ပရော်ဖက်ရှင်နယ် Gamers တွေမှ မဟုတ်ပါဘူး။ ဂိမ်းကစားခြင်းကို ဝါသနာထုံသူတိုင်း သက်တောင့်သက်သာနဲ့ ငြိမ့်ငြိမ့်ငြောင်းငြောင်းရှိတဲ့ Gaming Chair တစ်လုံးတော့ လိုအပ်ပါတယ်။ အခုနောက်ပိုင်း Gaming Chair တွေမှာ အသံစနစ်ထောက်ပံ့ပေးနိုင်တဲ့ Speaker တွေတပ်ဆင်ထားတဲ့ ထိုင်ခုံတွေ တော်တော်လေး လူကြိုက်များ ရေပန်းစားလာပါတယ်။ Speaker တပ် Gaming Chair တွေရဲ့ အားသာချက်တစ်ခုက ဂိမ်းဆော့တဲ့အခါ လေးလံတဲ့ Headsets တပ်စရာမလိုပဲ အမိုက်စား အသံပိုင်းဆိုင်ရာ အတွေ့အကြုံကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ Speaker တပ် Gaming Chair တွေဟာ ပရော်ဖက်ရှင်နယ် Gamers တွေနဲ့ ဂိမ်းဝါသနာရှင်တွေအတွက် အလွန်အသုံးဝင်တဲ့ Gadget တစ်ခု ဖြစ်ပါတယ်။ အကယ်၍ ကွီးတို့က အသံစနစ်ထောက်ပံ့ပေးတဲ့ Gaming Chair တစ်လုံးဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီနှစ်ထဲက ရွေးချယ်ဖို့ အသင့်တော်ဆုံး Speaker တပ် Gaming Chair ၅ လုံးကို ပြောပြေပေးချင်ပါတယ်။

(၁) GTRacing Gaming Chair

Photo : Siachen Studios

GTRacing Gaming Chair ကတော့ Bluetooth Speaker စနစ်ပါဝင်တဲ့ အမိုက်စား Gaming Chair တစ်လုံးဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာမှာ အရမ်းမိုက်တဲ့ Bluetooth Speaker ၂ လုံး တပ်ဆင်ထားပြီး Faux Leather နဲ့ ချုပ်လုပ်ထားတဲ့အတွက်ထိုင်ရတာ သက်တောင့်သက်သာ ရှိတဲ့ Gaming Chair တစ်လုံး ဖြစ်ပါတယ်။ ထိုင်ခုံရဲ့ အလေးချိန်ကတော့ ပေါင် ၃၀၀ ဝန်းကျင်ရှိတာကြောင့် ဂိမ်းကစားချိန်မှာ တည်ငြိမ်ပြီး ငြိမ့်ညောင်းမှုရှိတဲ့ ခံစားချက်ကို အပြည့်အဝ ခံစားနိုင်မှာပါ။ GTRacing Gaming Chair ရဲ့ ဈေးနှုန်းကတော့ ၁၂၅ ဒေါ်လာ ကနေ ဒေါ်လာ ၁၆၀ ကြားရှိပြီး အရောင်ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိပါတယ်။

(၂) X Rocker Pro Series H3

Photo : Siachen Studios

X Rocker Pro Series H3 Gaming Chair ကတော့ အသံပေါ်မူတည်ပြီး တုန်ခါမှုစနစ်ထည့်သွင်းထားတဲ့ အမိုက်စား Gaming Chair တစ်လုံး ဖြစ်ပါတယ်။ Bluetooth Speaker ၄ လုံးနဲ့ Subwoofer တစ်လုံး တပ်ဆင်ထားတဲ့အတွက် အသံပိုင်းဆိုင်ရာမှာတော့ သူမတူတဲ့ စွမ်းဆောင်ရည်ကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ထိုင်ခုံရဲ့အသားကို Leather နဲ့ ချုပ်လုပ်ထားပြီး အလေးချိန်ကတော့ ၂၇၅ ပေါင်ခန့် ရှိပါတယ်။ ဆွဲမက်ဖွယ်အနက်ရောင် ဒီဇိုင်းနဲ့ ထွက်ရှိထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၂၅ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၃) VON Racer Rocking Chair

Photo : Siachen Studios

၂၀၂၂ ခုနှစ်ထဲက နောက်ထပ်ရွေးချယ်ဖို့အကောင်းဆုံး Speaker တပ် Gaming Chair တစ်လုံး ကတော့ Reficcer ကထုတ်တဲ့ VON Racer Rocking Chair ဖြစ်ပါတယ်။ VON Racer Rocking Chair ဟာ Bluetooth စနစ်နဲ့ အသုံးပြုနိုင်မယ့် Speaker ၂ လုံး တပ်ဆင်ထားပြီး ၃၆၀ ဒီဂရီ ရွေ့လျားနိုင်မယ့် ဆုံလည်မော်တာ ထည့်သွင်းထားပါတယ်။ ထိုင်ခုံကိုတော့ Leather သားနဲ့ချုပ်ထားပြီး အလေးချိန် ပေါင် ၂၇၀ ခန့်ရှိပါတယ်။ VON Racer Rocking Chair ရဲ့ ဈေးနှုန်းကတော့ ၂၀၉ ဒေါ်လာဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၄) X Rocker Surge Bluetooth 2.1

Photo : Siachen Studios

X Rocker ကထုတ်တဲ့ X Rocker Surge Bluetooth 2.1 ဟာ ထူးခြားတဲ့ Gaming Chair တစ်လုံးလို့ ပြောလို့ရပါတယ်။ X Rocker Surge Bluetooth 2.1 Gaming Chair မှာ Speaker ၂ လုံးနဲ့ အမိုက်စား Gaming Experience ကို ခံစားနိုင်မယ့် Subwoofer တစ်လုံး တပ်ဆင်ထားပါတယ်။ ပိုမိုက်တာတစ်ခုက Smart Devices တွေနဲ့လည်း တွဲဖက်အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ ထိုင်ခုံကိုတော့ ချည်သားနဲ့ ချုပ်လုပ်ထားပြီး အလေးချိန် ၂၇၅ ပေါင်ခန့်ရှိတဲ့ သက်တောင့်သက်သာအဖြစ်ဆုံး Gaming Chair တစ်လုံးဖြစ်ပါတယ်။ X Rocker Surge Bluetooth 2.1 ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၀ ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

(၅) Healgen Gaming Chair

Photo : Siachen Studios

Healgen Video Gaming Chair ကတော့ Speaker ၂ လုံးနဲ့ ပတ်လည်အသံစနစ် ထည့်သွင်းပေးထားတဲ့ အမိုက်စား Gaming Chair တစ်လုံးဖြစ်ပါတယ်။ ၃၆၀ ဒီဂရီ ရွေ့လျားနိုင်မယ့် ဆုံလည်မော်တာ တပ်ဆင်ထားပြီး ထိုင်ခုံရဲ့အနိမ့်အမြင့်ကို လိုသလို ချိန်ညှိနိုင်မယ့် ကိရိယာတွေပါဝင်ပါတယ်။ ထိုင်ခုံရဲ့ အသားကို Faux Leather နဲ့ချုပ်လုပ်ထားပြီး အလေးချိန်ကတော့ ပေါင် ၃၀၀ ခန့်ရှိပါတယ်။ Healgen Gaming Chair ရဲ့ ဈေးနှုန်းကတော့ ၂၂၉ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : Siachen Studios