တက္ကသိုလ်ကျောင်းသားဘဝဆိုတာ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဘဝရဲ့ နောက်ဆုံးနေ့ရက် တွေလို့ပြောရမှာပါ။ အကြောင်းကတော့ ကျောင်းသားဘဝပြီးသွားချိန်မှာ စားဝတ်နေရေးကို ကိုယ်တိုင်ရုန်းကန်ရတော့မယ့်အချိန် ရောက်လာလို့ဖြစ်ပါတယ်။ ကျောင်းမှာအဆင့်ကောင်းကောင်းရအောင် ၊ Major ကောင်းကောင်းမှာ တက်နိုင်အောင် ကြိုးစားရသလို အလုပ်လုပ်ရတော့မယ်ဆိုရင်လည်း အကောင်းဆုံးကြိုတင်ပြင်ဆင်ထားဖို့လိုပြီဖြစ်ပါတယ်။အထူး သဖြင့် ကျောင်းပြီးတာနဲ့လစာကောင်းတဲ့ အလုပ်ရဖို့အတွက်ဆိုရင် ပိုပြီးစနစ်တကျ စီစဉ်ထားဖို့လိုပါတယ်။

Group of happy young students in a university

Source : Freepik

တက်မယ့်မေဂျာကို အမြော်အမြင်နဲ့ရွေးပါ။ တက္ကသိုလ်တက်တယ်ဆိုတာ စွန့်စားမှုပါ။ ကိုယ်တက်တဲ့ကျောင်းဟာ ကိုယ်နဲ့တကယ်ကိုက်ညီတဲ့ကျောင်း  ကိုယ့်ရဲ့ ပင်ကိုဗီဇစွမ်းရည်ကို အမြင့်ဆုံး မြှင့်တင်ပေးမယ့် ကျောင်းမျိုး  ဘာသာရပ်မျိုး ရွေးဖို့လိုပါတယ်။ ကိုယ်တက်မယ့်ကျောင်းဟာ ကိုယ့်အသက်မွေးမှုအတွက်ပါအထောက်အကူဖြစ်နေရမှာပါ။

ကိုယ်သင်တဲ့ပညာဟာ ကိုယ်တကယ်ပျော်တဲ့အဲဒီပညာနဲ့တကယ် ပျော်ပျော်ကြီး အလုပ်လုပ်ချင်တဲ့ အတတ်ပညာမျိုး ဖြစ်သင့်ပါတယ်။အမှတ်ကောင်းလို့ကျောင်းကောင်းကောင်း တတ်တာမျိုးဟာ နောင်တစ်ချိန်မှာ ကိုယ့်ဘဝကိုယ် ပြန်တွေးတိုင်း တောက်ခေါက်မိစေမယ်ဆိုရင် ဘယ်တော့မှ ပျော်ရမှာ မဟုတ်တဲ့ ရွေးချယ်မှုပါပဲ။

အဆက်အသွယ်တွေ ရှာထားပါ။ ကိုယ့်အရည်အချင်းနဲ့ကိုယ့်အတတ်ပညာကို ဘယ်နေရာမှာ အသုံးချရမလဲ သိဖို့အတွက် နယ်ပယ်အသီးသီးက လူတွေနဲ့သိကျွမ်းဖို့လိုပါတယ်။ လူတွေနဲ့ရင်းရင်းနှီးနှီး မိတ်ဆက်နှီး နှောဖို့မကြောက်သင့်ပါဘူး။ ကျောင်းရောအပြင်မှာပါ မိတ်ဆွေပေါသူဟာ အလုပ်အကိုင်ကောင်းရဖို့အတွက် အခက်အခဲနည်းပြီး အခွင့်အရေး ပိုများပါတယ်။

