၁၉၂၀ ခုနှစ်ကာလတွေမှာ လူကြိုက်များ ရေပန်းစားခဲ့တဲ့ ကော့လ်တေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Southside ကော့လ်တေး လို့ခေါ်ပါတယ်။ Gin မိုဟီတို Mojito လို Refreshing ဖြစ်တဲ့ ကော့လ်တေးတွေကြိုက်ရင် Try ကြည့်သင့်ပါတယ်။

Photo : A Couple Cooks

ကော့လ်တေး ဖျော်စပ်နည်းကလည်း ဘားမှခက်ခဲရှုပ်ထွေးတဲ့ အဆင့်တွေ မပါပါဘူး။ Gin ၊ သံပုရာရည် Lime Juice ၊ ပူစီနံ Mint နဲ့ Simple Syrup ဒါမှမဟုတ် Maple Syrup စတဲ့ ပါဝင်ပစ္စည်း ၄ မျိုးနဲ့သာ အဓိက ဖျော်စပ်။ ချိုချဉ်ရှိန်းအေး အရသာလေးနဲ့မို့ မိန်းကလေးတွေရော ယောကျာ်းလေးတွေပါ သောက်လို့အဆင်ပြေပါတယ်။ Dinner ပါတီ ၊ နွေရာသီ ပါတီပွဲတွေနဲ့ ရေကူးကန်ဘေး ၊ ကန်ဘောင်ဘေးနဲ့ ကမ်းခြေမှာ ကျင်းပမယ့် ပါတီပွဲမှာလည်း တည်ခင်းလို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ကဲဒါဆို ကော့လ်တေးဖျော်စပ်နည်း အဆင့်ဆင့်ကို လေ့လာကြည့်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး မိုဟီတို Mojito ဖျော်စပ်နည်းအတိုင်းပဲ ကော့လ်တေး Shaker ထဲမှာ ပူစီနံရွက် ၅ ရွက် ၊ ၆ ရွက်ခန့်ကို ထည့်ပြီး Muddler နဲ့ ထိုးချေပေးပါ။ ပြီးတဲ့အခါ Gin ၂ အောင်စ ၊ လတ်ဆတ်တဲ့ သံပုရာရည် အောင်စဝက် ၊ သံပုယိုရည် အောင်စဝက် ၊ Simple Syrup သို့မဟုတ် Maple Syrup အောင်စဝက် တို့ကို ရေခဲအနည်းငယ်ရောထည့်ပြီး ကောင်းကောင်း ရှိတ်ပေးပါ။ နောက်ဆုံးအဆင့်အနေနဲ့ ကော့လ်တေး ဖန်ခွက်ထဲကို ပြောင်းထည့်ပြီး ပူစီနံရွက် သံပုယိုခွံလေးတွေနဲ့ အလှဆင်ပြီး ချိုချဉ်ရှိန်းအေးတဲ့ Southside ကော့လ်တေး ရဲ့အရသာကို မြည်းစမ်းနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Ateriet