ပျော်ရွှင်မှုဆိုတာ ကိုယ်ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတူ မျှဝေခံစားတဲ့အခါမှ ပျော်ရွှင်မှုရဲ့ အရသာက ပိုလေးနက်စေသလို ဘော်ဒါတို့ရဲ့ ပျော်ရွှင်မှုကိုပြီးပြည့်စုံစေမယ့် အရာလေးတစ်ခုလည်း ရှိနေပါသေးတယ်။ ဒါကတော့ Golden Land လို့ ကမ္ဘာကတင်စားခေါ်ဝေါ်ကြတဲ့ ရွှေနိုင်ငံသား ရွှေမြန်မာတို့အတွက် ရွှေလို အရောင်အဆင်း အနံ့အရသာနဲ့ ပြည့်စုံတဲ့ Special Reserve Whisky ပါပဲ။ Grand Royal ရဲ့ ပရီမီယမ်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Special Reserve Whisky ဟာဆိုရင် ရွှေမြန်မာတို့အတွက် အထူးဖန်တီး ထုတ်လုပ်ထားတဲ့ နိုင်ငံတကာအရည်အသွေးနဲ့ စံနှုန်းမြင့်မားတဲ့ မြန်မာပြည်ဖွား ပြည်တွင်းဖြစ် အကောင်းစား ဝီစကီတစ်မျိုးဖြစ်ပါတယ်။

Special Reserve Whisky ဟာ ကမ္ဘာ့အဆင့်မှီ ဝီစကီ ဖြစ်တာနဲ့အမျှ ကမ္ဘာ့ဆုတံဆိပ်ပေါင်း (၃၀) ကျော်ကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ဝီစကီရဲ့ အရောင်အဆင်းအနံ့အရသာ ပြည့်စုံရုံတင်သာမကပဲ သေသပ်လှပတဲ့ ထုတ်ပိုးမှုပုံစံဒီဇိုင်း၊ မြန်မာ့စိတ်ရင်းစေတနာများစွာနဲ့ အကောင်းဆုံး ဖန်တီးထုတ်လုပ်ထားတဲ့အတွက် ညီအစ်ကိုတို့ရဲ့ ပျော်ရွှင်မှုကို အတိုင်းအဆမရှိ ပြီးပြည့်စုံစေမယ်ဆိုတာ သေချာပါတယ်။ ဒီလိုပျော်ရွှင်မှုတွေ ဖန်တီးပေးမယ့် Special Reserve Whisky ဟာ စားသုံးသူမိတ်ဆွေတို့အတွက် တကယ့်ကို ထူးခြားပြီး ပျော်ရွှင်ရင်ခုန်ဖွယ်ကောင်းတဲ့အစီအစဉ်အသစ်တစ်ခုကိုလည်း သယ်ဆောင်လာခဲ့ပြန်ပါတယ်။ ဒါဟာမြန်မာနိုင်ငံမှာ တစ်ခါမှကိုမလုပ်ဖူးသေးတဲ့ ထူးထူးခြားခြား ရင်ခုန်ဖွယ်ရာအစီအစဉ်လေး တစ်ခုဆိုလည်း မမှားပါဘူး။

ဒီအစီအစဉ်လေးနဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲကိုတော့ စက်တင်ဘာ (၁၂) ရက်နေ့က ရန်ကုန်မြို့ The Strand Hotel မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ တစ်ခါမှမလုပ်ဖူးသေးတဲ့ Special Reserve Whisky ရဲ့ တန်ဖိုးအကြီးမားဆုံးသော ရွှေသားအတိပုလင်းကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ ဒါ့အပြင် ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ဆုလက်ဆောင်တွေ ပေးအပ်မယ့်အကြောင်းကိုလည်း Myanmar Distillery Co., Ltd မှ တာဝန်ရှိပုဂ္ဂိုလ်များကရှင်းလင်းပြောပြသွားခဲ့ပါသေးတယ်။ အဆိုပါလက်ရာမြောက်လှတဲ့ ရွှေသားအတိပုလင်းဟာ Special Reserve Whisky (၇၀၀) ml ပုလင်းအရွှယ်အစားအတိုင်း တစ်ပုံစံတည်း အနုစိတ်ဖန်တီးပြုလုပ်ထားတာဖြစ်ပြီး နိုင်ငံတကာအရည်အသွေးမှီအောင်သမာဓိစိန်ရွှေရတနာဆိုင်နဲ့ ရွှေသန့်စင်လုပ်ငန်းရဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။

