မရိုးနိုင်တဲ့ Classic Style ဖက်ရှင်တွေကိုပဲ မျက်စိကျသူတွေအတွက် Chino Pant တွေဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။ Chino Pant တွေဟာ နေရာမရွေး ဝတ်လို့ကောင်းသလို ရာသီဥတုတိုင်းနဲ့လည်း အဆင်ပြေတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ Chino Pant ကို သူ့ကာလာနဲ့သူ လိုက်ဖက်တဲ့ အင်္ကျီ ၊ ဘောင်းဘီ နဲ့ ဖိနပ်တွေ တွဲဝတ်တတ်မယ်ဆိုရင်တော့ အမိုက်ဆုံးစတိုင်ဖြစ်အောင် ဆင်နိုင်မှာပါ။

(၁) Beige ကာလာ

Photo: Pinterest

အသားရောင်လို့ ခေါ်ကြတဲ့ Beige ကာလာမျိုးဟာ လူကြီးလူငယ်မရွေး ဝတ်လို့ကောင်းပြီး နာမည်အကြီးဆုံး Chino ကာလာလည်း ဖြစ်ပါတယ်။ ပေါ့ပါးပြီး Casual ဆန်တဲ့အပြင် ထသွားလာသွား ဝတ်လို့ကောင်းတဲ့ ကာလာ ဖြစ်ပါတယ်။
Beige Chino တွေကို Casual ဝတ်မယ်ဆိုရင် အပေါ်မှာ Oxygen Button-Down shirt နဲ့ Crew Neck ပုံစံ Uniqlo ဆွယ်တာ နဲ့ တွဲဝတ်သင့်ပါတယ်။ စမတ်ကျချင်တယ်ဆိုရင် အညိုရောင် Loafer နဲ့ တွဲဝတ်နိုင်ပြီး Polo ရှပ်နဲ့ တွဲဝတ်နိုင်ပါတယ်။

(၂) Olive Green ကာလာ

Photo: styleoholic

သံလွင်စိမ်းကာလာကို စစ်ရောင်လို့လည်း ခေါ်ကြပါတယ်။ များသောအားဖြင့် အကြမ်းခံပြီး သက်တောင့်သက်သာ ရှိဖို့ အဓိက ရွေးချယ်ကြတဲ့ အရောင်မျိုးပါ။ အရောင်ပိုရင့်ရင် ပိုပြီး ကောင်းပါတယ်။
Olive Green Chino ဟာ အဖြူနဲ့ တွဲဝတ်ဖို့ ကောင်းတဲ့ အရောင်ဖြစ်ပါတယ်။ Casual ဖြစ်အောင် နေကာမျက်မှန်တပ်ပြီး ဖိနပ်ကို အဖြူရောင် Sneaker နဲ့ တွဲဝတ်သင့်ပါတယ်။ Smart စတိုင်မျိုးအတွက်ဆိုရင်တော့ အပါးသား ပိုးဘလေဇာကို အဖြူရောင် Oxford Button-Down Shirt အပေါ်ကနေ ဝတ်ပြီး အောက်မှာ Boot အညိုစီးသင့်ပါတယ်။

(၃) Navy ကာလာ

Photo: gentsac

နက်ပြာရောင် Navy ကာလာတွေကလည်း အမျိုးသားဝတ်ကာလာတွေထဲမှာ လူကြိုက်များလှပါတယ်။ အရင့်အရင်ကတည်းက Navy Blue တွေကို ဝတ်ဆင်မှု များခဲ့ပါတယ်။ Navy ကာလာတွေဟာ အပေါ်မှာ ဂျက်ကတ်နဲ့ အောက်မှာ လယ်သာ Boot နဲ့ တွဲဝတ်ဖို့ ကောင်းတဲ့ အရောင်တွေပါ။ Casual ဆန်ဆန် ဝတ်လို့ ကောင်းတဲ့ ဖက်ရှင် ဖြစ်သလို Smart ကျကျ ဝတ်ချင်ရင်လည်း အပေါ်က ဖက်ရှင်ကို နည်းနည်းလည်း Formal ကျအောင် ပြောင်းလိုက်ရုံပါပဲ။