တင်္နလာနေ့ မနတ်က ယှဉ်ပြိုင်ကစားခဲ့တဲ့  (၂၁)နှစ်အောက် ဥရောပဖလားဗိုလ်လုပွဲမှာ စပိန်ယူ ၂၁ အသင်းက ဂျာမနီယူ ၂၁ အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။ ဒါဟာ စပိန်ယူ ၂၁ ရဲ့ ၅ ကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းလည်းဖြစ်ပါတယ်။

Source: Trusted Reviews

ပွဲဟာနှစ်ဖက် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲအပြီးမှာတော့ စပိန်ကဂျာမနီအသင်းကို (၂-၁) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာပါ။ စပိန်အသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်းရဲ့ ပွဲကစားချိန် (၇) မိနစ်မှာ Fabian Ruiz ကသွင်းယူခဲ့ပါတယ်။ စပိန်အသင်းရဲ့ အနိုင်သေချာစေမဲ့ဂိုးကိုတော့ ပွဲကစားချိန် ၆၉ မိနစ်မှာ Nubel fumbled Ruiz ရဲ့ ပါးနပ်တဲ့ ဖန်တီးပေးမှုကနေတဆင့် Dani Olmo က သွင်းယူခဲ့ပါတယ်။ ဂျာမနီအသင်းရဲ့နှစ်သိမ့်ဂိုးကိုတော့ ပွဲမပြီးခင် ၂ မိနစ်အလိုမှာ Nadiem Amiri ကသွင်းယူပေးခဲ့ပါတယ်။

Source: Bleacher Report

စပိန်အသင်းရဲ့နောက်ခံကစားသမားဖြစ်သူ Jesus Vallejo ဟာပထမပိုင်းမှာ ဂျာမနီအသင်းကစားသမားဖြစ်သူ Luca Waldschmidt ကြမ်းတမ်းစွာ ဖြတ်ထုတ်ကစားခဲ့တာပါ။ အဆိုပါ ကစားသမားသာဒီပွဲမှာ အနီကက်ပြထုတ်ခံရရင် ပွဲရလဒ်ကပြောင်းလဲသွားနိုင်ပါတယ်။ ကွင်းလယ်ဒိုင်ဖြစ်သူက အဆိုပါကစားသမားကို အဝါကက်သာပြသခဲ့တဲ့အတွက်ကြောင့် စပိန်အသင်းအတွက်သက်သာရာရခဲ့တာပါ။

Source: News Beezer

ဂျာမနီအသင်းဟာ ဒုတိယပိုင်းမှာ တိုက်စစ်မြင့်ကစားခဲ့ပေမဲ့ အရာမထင်ခဲ့ပဲ ပွဲအပြီးမှာတော့ စပိန်အသင်းကို ရှုံးနှိမ့်ခဲ့ရပါတယ်။ဗိုလ်လုပွဲကိုတော့ အီတလီနိုင်ငံ Udine မြို့မှာကျင်းပခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ပိုလန်နိုင်ငံမှာကျင်းပတဲ့ ဥရောပဖလား ဗိုလ်ပွဲမှာ ဂျာမနီ ယူ ၂၁ အသင်းက စပိန်ယူ ၂၁ အသင်းကို အနိုင်ရရှိပြီး ဗိုလ်စွဲဖူးပါတယ်။ စပိန်ယူ ၂၁ ဟာ ယူ ၂၁ အောက် ဥရောပဖလား ပြိုင်ပွဲမှာ ၅ ကြိမ်မြောက်ဗိုလ်စွဲခြင်းဖြစ်ပြီးတော့ ဂျာမနီ ယူ ၂၁ အသင်းကတော့ ၂ ကြိမ်ထိဗိုလ်စွဲထားပါတယ်။