ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပြီလား။ ကိုဗစ်ကာလမှာ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့ အများစုအိပ်မပျော်တဲ့ဝေဒနာတွေ ပိုပြီးကြုံတွေ့ ခံစားနေကြရပါတယ်။အဆိုပါအိပ်မပျော်တဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ အိပ်စက်ခြင်းဆိုင်ရာသုတေသီတွေက အောက်ပါနည်းလမ်းကောင်းတွေကို အကြုံပြုထားပါတယ်။ ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ လိုက်နာသင့်တဲ့ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို လေ့လာကြည့်ရအောင်ပါ။
(၁) လေ့ကျင့်ခန်းလုပ်ပါ

Source : Insider
နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပေးတာက အိပ်မပျော်တဲ့ ပြဿနာကိုဖြေရှင်းနိုင်မယ့်အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကို လျော့နည်းစေပြီး ကျန်းမာတဲ့လူနေမှုဘဝကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့်တစ်ရက်ကိုအနည်းဆုံး နာရီဝက်လောက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့ သုတေသီတွေက အကြံပြုထားပါတယ်။
(၂) ပုံမှန်အိပ်ရာဝင်ချိန် သတ်မှတ်ထားပါ

Source : Freepik
ညစဉ်ညတိုင်းမှာ တိကျတဲ့အိပ်ရာဝင်ချိန်တစ်ခုရှိတာက အိပ်စက်ခြင်းအရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး အိပ်ပျော်ရခက်ခဲတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ နေ့စဉ်ပုံမှန် တိကျတဲ့အိပ်ရာဝင်ချိန်တစ်ခုသတ်မှတ်ပြီး အိပ်ရာဝင်တာက ခန္ဓာကိုယ်ကို အကျင့်ဖြစ်လာစေပြီး သတ်မှတ်ထားတဲ့ အိပ်ရာဝင်ချိန်ရောက်တာနဲ့ ငိုက်မြည်းလာပါလိမ့်မယ်။ ဒီနည်းလမ်းက အိပ်စက်ချိန်ကိုမှန်ကန်စေသလို အိပ်မပျော်တဲ့ ပြဿနာကိုလည်း ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
(၃) အစားအသောက်ဂရုစိုက်ပါ

Source : istock
အိပ်ရာဝင်ခါနီးအချိန်မှာ အစားအသောက်စားတာတွေက သင့်ရဲ့ အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။ တချို့သောအစားသောက်တွေက အိပ်ပျော်ဖို့ကူညီပေးတယ်ဆိုပေမယ့် များသော အားဖြင့်တော့ လူတိုင်းလိုလိုစားသောက်မိတဲ့ အစားအသောက်တွေက အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ သကြားပါဝင်မှုများတဲ့ အစားအစာတွေ ဆီကြော်တွေ အားဖြည့်အချိုရည်နဲ့ ကော်ဖီ အရက် ဘီယာစတာတွေကို ညဘက်မှာပိုပြီးစားသောက်မိကြပါတယ်။ ဒီလိုအစားအသောက်တွေက သင့်ကိုကောင်းကောင်းအိပ်ပျော်စေနိုင်မှာ မဟုတ်တာကြောင့် ညဘက်မှာ မစားမိဖို့အထူးရှောင်ကျဉ်သင့်ပါတယ်။
(၄) တရားထိုင်ပါ

Source : Freepik
အိပ်ရာဝင်ခါနီးအချိန်ကို စိတ်ဖိစီးမှုတွေနဲ့ အတွေးတွေကိုလွတ်ချပြီး စိတ်ကိုအေးချမ်းဆုံးဖြစ်အောင် ထားဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းအတွေးတွေကင်းဝေးမှလည်း သင့်ကိုကောင်းစွာ အိပ်ပျော်စေနိုင်မှာပါ။ ဒီအတွက် တရားထိုင်ခြင်းက အထိရောက်ဆုံးဖြစ်ပါတယ်။ တရားထိုင်တာက စိတ်ကိုအေးချမ်းစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်တာကြောင့် အိပ်ရာမဝင်ခင်မှာ ၁၅ မိနစ်လောက်တရားထိုင်ပေးပါ။
