မန်စီးတီးအသင်းဟာ အက်သလက်တီကိုအသင်းကွင်းလယ်ကစားသမား ရိုဒရီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးယူရိုသန်း (၇၀) ဖြင့်ခေါ်ယူလိုက်ပြီဖြစ်ကြောင်းဇူလိုင်လ (၄) ရက် နေ့ကသတင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အသက် (၂၃) နှစ်အရွှယ် စပိန်လက်ရွှေးစင်ကစားသမားရိုဒရီကိုခေါ်ယူဖို့ အက်သလက်တီကိုအသင်း ချုပ်ဆိုထားတဲ့ စာချုပ်ပါလျော်ကြေးအတိုင်း ပေးဆောင်နဲ့ (၅) နှစ်စာစာချုပ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

Source : Manchester City

မန်စီးတီး နည်းပြပက်ဂွာဒီယိုလာအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အက်သလက်တီကိုအသင်းတွင် အကောင်းဆုံးခြေစွမ်းပြကစားနေခဲ့တဲ့ ကွင်းလယ်ကစား သမားရိုဒရီကို အသင်းရဲ့ကွင်းလယ်ပိုင်းအတွက်အင်အားဖို့ ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ရိုဒရီဟာ အက်သလက်တီကို လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး ဗီလာရီးရဲလ်အသင်းမှာ လူငယ်ကစားသမားအဖြစ် (၃) ရာသီကြာကစားခဲ့ပြီးမှ ပေါင်သန်း(၂၀)ဖြင့် အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။

Source : Manchester City

ရိုဒရီအနေနဲ့ မန်စီးတီးအသင်းမှာ ကစားဖို့အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပြီး ” ပြီးခဲ့တဲ့ (၂)ရာသီမှာ မန်စီးတီးအသင်းရရှိခဲ့တဲ့ အောင်မြင်မှုတွေက တကယ့်ကိုအံ့အားသင့်စရာပါပဲ။ဒီလိုအောင်မြင်မှုတွေသာမကပဲ မန်စီးတီးအသင်းရဲ့ စီမံခန့်ခွဲမှုတွေ ၊ ကစားပွဲအတွင်း ပြိုင်ဘက်အသင်းအပေါ်တိုက်စစ်ဆင်တဲ့ နည်းဗျူဟာတွေ ၊ အသင်းရဲ့ ရည်မှန်းချက်တွေက မန်စီးတီးအသင်းကို ပြောင်းရွှေ့ကစားဖို့ ဆွဲဆောင်နေခဲ့တာဖြစ်ပါတယ်။ နည်းပြ ပက်ဂွာဒီယိုလာ ၊ အသင်းဖော်သစ်တွေနဲ့အတူတူလက်တွဲအလုပ်လုပ်ဖို့ မစောင့်နိုင်တော့ပါဘူး။ကျွန်တော်တို့အားလုံးပူးပေါင်းပြီး ခမ်းနားတဲ့အောင်မြင်မှုတွေရယူသွားဖို့မျှော်လင့်တယ်လို့ “၎င်းကဆိုပါတယ်။

Source : Manchester City

ရိုဒရီဟာ မန်စီးတီးအသင်းမှာပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ကနေ ၂၀၁၅ခုနှစ် အတွင်းဝတ်ဆင်ခဲ့တဲ့ အဂွဲရိုးရဲ့ ကျောနံပတ်(၁၆) ကိုဝတ်ဆင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းခေါ်ယူခဲ့တဲ့ ပေါင်သန်း (၆၀) တန်ကစားသမား မာရက်ဇ် ကိုကျော်ဖြတ်ကာ မန်စီးတီးအသင်းသမိုင်းတစ်လျောက်လုံး တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။