ကမ္ဘာကြီးနဲ့ပတ်သတ်ပြီးသီချင်းတွေစပ်ဆိုခဲ့ကြတဲ့ အဆိုတော် တေးရေးဆရာ အနုပညာရှင်တွေအများကြီးရှိပါတယ်။ အဲ့ဒီထဲက လူသိများပြီးနားထောင်လို့ကောင်းတဲ့ ကမ္ဘာကြီးအကြောင်းသီချင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ အားလုံးအတူတူနားထောင်ရင်း ကမ္ဘာမြေကြီးပြန်လည်ကျန်းမာလာဖို့ ဆုတောင်းပေးကြရအောင်။

(၁) Heal The World ( Micheal Jackson)

Source : Michael Jackson

Heal The World သီချင်းကတော့ အမေရိကန်အနုပညာရှင် မိုက်ကယ်ဂျက်ဆင်ရဲ့ သမိုင်းဝင်သီချင်းတပုဒ်ပါ။ ၁၉၉၁ မှာထွက်ရှိခဲ့တဲ့ Dangerous တေးအယ်လ်ဘမ်မှာပါဝင်တဲ့ ဒီသီချင်းကိုသူကိုယ်တိုင်ရေးသားခဲ့တာပဲဖြစ် ပါတယ်။ Heal The World ရဲ့ သီချင်းသီတင်းစကားကတော့ ကမ္ဘာကြီးပိုမိုကောင်းမွန်အောင် လူတွေအားလုံး အတူတူတကွလုပ်ဆောင်နိုင်တယ်ဆိုတဲ့အချက်ပါ။

ဥပမာ – ကမ္ဘာကြီးမှာ ပိုမိုငြိမ်းချမ်းပြီးပျော်ရွှင်အောင် ဆင်းရဲ နွမ်းပါးတဲ့လူတွေကိုကူညီတာ၊ လူအချင်းချင်းကူညီရိုင်းပင်းတာမျိုးတွေ အားလုံးအတူတူလုပ်လို့ရတယ်လို့ဆိုလို ချင်တာပါ။ မိုက်ကယ်ဂျက်ဆင်က သီချင်းထဲမှာပါတဲ့ စာသားတခုစီတိုင်းကို လေးနက်ထိမိတဲ့ စာသားအသုံး အနှုန်းတွေနဲ့ရေးဖွဲ့ထားတဲ့အတွက် နားထောင်တိုင်း ရိုးမသွားဘဲနူးညံတဲ့နှလုံးသား တခုကိုရရှိ ခံစားရမှာပါ။

(၂) One Man Can Change The World ( Big Sean )

Source : Big Sean

ကွယ်လွန်သွားတဲ့အဖွားဖြစ်သူကို ဂုဏ်ပြုစပ်ဆိုထားတဲ့ Big Sean ရဲ့ One Man Can Change The World သီချင်းကလဲ ကမ္ဘာကြီးအကြောင်းသီချင်းကောင်းတပုဒ်ပါ။ ၂၀၁၅ မှာထွက်ခဲ့တဲ့ ဒီဟစ်ဟော့ပ်အမျိုးအစား သီချင်းက လူတဦးတယောက်ချင်းစီမှာ ကမ္ဘာကြီးပိုကောင်းလာအောင်ပြောင်းလဲဖို့စွမ်းအားတွေရှိတယ်လို့ သတိပေးထားပါတယ်။

Big Sean ရဲ့ အဖွားဖြစ်သူဟာ ဒုတိယကမ္ဘာစစ်အတွင်းပြန်ရောက်လာတဲ့ ပထမဆုံး လူမည်းအမျိုးသမီးဗိုလ်မှူးကြီးတွေထဲက တယောက်ပါ။ Big Sean က အဖွားက သူ့ရဲ့အိမ်မက်တွေကို ရအောင် အကောင်အထည်ဖော်ဖို့တိုက်တွန်းခဲ့တဲ့ သူလေးစားအားကျရတဲ့မိသားစုဝင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသီချင်းကနေ ကောင်းတဲ့စိတ်ခွန်အားတွေအများကြီးရမယ်လို့ မျှော်လင့်ပါတယ် နားထောင်ကြည့်လိုက်ပါဦး။

(၃) We Are The World ( Micheal Jackson)

Source : Edwin V

နောက်ဆုံးတပုဒ်ကတော့ အားလုံးသိကြတဲ့ We Are The World သီချင်းပဲဖြစ်ပါတယ်။ ဒီသီချင်းကို ၁၉၈၅ ခုနှစ်မှာ အာဖရိကအတွက် ပရဟိတသီချင်းတပုဒ်အနေနဲ့အသံသွင်းခဲ့တာဖြစ်ပြီး မိုက်ကယ်ဂျက်ဆင်နဲ့ အဆို တော် သီချင်းရေးဆရာလိုင်ရွန်နယ်ရစ်ချီတို့ အတူတကွရေးသားခဲ့ကာ ထုတ်လုပ်သူ ကွင်စီဂျုန်းနဲ့ မိုက်ကယ်အို မော်တီရန်တို့က အယ်လ်ဘမ်အဖြစ်ထုတ်ဝေပေးခဲ့ပါတယ်။

ကမ္ဘာတဝှမ်း ကော်ပီ သန်း၂၀ကျော်ရောင်းချခဲ့ရပြီး We Are The World သီချင်းထဲမှာ အဆိုတော်စုစုပေါင်း ၄၆ ယောက်ကပါဝင်သီဆိုပေးခဲ့ပါတယ်။ ကမ္ဘာကြီး အတွက် ကြီးမားတဲ့အပြောင်းအလဲဖြစ်ဖို့ လူသားအားလုံးက ဆင်းရဲနွမ်းပါးမှုတွေ လူ့အဖွဲ့အစည်းကိုပျက်စီးစေ မယ့်အရာအားလုံးကိုဖယ်ရှားနိုင်ဖို့ အတူတကွလက်တွဲဆောင်ရွက်ရမယ် လူသားအားလုံးကကမ္ဘာကြီးပါပဲဆိုတဲ့ ရည်ရွယ်ချက်နဲ့သီဆိုထားတာဖြစ်ပါတယ်။