Classic Margarita ကော့လ်တေးကိုတော့ အထူးတလည်မိတ်ဆက်ပေးဖို့ မလိုလောက်ဘူး ထင်ပါတယ်။ ချိုချဉ်လတ်ဆတ်တဲ့အရသာနဲ့ ကမ္ဘာပေါ်က လူကြိုက်အများဆုံး ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Margarita ကော့လ်တေးရဲ့ အမျိုးအစားခွဲတွေ အများကြီးရှိတဲ့အထဲမှာ အရသာဆန်းသစ်တဲ့ Spicy Margarita ကော့လ်တေး လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Photo : Liquor.com

Spicy Margarita ကော့လ်တေးဟာ Classic Margarita ကော့လ်တေးကို အစပ်အရသာလေးထပ်ပေါင်းထည့်ထားတဲ့ ချိုချဉ်စပ်ပြင်း ခံတွင်းရှင်းစေတဲ့ စွဲမက်ဖွယ်အရသာ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ ကော့လ်တေးဖျော်စပ်နည်းအဆင့်ဆင့်က အရမ်းကိုလွယ်ကူတဲ့အတွက် အိမ်မှာကိုယ်တိုင်ဖျော်စပ်သောက်လို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ကဲဒါဆို ကော့လ်တေးဖျော်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : The Wooden Skillet

Spicy Margarita ကော့လ်တေးဖျော်စပ်ဖို့ Blanco Tequila ၊ Orange Liqueur ၊ Lime Juice ၊ Agave Syrup ၊ Jalapeno ငရုတ်ပွ ၊ ဆား နဲ့ သံပုရာခြမ်းတို့ လိုအပ်ပါတယ်။ အရင်ဆုံး ကော့လ်တေးဖန်ခွက်ရဲ့ နှုတ်ခမ်းကို သံပုရာခြမ်းနဲ့ ပွတ်ပြီး ဆားပန်းကန်ထဲမှာ လှိမ့်လိုက်ပါ။ ပြီးရင် အကွင်းလိုက်လှီးဖြတ်ထားတဲ့ Jalapeno ငရုတ်ပွကို ၂ – ၃ ကွင်းကို ကော့လ်တေး Shaker ထဲထည့်ပြီး Muddler နဲ့ ထိုးချေပေးပါ။

ကော့လ်တေး Shaker ထဲကို Blanco Tequila ၂ အောင်စ ၊ လိမ္မော်ရည် ၁ အောင်စခွဲ ၊ Lime Juice ၁ အောင်စ ၊ Agave Syrup ၁ အောင်စခွဲ နဲ့ ရေခဲအနည်းငယ်ရောထည့်ပြီး အေးခဲလာတဲ့အထိ ရှိတ်ပေးရပါမယ်။ ရှိတ်ထားတဲ့ ကော့လ်တေးဖျော်ရည်ကို ဆားမှုန့်လေးတွေအလှဆင်ထားတဲ့ ဖန်ခွက်ထဲပြောင်းထည့်ပြီး သံပုရာခြမ်း ၊ ငရုတ်ပွကွင်းလေးတွေ အလှဆင်ကာ လွယ်ကူရိုးရှင်းတဲ့ ချိုချဉ်စပ်ပြင်း ခံတွင်းရှင်းစေမယ့် Spicy Margarita ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Better Living