အမေရိကန်နိုင်ငံမှာ လူပေါင်းတစ်ထောင်ကျော်လောက် နေ့စဉ် သန်းကြွယ်သူဌေး တွေဖြစ်လာနေတယ်ဆိုတာ ပရိက်သတ်တွေ ယုံမလား။ ဒါတင်မကသေပါဘူး ကမ္ဘာကြီးနဲ့ပက်သတ်တဲ့ အခြားစိတ်ဝင်စားစရာ ကိန်းဂဏန်းတွေအများကြီးရှိပါသေးတယ်။ ဒီနေ့မှာ kwee page ကဒီအကြောင်းတွေကို မျှဝေပေးသွားမှာပါ။
(၁) ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့လူဉီးရေက ရုရှားနိုင်ငံ လူဉီးရေထက်ပိုများတယ်
စစ်တမ်းတွေအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့လူဦးရေက ရုရှားနိုင်ငံ လူဦးရေထက်ပိုများပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ရုရှားနိုင်ငံထက် အဆပေါင်း ၁၁၆,၀၀၀ လောက် သေးငယ်ပေမဲ့ ရုရှားထက် လူဉီးရေ သန်း ၂၀ ကျော် နိုင်ငံအတွင်း နေထိုင်လျက်ရှိပါတယ်။
(၂) ကောင်းကင်ကကြယ်တွေထက် ကမ္ဘာပေါ်က သစ်ပင်အရေအတွက်ကပိုများတယ်
ကျွမ်းကျင်သူတွေ ပြုစုထားတဲ့ စစ်တမ်းတွေအရ လူတွေမြင်ရတဲ့ ကောင်ကင်ကကြယ်တွေထက် ကမ္ဘာပေါ်က သစ်ပင်အရေအတွက်ကပိုများတယ် လို့ဆိုထားပါတယ်။ ကမ္ဘာပေါ်မှာ သစ်ပင်အရေအတွက် ၃ ထရီလီယံ နီးပါးရှိနေပြီး ကောင်းကင်မှာ ကြယ်ပေါင်း ၄၀၀ ဘီလီယံခန့် ရှိတယ်လို့လည်း ဆိုထားပါတယ်။
(၃) ဂျာမနီနိုင်ငံမှာ ကလေးဦးရေ နည်းတယ်
Source: Mon 365
ဂျာမနီနိုင်ငံမှာ အသက် ဝ-၁၄ နှစ်အရွယ်ကလေးဦးရေဟာ နိုင်ငံလူဉီးရေရဲ့ ၁၂ ရာခိုင်နှုန်းပဲရှိပါတယ်။ ကင်ညာနိုင်ငံမှာဆိုရင် ဝ-၁၄ နှစ်အရွယ်ကလေးဉီးရေဟာ နိုင်ငံလူဉီးရေရဲ့ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
(၄) အခြားနိုင်ငံတွေထက် တရုတ်နိုင်ငံမှာ ရွှေပိုထွက်တယ်
စစ်တမ်းတွေအရတော့ တရုတ်နိုင်ငံမှာ အခြားနိုင်ငံတွေထက် ရွှေပိုများပါတယ်။ တရုတ်နိုင်ငံက မိုင်းတွင်းတွေမှာ တစ်နှစ်ကို ရွှေတန်ချိန် ၄၄၀ လောက်ထွက်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
(၅) လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာနဲ့နှိုင်းယှဉ် ကမ္ဘာ့လူဉီးရေက အဆပေါင်း ၂၂ ဆတိုးလာတယ်
ကမ္ဘာ့လူဉီးရေ ဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ နဲ့ ၂၀၀၀ ကြားမှာ အဆပေါင်း ၂၂ ဆထိ တိုးလာခဲ့ပါတယ်။ ၁၀၀၀ ခုနှစ် ဇူလှိုင်လတုံးက ကမ္ဘာ့လူဉီးရေဟာ ၂၇၅,၀၀၀,၀၀၀ ခန့်သာရှိခဲ့ပေမဲ့ ၂၀၀၀ ခုနှစ် ဇူလှိုင်လမှာတော့ ၆,၁၄၅,၀၀၆,၉၈၉ ခန့်အထိ တိုးပွားလာခဲ့တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
(၆) US ကလူတွေဟာ တစ်နေ့ကို ၄ နာရီခန့် TV ကြည့်လေ့ရှိတယ်
US ကလူတွေဟာ သူတို့ရဲ့တစ်နေ့တာ အချိန်ရဲ့ ၅ ပုံ ၁ ပုံခန့်ကို TV ကြည့်ရင်း ကုန်ဆုံးလေ့ရှိကြပါတယ်။ သူတို့ရဲ့ TV ကြည့်ချိန်ဟာ တစ်နေ့ပျမ်းမျှ ၂၇၀ မိနစ်ခန့် ရှိနေပါတယ်။ သူ့နောက်မှာတော့ ပိုလန်နိူင်ငံကလူတွေက ၂၆၄ မိနစ်နဲ့ ဒုတိယအများဆုံးအဖြစ်ရပ်တည်နေပါတယ်။
(၇) McDonald ဆိုင်က တစ်စက္ကန့်ကို ဘာဂါ ၇၅ ခန့်ရောင်းထွက်နေတယ်
နာမည်ကျော် fast food ဆိုင်တဆိုင်ဖြစ်တဲ့ McDonald ဟာ တစ်စက္ကန့်ကို ဘာဂါ ၇၅ ခန့်ရောင်းထွက်နေပါတယ်။ သူတို့ဆီက ပစ္စည်းတွေ ဘယ်လောက်ထိ ရောင်းထွက်နေပါပြီဆိုတာကြည့်လို့ရအောင် website တစ်ခုတောင် လုပ်ထားပါသေးတယ်။
(၈) US နိုင်ငံမှာ နေ့တိုင်း လူပေါင်း ၁၇၀၀ ခန့် သန်းကြွယ်သူဌေး ဖြစ်လာနေတယ်
US နိုင်ငံမှာ အခြားနိုင်ငံတွေထက် သန်းကြွယ်သူဌေး အရေအတွက်ပိုများပါတယ်။ နေ့တိုင်း လူပေါင်း ၁၇၀၀ ခန့် သန်းကြွယ်သူဌေး ဖြစ်လာနေတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားကြပါတယ်။ US မှာ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁ သန်းနဲ့အထက် ရရှိတဲ့ မိသားစုဝင်ပေါင်း ၈ သန်းကျော်ရှိနေပါတယ်။ ဒါတွေက သူတို့ရဲ့ ပိုင်ဆိုင်မူတွေ မပါသေးပါဘူး။
Source: Bright Side