တောင်ကိုရီးယားနိုင်ငံသား တိုက်စစ်မှူးဆွန်ဟောင်မင်ကတော့ လက်ရှိချန်ပီယံလိဂ်သွင်းဂိုးအများဆုံး အာရှကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီပဲဖြစ်ပါတယ်။ အသက် (၂၆) နှစ်သာရှိသေးတဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ လက်ရှိစပါးအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ စပါးအသင်းအတွက် သွင်းဂိုး (၂) ဂိုးသွင်းယူပေးခဲ့ပြီး အခုလို ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး အာရှကစားသမားအဖြစ် မှတ်တမ်းဝင်လာခဲ့တာဖြစ်ပါတယ်။

Source : The Telegraph

အဆိုပါပွဲစဉ်တွင် မန်စီးတီးအသင်းမှ ပွဲချိန် (၄) မိနစ်မှာတင် အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် နောက်ထပ် (၃) မိနစ်အကြာမှာတော့ စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်မှ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူး ဆွန်ဟောင်မင်ကပဲ ထပ်မံပြီး ပွဲချိန် (၁၀) မိနစ်အကြာမှာ စပါးအသင်းအတွက် နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာတင် (၂) ဂိုးဆက်တိုက်လှလှပပ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း မန်စီးတီးအသင်းဘက်မှ ချေပဂိုးတွေ အပြန်အလှန် သွင်းယူခဲ့ပြီးတဲ့နောက် ပွဲချိန်အပြီးမှာတော့ စပါးအသင်းဟာ မန်းစီးတီးအသင်းကို (၄-၃) ဂိုးရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

Source : Yahoo Sport UK

တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ အဆိုပါသွင်းဂိုး (၂) ဂိုးသွင်းယူခဲ့တဲ့နောက် သွင်းဂိုးစုစုပေါင်း (၁၂) ဂိုးနဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး အာရှကစားသမားတစ်ဦးအဖြစ် မှ တ်တမ်းဝင်လာခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာတော့ အဆိုပါ သွင်းဂိုးတွေအပါအဝင် စပါးအသင်းအတွက် သွင်းဂိုးစုစုပေါင်း (၂၀) အထိသွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ မန်စီးတီးအသင်းကို (၄-၃) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲစဉ်နှစ်ကျော့ပေါင်း (၄-၄) ဂိုးဖြင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းအတွက် အခုလို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခဲ့နိုင်ခြင်းဟာ နှစ်ပေါင်း (၅၇) နှစ်အတွင်းမှာမှ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

Source : The42