Grand ရွှေလို့ လူသိများတဲ့ Special Reserve Whisky ကိုတော့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်အောင်ပဲ ညီအစ်ကိုတို့နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ စွဲမက်စရာ ရွှေလိုအရောင်အဆင်း အနံ့အရသာနဲ့ ပြည့်စုံတဲ့ Grand Royal Special Reserve က ညီအစ်ကိုတို့အကြိုက်နဲ့ အမြဲထပ်တူကျစေခဲ့တာပဲ မဟုတ်လား။

အောင်ပွဲခံချိန်တွေသာမက အခက်အခဲတွေကြား အားတင်းထားရတဲ့ အချိန်တွေမှာပါ ညီအစ်ကိုတို့အနား အမြဲရှိနေတဲ့ Special Reserve Whisky က ညီအစ်ကိုတို့အတွက် သစ္စာအရှိဆုံး အဖော်မွန်ကောင်းလို့ပြောရင် ငြင်းနိုင်မယ်မထင်ပါဘူး။ ဒီလို Special Reserve Whisky ကို အစဉ်တစိုက်အားပေးနေတဲ့ ရွှေချစ်သူတို့အတွက် ကြီးမားတဲ့ ရွှေအခွင့်အရေးကြီးက ညီအစ်ကိုတို့ရဲ့ လက်တစ်ကမ်းအလိုမှာ ရောက်နေပြီဆိုတာရော သိပြီးကြပြီလား။

ရွှေအခွင့်အရေးကြီးက ဘာတွေဖြစ်မလဲဆိုရင်တော့ Special Reserve ရဲ့ အဖုံးလေးတွေထဲမှာရှိတဲ့ စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်များစွာနဲ့ အဖုံးတွင်းကံစမ်းမဲ အစီအစဥ်ပါ။ “ရွှေသားပုလင်းပြန်လာပြီ ရွှေအရသာနှင့်အတူ ရွှေသားပုလင်းရယူ” ဆိုတဲ့အတိုင်း ဆုကြီးအနေနဲ့ကတော့ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိတဲ့ ရွှေသားအတိနဲ့ပြုလုပ်ထားတဲ့ ရွေပုလင်းကြီးကို ပိုင်ဆိုင်ခွင့်ရနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကပါဘူး ရွှေပုလင်းကြီးအပြင် ဆုငွေ ၁ သန်း၊ ၁၀ သိန်းကျပ်၊ ၁ သိန်းကျပ်နှင့် အခြားငွေသားဆု မဲပေါင်းများစွာကလည်း ညီအစ်ကိုတို့ကို စောင့်ကြိုနေပါတယ်နော်။

ကဲ ကံစမ်းမဲအစီအစဥ်မှာပါဝင်မယ့် ညီအစ်ကိုတို့အတွက် သိထားသင့်တဲ့ စည်းကမ်းချက်တွေကိုလည်း တစ်ခါတည်း ပြောပြပေးချင်ပါတယ်။ အရင်ဆုံး ကံစမ်းမဲအစီအစဥ်မှာပါဝင်မယ်ဆိုရင် အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ဖို့တော့ လိုပါတယ်။ နောက်ပြီး Grand Royal Group နှင့် ဆက်စပ်ကုမ္ပဏီတွေက ဝန်ထမ်းတွေကတော့ ဒီအစီအစဥ်မှာ ပါဝင်ခွင့်ရှိမှာမဟုတ်ပါဘူး။ အရေးကြီးဆုံးက မထင်မရှားပျက်စီးနေတဲ့ ဆုမဲတွေကို လဲလှယ်ပေးမှာမဟုတ်တဲ့အတွက် ကံစမ်းမဲပေါက်တဲ့အဖုံးလေးတွေကို သေချာဂရုတစိုက်သိမ်းဖို့လည်း သတိပြုစေချင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ငွေသားဆုမဲတွေကလွဲရင် တခြားဆုမဲများအားလုံးကို ငွေသားနှင့် လဲလှယ်ထုတ်ပေးမှာ မဟုတ်ပါဘူး။ ဆုမဲအတုအပပြုလုပ်၍ လဲလှယ်သူများကို ဥပဒေအရ ပြင်းထန်စွာအရေး ယူမှာဖြစ်တာကြောင့် ညီအစ်ကိုတို့ အထူးသတိပြုဖို့တော့လိုမယ်နော်။

ဒါဆို ဆုမဲတွေကိုရော ဘယ်မှာထုတ်လို့ရမှာလဲ။ ဆုမဲတွေကို နီးစပ်ရာဆိုင်ကြီးတွေမှာ ထုတ်ယူနိုင်ပါတယ်နော်။ ဆုကြီးတွေအတွက်ကတော့ ရန်ကုန် – ၀၁-၃၆၈၄၃၁၃၊ ၀၁-၃၆၈၄၃၁၄။ မန္တလေး – ၀၉-၄၅၃၃၃၃၉၄၁၊ ၀၉-၄၅၃၃၃၃၉၄၃၊ ၀၁-၄၅၃၃၃၃၉၄၇။ မော်လမြိုင် – ၀၅၇-၂၀၂၇၃၆၁၊ ၀၅၇-၂၀၂၇၃၆၂။ တောင်ကြီး- ၀၈၁-၂၀၆၇၅၄။ မကွေး – ၀၆၃- ၂၅၂၆၂။ လားရှိူး – ၀၈၂-၂၂၀၄၁၅၅။ စစ်တွေ – ၀၉-၈၅၀၀၂၆၂၊ ၀၄၃-၂၂၄၆၆။ မြစ်ကြီးနား -၀၇၄-၂၁၀၁၃။ ကျိုင်းတုံ – ၀၈၄-၂၂၇၇၀၁ စတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ကံစမ်းမဲကာလကတော့ ၂၀၂၁ ဩဂုတ်လကနေ ၂၀၂၁ စက်တင်ဘာလ အထိဖြစ်ပြီး ကံစမ်းမဲဆုလက်ဆောင်တွေကို ၂၀၂၃ စက်တင်ဘာလအထိ (၃၀) ရက်နေ့မတိုင်မီ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ကံစမ်းမဲအစီအစဉ်တွေအကြောင်း အသေးစိတ်ထပ်မံသိရှိလိုတယ်ဆိုရင်တော့ QR code ကို Scan ဖတ်ပြီး Special Reserve Whisky Facebook မှာ သွားရောက်လေ့လာနိုင်ပါတယ်။ ကဲ ညီအစ်ကိုတို့ရေ “ကမ္ဘာက လေးစားရတဲ့ မြန်မာပြည်ဖွား” Grand Royal Special Reserve Whisky ရဲ့ရွှေအရသာကိုခံစားရင်း ရွှေရောင်အခိုက်အတန့်တွေကို အမြန်ဆုံး ရယူလိုက်ကြရအောင်ပါ။