမယ်။ ဥပမာ ဆန့်ကျင်ဘက်အရာနှစ်ခုဖြစ်တဲ့ ရှပ်အင်္ကျီနှင့် ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ခြင်း၊ ဆင်တူသော အရောင်နှစ်မျိုးကို အနုအရင့် တွဲဖက်ဝတ်ဆင်ခြင်း စသည်ဖြင့် ဖက်ရှင်ကို ဆော့ကစားတတ်ဖို့လိုပါတယ်။
ဒီလောက်ဆိုရင်တော့ ဖက်ရှင်ချစ်သူတို့လည်း ဖက်ရှင်အလွဲလေးတွေကို သိသွားလောက်ပြီလို့ မျှော်လင့်မိပါတယ်။
Source: Alexrighetto.it
Featured Image Source: Robbreport.com