ရွှေမိတ်ဆွေတစ်ယောက်ချင်းစီကို အစဉ်ထာဝရ လေးစားတန်ဖိုးထားသည့်အားဖြင့်ဝယ်ယူအားပေးသူ မိတ်ဆွေညီအစ်ကိုတို့အားလုံးအတွက် တန်ဖိုးအကြီးမားဆုံးသော ရွှေသားအတိပုလင်းကြီးနဲ့အတူ တကယ့်ကိုရင်ခုန်စရာကောင်းတဲ့ ပရိုမိုးရှင်းအစီအစဉ်တွေ၊ အွန်လိုင်းအစီအစဉ်တွေနဲ့ ကံစမ်းမဲဆုလက်ဆောင်တွေကိုလည်း ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ဆုမဲတွေကတော့ Special Reserve Whisky (၇၀၀) ml ပုလင်းနဲ့ အရွှယ်အစားတစ်ပုံစံတည်းတူတဲ့ ရွှေသားပုလင်း၊ Hoverboard၊ Bluetooth Speaker တွေအပြင် (၁) သိန်းဆုအပါအဝင် အခြားသောငွေသားဆု ကျပ်သိန်းပေါင်း (၅၄၀၀) ကျော်တန်ဖိုးရှိတဲ့ Special Reserve Whisky ရဲ့ ပုလင်းအဖုံးတွင်းကံစမ်းမဲတွေကိုလည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင်နောက်ထပ်ထူးခြားတဲ့ အစီအစဉ်တစ်ခုအနေနဲ့အထူးဆုကြီးအဖြစ်ပါဝင်တဲ့ ရွှေသားပုလင်းကိုတော့ လာမယ့်စက်တင်ဘာ (၁၆) ရက်နေ့ကနေစတင်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြီးတွေမှာ လှည့်လည်ပြသသွားမှာဖြစ်လို့ ကားလေးကိုတွေ့တာနဲ့ ရွှေပုလင်းပါအောင် ဓာတ်ပုံသွားရောက်ရိုက်ကူးရပါမယ်။ ပြီးရင်တော့ ရိုက်ကူးထားတဲ့ ရွှေပုလင်းပါ ဓာတ်ပုံလေးကို ညီအစ်ကိုတို့ရဲ့ Facebook အကောင့်မှာတင်ပေးရမှာဖြစ်ပါတယ်။ ဒီလိုဓာတ်ပုံတင်ကြမယ့်သူတွေထဲကမှ ကံထူးသူ (၁၀) ဦးကို အမိုက်စား Bluetooth Speaker (၁၀)လုံး ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။

နောက်ထပ်ဆုတစ်ခုဖြစ်တဲ့ ရွှေဒင်္ဂါးဆု (၁၀) ဆုအတွက်ကိုတော့ Special Reserve Whisky Facebook Page မှာတင်သွားမယ့် မေးခွန်း PostလေးကိုPublic နဲ့ Like & Share လုပ်ပြီး Special Reserve Whisky ရွှေသားအတိပုလင်းရဲ့ အလေးချိန်ကိုခန့်မှန်းပေးရမှာဖြစ်ပါတယ်။ Like & Share လုပ်တဲ့အခါမှာလည်း ကိုယ့်ရဲ့အဖြေအပါအဝင်#GoldBottleTour #SpecialReserveWhiskey ဆိုတဲ့ Hashtag စာသားလေးတွေကိုပါ တပါတည်းထည့်သွင်းပေးရမှာပါ။ အဖြေမှန်သူ (၁၀) ဦးကို မဲနှိုက်ရွေးချယ်သွားမှာဖြစ်ပြီးတော့ ဆုလက်ဆောင်အနေနဲ့ရွှေဒင်္ဂါးဆု (၁၀) ဆု ပြန်လည်ချီးမြှင့်သွားမှာဖြစ်ပါတယ်။

Special Reserve Whisky ကို အားပေးကြတဲ့ ရွှေညီအစ်ကိုတို့အနေနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေ၊ ကံစမ်းမဲအစီအစဉ်တွေအကြောင်းကို အသေးစိတ်ထပ်မံသိရှိလိုတယ်ဆိုရင်တော့ Special Reserve Whisky Facebook Page ဖြစ်တဲ့ https://www.facebook.com/specialreservewhisky/မှာ သွားရောက်လေ့လာနိုင်ပါတယ်။ ကဲ..ရွှေမြန်မာတို့လည်း ရွှေလိုအနံ့အဆင်းအရသာနဲ့ ပြည့်စုံတဲ့ Special Reserve Whisky နဲ့အတူ ရွှေဆုမဲပေါင်းများစွာ ကံထူးနိုင်ဖို့ ရင်ခုန်စရာကံစမ်းမဲအစီအစဉ်တွေမှာ အခုပဲ ပါဝင်ကံစမ်းလိုက်ပါဦးနော်။