ကျန်းမာပျော်ရွှင်တဲ့ လူမှု့ဘဝရဖို့အတွက် မနက်ခင်းအလေ့အထတွေက အများကြီးထောက်ပံ့ပေးပါတယ်။ နေ့ရက်တိုင်းကို ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စွာဖြတ်သန်းချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အလေ့အကျင်ကောင်းလေးတွေကို လုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်။
(၁) အကြောလျော့ပါ

Source : Depositphotos
မနက်ခင်းအိပ်ရာနိုးချိန်မှာ အရင်ဆုံး ခန္ဓာကိုယ်ကို အကြောလျော့ခြင်းနဲ့ စတင်သင့်ပါတယ်။ အကြောလျော့ ပေးခြင်းက ခန္ဓာကိုယ်တွင်းသွေးစီးဆင်းမှု နဲ့ သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေပြီး စွမ်းအင်ပိုမိုရရှိစေကာ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေပါတယ်။
(၂) ရေသောက်ပါ

Source : Infobel
အိပ်ရာနိုးတဲ့အချိန်မှာ အရင်ဆုံး ခန္ဓာကိုယ်ကိုရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ ရေတစ်ခွက် သို့မဟုတ် နှစ်ခွက်ခန့် သောက်ပေးသင့်ပါတယ်။ မနက်ခင်းရေသောက်ခြင်းက အစာခြေစနစ်ကိုကောင်းမွန်စေပြီး အသည်းနှင့် ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်တွေကို ပြေစေပြီး ဝမ်းကိုလည်းမှန်စေပါတယ်။
(၃) လေ့ကျင့်ခန်းလုပ်ပါ

Source : Lumo Bodytech
ကျန်းမာပျော်ရွှင်တဲ့ လူမှု့ဘဝရဖို့ဆို မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့လိုပါတယ်။ မနက်ခင်း လေ့ကျင့်ခန်း ပြုလုပ်ခြင်းက စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို တိုက်ဖျက်ပေးပြီး စွမ်းအင်ကိုမြှင့်တင်ပေးတာကြောင့် တစ်နေ့တာလုံးကို လန်းဆန်းတက်ကြွနေစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မနက်ခင်းမှာ သင့်ခွေးလေးနဲ့အတူတူ လမ်းလျောက်ထွက်တာမျိုး စက်ဘီးစီးတာမျိုး ယောဂလေ့ကျင့်ခန်းပြုလုပ်တာမျိုး စတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုပြုလုပ်ပေးပါ။
(၄) အကောင်းမြင်စိတ်မွေးပါ

Source : The Telegraph
လေ့လာသူတွေကတော့ မနက်ခင်းအိပ်ရာနိုးချိန်မှာ ကောင်းမွန်တဲ့အတွေးတွေကို (၂) မိနစ်ခန့်တွေးပေးဖို့ လမ်းညွှန်ထားပါတယ်။ အကောင်းမြင်စိတ်က စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကို ကောင်းမွန်စေပြီး တနေ့တာလုံးမှာကြုံတွေ့ရနိုင်တဲ့ စိတ်ဖိစီးမှုတွေကို ဟန့်တားကာကွယ်ပေးပါတယ်။ ဖြတ်သန်းရမယ့်တစ်ရက်မှာလည်း စိတ်အားတက်ကြွခြင်း လန်းဆန်းခြင်းတွေကိုပေးစွမ်းတာကြောင့် မနက်ခင်းမှာ ၂ မိနစ်လောက် အပြုသဘောဆောင်တဲ့အတွေးတွေ တွေးတောပေးဖို့ အကြံပြုချင်ပါတယ်။
(၅) ပရိုတင်းကြွယ်ဝတဲ့ မနက်စာစားပါ

Source : US News Health
တစ်နေ့တာကို ပရိုတင်းကြွယ်ဝတဲ့ အစားအစာများစားခြင်းဖြင့် စတင်ခြင်းဟာ သင့်ခန္ဓာကိုယ်စွမ်းအင်နှင့် စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားမှုကို ထပ်မံမြင့်တက်စေပြီး သင့်ကိုအချိန်ကြာရှည်စွာ စိတ်ကျေနပ်မှုရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား ၊ ကြက်ဥ ၊ နို့ ၊ အုတ်ဂျုံ ၊ တူနာငါး ၊ ပဲအမျိုးမျိုး ၊ အစေ့အဆံများစတဲ့ အစားအစာတွေကို မနက်စာအဖြစ် စားသုံးပေးသင့်ပါတယ်။
