Ed Sheeran က သီချင်းဆိုရာမှာလည်း နာမည်ကြီးသလို သီချင်းရေးဖွဲ့ရာမှာလည်း ပါရမီပါတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူသည် သူကိုယ်တိုင်အတွက်သာမက အခြားသော အဆိုတော်ပေါင်းများစွာအတွက်လည်း သီချင်းပေါင်းများစွာကို ဖန်တီးရေးဖွဲ့ပေးခဲ့ပါတယ်။

ထိုမြောက်မြားစွာသောသီချင်းတွေထဲကမှ လူကြိုက်များသော သီချင်းကောင်းများကို သီချင်းချစ်သူများအတွက် ဝေမျှပေးလိုက်ရပါတယ်။

(၁၀) Woman Like Me

ဒီသီချင်းကိုတော့ ၂၀၁၈ ခုနှစ်တွင် Little Mix အတွက် ရေးဖွဲ့ပေးခဲ့တာဖြစ်ပါတယ်။ Featuring အနေနဲ့ကတော့ Nicki Minaj က သီဆိုပေးထားပါတယ်။

(၉) Strip That Down

ဒီသီချင်းကိုတော့ Ed Sheeran နဲ့ Liam Payne တို့ နှစ်ယောက်တွဲ ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။ Quavo က Featuring အနေနဲ့ သီဆိုပေးခဲ့ပါတယ်။ အထူးတလည်ဖော်ပြထားခြင်းမရှိပေမယ့် Ed Sheeran ရဲ့ နောက်ခံဟာမိုနီအသံကိုလည်း သေချာနားထောင်ရင် ကြားရပါလိမ့်မယ်။

(၈) Your Song

Rita Ora တစ်ယောက် သူ့သူငယ်ချင်းဖြစ်တဲ့ Ed Sheeran ကို သူ(မ)အတွက် သီချင်းတစ်ပုဒ် ရေးဖွဲ့ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ အဲ့ဒါနဲ့ Ed Sheeran တစ်ယောက် ရေးပေးခဲ့ပါတယ်။ Rita Ora တစ်ယောက် သီချင်းကို နားဆင်ခံစားပြီးတဲ့နောက်မှာ Positive Energy တွေ ပြန်လည်ရရှိလိုက်ပြီး ပျော်ရွှင်မှုကို ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

(၇) River

Ed Sheeran တစ်ယောက် ဩစတြေးလျသို့ ခရီးသွားနေစဉ် Eminem ရဲ့မန်နေဂျာ Paul Rosenberg ထံမှ အလုပ်အတူတူတွဲလုပ်ဖို့ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုကနေ Eminem အတွက် River သီချင်းကို ရေးဖွဲ့ဖြစ်ခဲ့တာပါ။

(၆) Thursday

ဒီသီချင်းလေးကိုတော့ Jess Glynne က သီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းထဲမှာတော့ အောင်မြင်ကျော်ကြားတဲ့အဆိုတော်တွေ ခံစားရလေ့ရှိတဲ့ စိတ်ဖိစီးမှု၊ စိတ်မလုံခြုံမှုတို့ကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရေးဖွဲ့ထားတာဖြစ်ပါတယ်။

(၅) Little Things

One Direction အဖွဲ့ရဲ့ Little Things သီချင်းသည်လည်း Ed Sheeran ပဲ ရေးဖွဲ့ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက သူတို့အဖွဲ့အတွက် ရေးဖွဲ့ထားတာဖြစ်ပါတယ်။

(၄) 2002

ဒီသီချင်းရဲ့အဆိုတော်ကတော့ Anne-Marie ဖြစ်ပါတယ်။ သီချင်းရေးသူရော၊ သီချင်းဆိုသူနှစ်ယောက်စလုံးက ၁၉၉၁ ခုနှစ်မွေးကြသူတွေဖြစ်လို့ အသက်အရွယ်အတူတူပါပဲ။ ဒီသီချင်းလေးကိုတော့ ၂၀၁၈ ခုနှစ်က ရေးဖွဲ့သီကုံးထားတာဖြစ်ပါတယ်။

(၃) Cold Water

ဒီသီချင်းကိုတော့ ED Sheeran သည် Major Lazer အတွက် ၂၀၁၆ တုန်းက ရေးဖွဲ့ထားတာဖြစ်ပါတယ်။ Featuring အနေနဲ့ကတော့ Justin Bieber နဲ့ MO တို့က သီဆိုထားတာဖြစ်ပါတယ်။

(၂) Eastside

ဒီသီချင်းကိုတော့ Philadephia သို့ နယ်လှည့်ဖျော်ဖြေဖို့သွားစဉ်မှာ ရေးဖွဲ့ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ Benny Blanco ၊ Alternative Pop ဘုရင်မ Halsey နဲ့ R&B စတားတစ်ယောက်ဖြစ်တဲ့ Khalid တို့အတွက် ရေးဖွဲ့ထားတာဖြစ်ပါတယ်။

(၁) Love Yourself

Justin Bieber သီဆိုထားတဲ့ Love Yourself သီချင်းသည် Ed Sheeran ကိုယ်တိုင် ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ထိုသီချင်းသည် Ed Sheeran ရေးဖွဲ့ခဲ့သမျှသီချင်းများအနက် အအောင်မြင်ဆုံးသီချင်းလို့တောင် ပြောနိုင်ပါတယ်။ ထိုသီချင်းကိုတော့ သူသည် ၂၀၁၅ ခုနှစ်က ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

သင်ရော အခုဖော်ပြသွားခဲ့တဲ့သီချင်းတွေထဲက ဘယ်သီချင်းကို အကြိုက်ဆုံးပါလဲ။

Source: Thisisdig.com