ကွီးတို့ အစဉ်တစိုက် အားပေးနေတဲ့ ကမ္ဘာက လေးစားရတဲ့ မြန်မာပြည်ဖွား Grand Royal Special Reserve ကတော့ ထူးခြားကောင်းမွန်တဲ့ ဝီစကီ ရဲ့ အရည်အသွေးကို ထပ်မံသက်သေထူခဲ့ ပြန်ပါပြီ။ ဆန်းသစ်တဲ့ အရည် အသွေး ၊ အရသာ နဲ့ ပြေပြစ်မှု တို့ရဲ့ ပြယုဂ်တစ်ခု ဖြစ်တဲ့ Grand Royal Special Reserve Whisky က “ဝီစကီ အိုလံပစ်” လို့ တင်စားခေါ်ဝေါ်ကြတဲ့  ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာဝီစကီပြိုင်ပွဲမှာ  “Best in Myanmar”  မြန်မာ့အ ကောင်းဆုံး ဝီစကီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

 

အပြည်ပြည်ဆိုင်ရာ ဝီစကီပြိုင်ပွဲတွေမှာ ဆယ်စုနှစ်ကျော် အတွေ့အကြုံရှိပြီး အရသာထူးကဲတဲ့ အရည်အသွေးမြင့် ဝီစကီတွေကို မြည်းစမ်းသုံးသပ်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေက အကဲဖြတ် အမှတ်ပေးခဲ့တာပါ။ Grand Royal Special Reserve ဝီစကီကို ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့်ဝီစကီအဖြစ် အခုလို ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတံ ဆိပ်ကို ဆွတ်ခူးရနိုင်ခဲ့တာက မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်။

 

Grand Royal Special Reserve ဝီစကီကို အရည်အသွေးကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေနဲ့  အချိုးကျ ပေါင်းစပ် ထုတ်လုပ်ထားတာကြောင့် အနံ့ ၊ အရသာနဲ့ ပြည့်စုံပြီး ရွှေလို အရောင်အဆင်းရှိတဲ့ နိုင်ငံတကာအရည်အသွေးမီ မြန်မာ့အကောင်းဆုံး ဝီစကီအမှတ်တံဆိပ် ဖြစ်ပါတယ်။  Grand Royal Special Reserve ဝီစကီကို စကော့တလန်နိုင်ငံက အတွေ့အကြုံရင့် ဝီစကီကျွမ်းကျင်ပညာရှင်ကနေ စကော့မုယောစပါးဝီစကီ (၁၆) မျိုးနဲ့ မြန်မာ နိုင်ငံ မု‌ယောစပါးဝီစကီတို့ကို အချိုးညီမျှစွာ ရောစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။

 

ဝီစကီရဲ့ အလွှာတိုင်းမှာ ဟန်ချက်ညီတဲ့ အရသာကို ရရှိနိုင်ဖို့ အမေရိကန်ဝက်သစ်ချသားစည်ထဲမှာ နှစ်ချို့ခံ ထား တာဖြစ်လို့ ဝက်သစ်ချသားရနံ့နဲ့ နူးညံ့ပြေပြစ်တဲ့ မီးခိုးရနံ့တို့နဲ့အတူ ဝီစကီရဲ့ ထူးခြားတဲ့ စွဲထင်ကျန်ရစ်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

 

Grand Royal Special Reserve က ထူးခြားကောင်းမွန်တဲ့ ဝီစကီရဲ့ အရည်အသွေးကြောင့် နိုင်ငံတကာ ဆုတံဆိပ် ပေါင်း (၃၂) ခုနဲ့အထက် ဆွတ်ခူးရရှိထားပြီး ဖြစ်ပါတယ်။ မြန်မာ့အကောင်းဆုံးဝီစကီရဲ့ တစ်မူထူးခြားတဲ့အရသာနဲ့ အထိအတွေ့တွေက ဝီစကီ ထုတ်လုပ်ဖန်တီးသူရဲ့ ကျွမ်းကျင်တတ်မြောက်မှုကို ထင်ဟပ်စေတာကြောင့် နိုင်ငံတ ကာစင်မြင့်ထက်မှာလည်း ရှေ့တန်းကနေ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။