ဘယ်သူမဆို ကိုယ့်ရဲ့ Personal Style ကို မြှင့်တင်ချင်ကြမှာပါ။ ဒီလိုပြောလို့ ဖက်ရှင်မဂ္ဂဇင်းတွေထဲက မော်ဒယ်တွေလို တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်ရမလားဆိုတော့ မဟုတ်ပါဘူး။ ဒီအဝတ်အစားလေးတွေ ရှိရင်ကို ပွဲလမ်းတင့်ပြီး ဖက်ရှင်ကို မြှင့်နိုင်မှာပါ။

(၁) ရှပ်အဖြူ

Photo: Andamen

Plain White ရှပ်တွေဟာ အရွယ်စုံ ဝတ်လို့ရတဲ့ အဝတ်အစား ဖြစ်ပါတယ်။ နက်ခ်တိုင်နဲ့ Suit နဲ့လည်း တွဲဝတ်လို့ ရသလို Jeans အပြာနဲ့ Boot စီးပြီးလည်း ရှပ်အဖြူကို ဝတ်လို့ ရပါတယ်။ ဒါကြောင့် အဝတ်အစားဝယ်မယ်ဆိုရင် ကိုယ့်ဆီမှာ ရှပ်အဖြူရှိသေးလားလည်း ထည့်စဉ်းစားသင့်ပါတယ်။

(၂) Jacket

Photo: DSTLD

ဂျင်းပဲ ဖြစ်ဖြစ် Sports ပဲ ဖြစ်ဖြစ် ဂျက်ကတ်တစ်မျိုးမျိုးဟာလည်း အမျိုးသားတွေ ပိုင်ဆိုင်ထားသင့်တဲ့ အဝတ်အစားထဲမှာ ပါပါတယ်။ တကယ်လို့ လယ်သာကြိုက်ရင်လည်း လယ်သာညို ဒါမှမဟုတ် အနက်ရောင် ဂျက်ကတ်တွေ ဝယ်ထားသင့်ပါတယ်။ ဂျက်ကတ်တွေဟာ Casual ဆန်တယ်ဆိုပေမယ့် ယောင်္ကျားဆန်တဲ့ ဖက်ရှင်ဆိုတာလည်း ငြင်းမရပါဘူး။

(၃) Jeans

Photo: freeimages

ဘောင်းဘီဝယ်မယ်ဆိုရင် Jeans ဖက်ရှင်လည်း တစ်ထည်ကောင်း ၊ နှစ်ထည်ကောင်း ဝယ်ထားဖို့ အကြံပေးချင်ပါတယ်။ အမျိုးအစားကောင်းတဲ့ Jeans ဘောင်းဘီတစ်ထည်ဟာ နှစ်အတော်ကြာအောင် ကိုယ့်ကို စိတ်ချမ်းသာစေလို့ ဖြစ်ပါတယ်။

(၄) လယ်သာရှုူးစ်

Photo: veganmenshoes

လူငယ်တစ်ယောက်အတွက် Sneaker တစ်ရံလောက် ရှိရုံနဲ့တင်တော့ ဘယ်အဆင်ပြေပါ့မလဲ။ Formal ကျကျ ဝတ်ရစားရ သွားရလာရတဲ့ နေရာမျိုးမှာ အရည်အသွေးမြင့် Leather Shoes လေးမှ စီးမသွားရင် မဝတ်တတ်မစားတတ်နဲ့ ဖက်ရှင်ပုံစံ ပျက်သွားမှာပေါ့။