ရုပ်ရှင်တစ်ကား ပြီးမြောက်ဖို့ဆိုတာ အလွန်အင်မတန် ရှုပ်ထွေးခက်ခဲပါတယ်။ တစ်ချိုးကားတွေဆိုရင် စမရိုက်ခင် တစ်နှစ် သို့ နှစ်နှစ်လောက် ကြိုတင်ပြင်ဆင်မူတွေ လုပ်ရပြီး ဇာတ်လမ်းတွေတည်ဆောက်ရပါတယ်။

Pixar ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ တစ်ချို့ဇာတ်ကားတွေဆိုရင် ၄ နှစ်မှ ၇ နှစ်အထိ အချိန်ပေးရိုက်ကူးရလေ့ရှိပါတယ်။ ဒီလိုဇာတ်ကားတွေမှာ ပရိသတ်တွေသတိမထားမိလိုက်တဲ့ စိတ်ဝင်စားစရာ အချက်လေးတွေရှိနေတတ်ပါတယ်။ ဒီနေ့ kwee က နာမည်ကြီး ရုပ်ရှင်တွေထဲကလူသိနည်းတဲ့ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ပြောပြပေးသွားမှာပါ။

Up (2009)

ဒီကားထဲမှာ အဖိုးကြီး Carl နှင့် သူ့မိန်းမ Ellie တို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ သူတို့နှစ်ယောက်ရဲ့ ပင်ကိုစရိုက်ကိုဖော်ပြနေတာပါ။

Carl ရဲ့ပင်ကိုစရိုက် ရိုးသားဖြောင့်မတ်တာကို သူ့အသုံးအဆောင်ပစ္စည်းအကုန်လုံး လေးထောင့်ပုံစံအနေနဲ့ ပုံဖော်ထားပါတယ်။ မိန်းမဖြစ်သူ Ellie ရဲ့အသုံးအဆောင်ပစ္စည်းတွေ ကတော့ အဝိုင်းပုံစံရှိပြီး သူမရဲ့ တက်ကြွပြီး ခွန်အားပြည့်ဝတဲ့ အရည်အသွေးကို ဖော်ပြထားပါတယ်။

WALL-E (2008)

WALL-E ကိုင်ထားတဲ့ ထီးကို မိုးကြိုးပစ်လိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့ ဘက်ထရီဟာ အားအပြည့်သွင်းပြီးသားဖြစ်သွားပါတယ်။

Monster’s Inc. (2001)

ဒီကားထဲမှာ Mike ဟာသူလုပ်ရမဲ့အလုပ်တွေကို မှတ်စုလုပ်ပြီး နံရံ ပေါ်ကပ်ထားပြီး ပြီးဆုံးတဲ့ထိလုပ်လေ့ရှိတာ ပရိသတ်တွေ တွေ့ခဲ့ကြရမှာပါ။ ဒါပေမဲ့ သူ့လော့ကာထဲမှာ ကပ်ထားခဲ့တဲ့ မှတ်စုထဲက ဟာတွေကိုတော့ သူပြီးအောင် မလုပ်နိူင်ခဲ့ပါဘူး။

Wreck-It Ralph

၂၀၁၂ ခုနှစ်က ထွက်ခဲ့တာ့ Wreck-It Ralph ကားထဲက “Svzy” (Suzy) a happy 5th birthday ဆိုင်းဘုတ်နဲ့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ralph Breaks the Internet ဇာတ်ကားထဲက happy 11th birthday Suzy ဆိုင်းဘုတ်တွေဟာ ဇာတ်ကား ၂ ကားကြား ၆ နှစ်တာကွာခြားမူကို ဖော်ပြလိုချင်းဖြစ်ပါတယ်။

Harry Potter and the Sorcerer’s Stone (2001)

ဒီကားထဲမှာ Oliver Wood က Golden Snitch ဘောလုံးလေးကို လွှတ်လိုက်တဲ့အချိန်တွင် Harry ကဘောလုံးလေးကို မျက်ခြေမပျက်လိုက်ကြည့်နိူင်ပေမဲ့ Oliver ကိုယ်တိုင်ကတော့ ဘောလုံးကိုမတွေ့ပဲ လှည့်ပက်ကြည့်နေတာကို တွေ့မြင်ရမှာပါ။

ဒါဟာ Harry အနေနဲ့ seeker တစ်ယောက်ဖြစ်ဖို့ ပါရမီပါလာတာကို ဖော်ပြချင်တာပါ။

Shrek (2001)

Shrek မြားနဲ့ ပစ်ခံရတာဟာ Fiona ကိုသူချစ်ကြိုက်မိသွားကို ဖော်ပြချင်တာပါ။

Zootopia (2016)

နာမည်ကြီး ကာတွန်းဇာတ်ကားတကားဖြစ်တဲ့ Zootopia မှာ မြေပုံတစ်ခုကို ပရိသတ်တွေသတိထားမိပါလိမ့်မယ်။ အဲ့ဒီမြေပုံပေါ်မှာ ဝမ်းနည်းနေတဲ့ မြေခွေးတစ်ကောင် ပန်းခြံမှာ ထိုင်ရင်း အသားညပ်ပေါင်မုန့် စားနေတဲ့ ဓာတ်ပုံတစ်ပုံ ချိတ်ဆွဲ ထားပါတယ်။ ဒီဓာတ်ပုံက နာမည်ကျော်မင်းသားကြီး Keanu Reeves ကိုပုံတူကူးထားတာပါ။

Source: Bright Side