ပိန်ပိန်ပါးပါးကောင်လေးတွေက ဘယ်လိုပုံစံတွေ ဝတ်စားဆင်ယင်ရင် ပိုကြည့်ကောင်းအဆင်ပြေစေမလဲ။ ခုခေတ်က အကိတ်ခေတ်ဆိုပေမယ့်လည်း ပိန်ပိန်ပါးပါးကောင်လေးတွေက ပိုများပါတယ်။ ဒီတော့ ပိန်ပိန်ပါးပါးကောင်လေးတွေအတွက် စမတ်ကျစေမယ့် ဝတ်စားဆင်ယင်မှု ပုံစံလေးတွေကို ဝေမျှပြောပြပေးမယ်နော်။

အင်္ကျီပွပွကြီးတွေ မဝတ်ပါနဲ့

Source: Ties.com

ပိန်ပိန်ပါးပါးကောင်လေးတွေ အင်္ကျီဖားဖားကြီးတွေ ဝတ်ရမယ်လို့ ဘယ်သူက စထွင်ခဲ့သလဲတော့ မသိပါဘူး။ ပိန်ပိန်ပါးပါးကောင်ကလေးတွေဟာ အပေါ်ရှပ်အင်္ကျီဖားဖားတွေ ၊ တီရှပ်ဖားဖားတွေ ဝတ်တတ်ကြပါတယ်။ ဒီတော့ ခုချိန်မှာ အင်္ကျီဖားဖားတွေ ဝတ်နေတဲ့ အကျင့်တွေကို ခုပဲ ဖျောက်လိုက်ပါတော့။

Skinny Jean

Source: Gotstyle

Skinny Jean တွေကို ဝတ်ရမှာကို သူတို့က အရမ်းကြောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပိန်လွန်းတဲ့ ခန္ဓာကိုယ်ကို သူများတွေသိမြင်သွားမှာ စိုးရိမ်စိတ်နဲ့ ကြောက်ကြတာပါ။ လုံးဝမကြောက်ကြဖို့ ပြောချင်ပါတယ်။ Skinny Jean ကို ရဲရဲကြီးသာ ဝတ်ကြပါလို့။

Accessories တွေကိုလည်း မမေ့ပါနဲ့

Source:Restera

Accessories တွေဟာလည်း ဖက်ရှင်ကျမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းပါ။ Accessories ဆိုတဲ့နေရာမှာ နာရီ၊ မျက်မှန်၊ ခါးပတ်နဲ့ ဦးထုပ် ဒါတွေကို ပြောတာပါ။ ဒီလိုအရာတွေကို ဖက်ရှင်အနေနဲ့ အသုံးပြုမယ်ဆိုရင် ရိုးရှင်းပြီး အဆင့်အတန်းရှိတဲ့ ကွာလတီကောင်းတဲ့ ပုံစံလေးတွေကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

တီရှပ်ဗြောင်တွေကို ဝတ်ဆင်ပါ

Source: Amazon.in

ပိန်ပိန်ပါးပါးကောင်လေးတွေအနေနဲ့ တီရှပ်ဝတ်ဆင်မယ်ဆိုရင်တော့ အထူးသဖြင့် ဗြောင်တီရှပ်လေးတွေကိုသာ ဝတ်ဆင်ပါ။ တီရှပ်ဗြောင်လေးတွေက ပိန်သူတွေအတွက် သင့်တော်ပြီး လူတွေကြားထဲမှာလည်း ဆွဲဆောင်မှုရှိစေပါတယ်။

အပေါ်ထပ်တစ်ထည် ဝတ်ဆင်ဖို့ မမေ့ပါနဲ့

Source:MyRepublica-Nagarik Network

ပိန်တဲ့ကာင်လေးတွေက အင်္ကျီတွေဝတ်ဆင်တဲ့အခါမှာ ပိန်တာကို ပိုပြီး သိသာသွားသယောင် ထင်ရပါတယ်။ ဒါ့ကြောင့်မို့ အပေါ်ထပ်တစ်ထည် ကိုတော့ မဖြစ်မနေ ဝတ်ဆင်သင့်ပါတယ်။ ဒါမှ ပိန်တာမသိသာတော့ဘဲ အထာကျနေမှာ ဖြစ်ပါတယ်။