လာလီဂါပြိုင်ပွဲများ ပြီးဆုံးသည့်အထိ ကျင်းပနိူင်ခဲ့ခြင်းမရှိပါက လက်ရှိ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေသော ဘာစီလိုနာအသင်းဟာ ချန်ပီယံဆု ရရှိမှာမဟုတ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်က ပြောသွားခဲ့ပါတယ်။

Source: Bein Sports

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ အကုန် ရပ်ဆိုင်းထားကြရပါတယ်။ UEFA ဟာ လာမည့်ဘောလုံးရာသီသစ်ကို ထိခိုက်မှုမရှိစေရန်အတွက် ပြည်တွင်းပြိုင်ပွဲတွေကို ယခုရာသီကို ဇွန် (၃၀) တွင် အဆုံးသတ်ရန်လည်း တိုက်တွန်းထားကြောင်း သိရပါတယ်။

Source: The-Star-Online

”လာလီဂါပြိုင်ပွဲကို ဇွန်(၃၀)မတိုင်ခင် အဆုံးသတ်နိူင်အောင် လုပ်ဆောင်နေပါတယ်။ အသင်းအားလုံး ပွဲတွေအကုန် ယှဉ်ပြိုင်ကစားနိူင်ဖို့ ဥရောပဘောလုံးအဖွဲ့ချုပ် နှင့်အတူ အဖွဲ့ဝင်(၅၅)နိုင်ငံစလုံး ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီထားပြီးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရာသီကို ပြီးဆုံးအောင် ကျင်းပနိုင်မယ်လို့ ကျွန်တော် အာမမခံနိုင်ပါဘူး။ လက်ရှိအနေအထားအတိုင်း အဖြေထုတ်မယ်ဆိုရင် တရားမျှတမှုမရှိဘဲ ဖြစ်သွားပါလိမ့်မယ်” ဟု ရူဘီယာလက်စ်က သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

Source: Action News Jax

လောလောဆယ်မှာတော့ လာလီဂါပြိုင်ပွဲကို ပွဲစဉ်(၂၇) ပွဲအထိ ကစားထားပြီးဖြစ်ပါတယ်။ ဇယားထိပ်မှာတော့ ဘာစီလိုနာအသင်းက ရီးယဲလ်ကို (၂) မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။ ရူဘီယာလက်စ် ရဲ့ပြောစကားအရဆိုရင် တော့ လာလီဂါပြိုင်ပွဲတွေပြီးဆုံးတဲ့အထိ မကျင်းပနိူင်ပါက ဘာစီလိုနာအသင်း ချန်ပီယံဆု ရရှိမည်မဟုတ်ပါဘူး။