တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်နေပါသလား။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီး၊ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့အတွက် သီချင်းလေးသာနားထောင်လိုက်ပါ။

ဒီတစ်ခါမှာ ဝေမျှပေးမယ့်သီချင်းလေးတွေက ဘာသီချင်းတွေဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်။

I Like Me Better

နာမည်အရင်းကတော့ Ari Staprans Leff ဖြစ်ပြီး အနုပညာနာမည် Lauv လို့အမည်ရတဲ့ အမေရိကန် အဆိုတော်၊ သီချင်းရေးဆရာ သီဆိုထားတဲ့ I Like Me Better ဆိုတဲ့ သီချင်းလေးကတော့ ကြည်နူးစရာအပြည့်ပါဝင်တဲ့ သီချင်းစားသားလေးတွေနဲ့ ဖန်တီးထားတာပါ။ သီချင်းထဲက ကောင်လေးပြောပြထားတာက သူ့ကောင်မလေးနဲ့အတူတူရှိနေတဲ့အချိန်မှာ သူ့ကိုယ်သူအရမ်းသဘောကျတယ်လို့ ပြောထားပါတယ်။ သီချင်းလေးကနေ တစ်ဆင့် သူမအပေါ်ထားရှိတဲ့ နက်နဲတဲ့အချစ်တွေကို သိမြင်နိုင်ပါတယ်။ သီချင်းလေးကို ဆက်နားထောင်ကြည့်လိုက်ရအောင်။

Source: Lauv’s YouTube Official

7 Minutes

ရိုမန့်တစ်ဆန်တဲ့သီချင်းလေးနားထောင်လို့ပြီးသွားပြီဆိုတော့ အသည်းကွဲသီချင်းဘက် ပြန်လှည့်လိုက်ရအောင်။ ဖီးလ်လို့ကောင်းတဲ့ သီချင်းလေးကတော့ သြစတြီးလျနိုင်ငံသား တေးရေးဆရာနဲ့ အဆိုတော်ဖြစ်သူ Dean Lwis ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ 7 Minutes သီချင်းလေးပဲဖြစ်ပါတယ်။  အသည်းကွဲနေတဲ့သူတွေရဲ့ ခံစားချက်နဲ့ ကိုက်ညီမယ့် သီချင်းစာသားလေးတွေ ပါဝင်ပါတယ်။

Source: Dean Lewis’s YouTube Official

Middle Child

ရက်သီချင်းချစ်သူတွေအတွက် အမေရိကန်ရက်ပါအဆိုတော် J. Cole ရဲ့ Middle Child ကလည်း အကောင်းဆုံးသီချင်းတွေထဲမှာ စာရင်းဝင်ထားပါတယ်။ သီချင်းခေါင်းစဉ်လေးနဲ့တင် နက်ရှိုင်းတဲ့ အဓိပ္ပာယ်များစါာပါဝင်နေပါတယ်။ မောင်နှမထဲမှာဆို အကြီးဆုံးနဲ့ အငယ်ဆုံးသားသမီးကိုသာ မိဘတွေက ပိုချစ်တယ်ဆိုပြီး အလတ်တွေရဲ့ ခံစားချက်ကို ဖော်ကျူးထားတဲ့သီချင်းလေးပါ။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ မှာ ဒီသီချင်းလေး စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။

Source: J. Cole’s YouTube Official

Happier

Happier ဆိုတဲ့ သီချင်းလေးကတော့ DJ နဲ့ EDM ပိုင်းမှာ ဆရာတစ်ဆူဖြစ်တဲ့ Marshmello နဲ့ ပေါ့တီဝိုင်းတစ်ခုဖြစ်တဲ့ Bastille အဖွဲ့တို့ရဲ့ နာမည်ကြီးသီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းကလည်း အသည်းကွဲသီချင်းလေးပဲဖြစ်ပါတယ်။ ၂၀၁၈ သြဂုတ်လ ၁၇ ရက်နေ့ကတည်းက ထွက်ရှိခဲ့ပေမယ့်လည်း ယနေ့ထိတိုင် လူကြိုက်များနေဆဲဖြစ်ပါတယ်။ သီချင်းထဲက ကောင်လေးက သူမရဲ့ကောင်မလေးကို ချစ်ပေမယ့်၊ သူမရဲ့အပြုံးတွေကို မြင်ချင်ပေမယ့် သူထွက်သွားမှ သူမပျော်ရွှင်ရမှာဖြစ်တယ်ဆိုပြီး ခံစားချက်အပြည့်နဲ့သီဆိုထားတာပဲဖြစ်ပါတယ်။ သီချင်းလေးနဲ့ အတူတူဖီးလ်လိုက်ရအောင်လား။

Source: Marshmello’s YouTube Official

Sunflower

Spider-Man: Into The Spider-Verse ဆိုတဲ့ ကာတွန်းကားလေးထဲက ဇာတ်ဝင်တေးလေးကိုတော့ Post Malone နဲ့ Swae Lee တို့ရဲ့သီချင်းကောင်းလေးပဲဖြစ်ပါတယ်။

Source: Post Malone’s YouTube Official

High Hopes

အမေရိကန်ရော့ခ် Band တစ်ခုဖြစ်တဲ့ Panic! At The Disco အဖွဲ့ရဲ့ High Hopes သီချင်းလေးကလည်း မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ အင်မတန်ကောင်းတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ ဘဝအကြောင်းဖွဲ့ဆိုထားတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ ရည်မှန်းချက်ကို မြင့်မြင့်ထားပါ။ ကျရှုံးသွားတဲ့အခါမှာလည်း စိတ်ပျက်မသွားဘဲ ဆက်လက်ကြိုးစားဖို့ တွန်းအားပေးနေတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ မဖြစ်မနေနားထောင်သင့်တဲ့သီချင်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: Panic! At The Disco

ဒီတစ်ပတ်မှာတော့ ဒီသီချင်းလေးတွေနဲ့ ကျေနပ်ကြမယ်လို့ မျှော်လင့်မိပါတယ်။ နောက်တစ်ပတ်မှာလည်း ဒီ့ထက်ကောင်းတဲ့ သီချင်းကောင်းလေးတွေကို ဆက်လက်ဖော်ပြပေးမှာဖြစ်လို့ ဆက်လက်အားပေးနားဆင်ဖို့မမေ့ကြနဲ့ဦးနော်။