ကွန်ပြူတာရှေ့ အဲယားကွန်းလေးအောက်မှာထိုင်ပြီး အလုပ်လုပ်ရတာ သက်သာတယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ အလုပ်တိုင်းမှာ စိတ်ဖိစီးမှုဆိုတာရှိကြစမြဲပါ။ ကာယနဲ့လုပ်ရတဲ့ အလုပ်မှဟုတ်ပါဘူး ညာဏနဲ့လုပ်ရတဲ့ အလုပ်တွေမှာလည်း ပင်ပန်းခြင်းစိတ်ဖိစီးခြင်းတွေ ရှိကြပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ ထိုင်ခုံမှာထိုင်ပြီး အလုပ်လုပ်နေရင်း စိတ်ဖိစီးမှုတွေများလာတယ်ဆိုရင်တော့ အခုပြောပြမယ့် အရာလေးတွေလုပ်ဆောင်ပေးခြင်းဖြင့် စိတ်ဖိစီးမှုတွေလျော့နည်းသက်သာစေနိုင်ပါတယ်။

(၁) သင့် ကွန်ပြူတာကို sleep mode လုပ်လိုက်ပါ

Source : Computer Geek

အလုပ်လုပ်ရင်း စိတ်ဖိစီးမှုတွေအရမ်းများပြီး ပင်ပန်းလာတဲ့အချိန်မှာ သင့်ကိုသင်ခဏလောက်အနားပေးဖို့လိုအပ်ပါတယ်။ အချိန်များကြီးမလိုပါဘူး။ ၁၀ မိနစ်လောက် သင့် ကွန်ပြူတာကို sleep mode လုပ်ထားပြီး အလုပ်အကြောင်းဘားမှမတွေးပဲ စိတ်ရောခန္ဓာကိုယ်ပါ အနားယူပေးပါ။ ပြီးမှအလုပ်ဆက်လုပ်ပါ။

(၂) အဝေးတစ်နေရာကိုကြည့်လိုက်ပါ

Source : Medical News Today

မျက်စိနှင့် စိတ်ကိုအနားပေးတဲ့အနေနဲ့ အဝေးတနေရာကို စက္ကန့် ၂၀ လောက်စိုက်ပေးပါ။ အစိမ်းရောင်ရှိတဲ့ သစ်ပင်တွေ စိမ်းစိမ်းစိုစိုရှုတဲ့ ရှု့ခင်းတွေကိုကြည့်ရှု့ခင်းက သင့်ရဲ့မျက်စိကိုအနားပေးရာရောက်ပြီး စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေတာကြောင့် စိတ်ဖိစီးမှုတွေလျော့ကျသက်သာစေမှာဖြစ်ပါတယ်။

(၃) နားကျပ်ယူလိုက်ပါ

Source : Avanade

အလုပ်လုပ်ရင်း စိတ်ဖိစီးလာပြီဆိုရင် သင်ရဲ့နားကျပ်လေးကိုသာ အမြန်ဆုံးယူလိုက်ပါ။ ပြီးရင်သင်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖွင့် မျက်စိမှတ်ပြီး ဂီတသံစဉ်တွေနဲ့ စီးမြောလိုက်ပါ။ သီချင်းနားထောင်ခြင်းက သင့်ရဲ့ ဖိစီးတင်းကျပ်နေတဲ့ စိတ်တွေကိုပြေလျော့စေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

(၄) Tea Break ယူပါ

Source : Guy Counseling

အနားယူတဲ့အချိန်မထားပဲ တစ်ချိန်လုံးအလုပ်လုပ်နေတာက သင့်ကိုစိတ်ဖိစီးမှုတွေနဲ့ ငြီးငွေ့ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တနေ့တာမှာ အနည်းဆုံး ၁၅ မိနစ်လောက်ထိုင်ခုံကနေထပြီး Tea Break ယူသင့်ပါတယ်။ လမ်းလေးဘာလေးလျောက် ကော်ဖီလေးတစ်ခွက်သောက်ပြီး အနားယူလိုက်တာက စိတ်ဖိစီးမှုလျော့ကျစေပြီး အလုပ်ဆက်လုပ်ဖို့ ခွန်အားတွေရစေမှာပါ။