Two beautiful couples read books and spend time together

Source : Freepik

ကိုယ်သွားမယ့်နယ်ပယ်က ကျွမ်းကျင်သူတွေရဲ့ အကြံရယူပါ။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုခုမှာပဲ တက်တက်  ရိုးရိုး ဘွဲ့တစ်ခုရရုံပဲ တက်တက်ကျောင်းပြီးတာနဲ့အလုပ်လုပ်ဖို့အတွက်တော့ ကိုယ့်အရင်က Seniors တွေ  ဆရာဆရာမတွေဆီက အတွေ့အကြုံနဲ့အကြံဉာဏ်တွေ ရယူဖို့လိုပါတယ်။
အလုပ်အကိုင်နဲ့ပတ်သက်ပြီး တကယ်ထိရောက်တဲ့ လမ်းညွှန်မှု ပေးနိုင်မယ့် သူတွေနဲ့စကားပြောဖို့တော့ လိုပါတယ်။အလုပ်အကိုင်ပြပွဲတွေ  အလုပ်အကိုင်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲတွေ မလွတ်တမ်း တက်ပြီး အခွင့်အလမ်းကို ရှာဖွေနေဖို့လိုပါတယ်။ တက္ကသိုလ်မတက်ခင်ကတည်းက ကိုယ်သွားမယ့် နယ်ပယ် ကိုယ်တက်ချင်တဲ့ကျောင်းကို အသေအချာ စုံစမ်းထားဖို့လိုပါတယ်။

Resume ကောင်းကောင်းရေးထားပါ။ ကျောင်းတက်ရင်း ကျောင်းတွင်းက Activity တွေလိုအပ်တဲ့ သင်တန်းနဲ့အတွေ့အကြုံတွေ ဖြည့်တင်းရင်း တစ်ဘက်ကလည်း ကိုယ့်ရဲ့ Resume ကို ပုံရိပ်ကောင်းစေဖို့အဖွဲ့အစည်းတွေ  လူမှုရေး လုပ်ငန်းတွေမှာပါ ပါဝင်ဖို့လိုပါတယ်။ အလုပ်အကိုင်ရှာဖွေရေး ပလက်ဖောင်း တွေဖြစ်တဲ့ LinkedIn တို့မှာလည်း ကိုယ့်ရဲ့ Resumeကိုအကောင်းဆုံး ဖြစ်အောင်ရေးသားဖန်တီးထားသင့်ပါတယ်။

Young attractive smiling student showing thumb up outdoors on campus at the university

Source : Freepik

Soft Skills တွေ ဖြည့်တင်းထားပါ။ ကျောင်းမှာနေတုန်း စာချည်းပဲကြိုးစားဖို့မလိုပါဘူး။ လူပေါင်းဆံ့ဖို့ကြိုးစားပါ။ ကျောင်းမှာကတည်းက ကိုယ့်ရဲ့ လူမှုကွန်ရက်ဒီဇိုင်းကို ကိုယ်တိုင်ရေးဆွဲပါ။ ဒီပုံရိပ်တွေကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်ထားတဲ့ သူအတွက်အပြင်လောကနယ်ပယ်ဟာ သူစိမ်းဆန်မနေတော့ပါဘူး။ ဒါ့အပြင် ကျောင်းမှာလူမှုရေးကောင်းတဲ့ လူတစ်ယောက်ဟာ လုပ်ငန်းခွင်မှာလည်း အောင်မြင်မှာ ဖြစ်ပါတယ်။ ဒီတော့ကျောင်းမှာရှိတဲ့ အားကစားအသင်း  စာကြည့်အသင်း  လူမှုရေးအသင်းအပြင် ရှိရှိသမျှကျောင်းတွင်း အသင်းအဖွဲ့တွေမှာ ဝင်ရောက်လှုပ်ရှားပြီး ကွန်ရက်ချဲ့ထွင်ထားဖို့အကြံပြုလိုပါတယ်။

လူမှုကွန်ရက်ပေါ်က ကိုယ့်ပုံရိပ်ကိုပြောင်းပါ။ ဒီနေ့ခေတ်မှာဆို အလုပ်အင်တာဗျူးကို အွန်လိုင်းကနေခေါ်တာတွေ ရှိလာပြီ ဖြစ်ပါတယ်။ အလုပ်ခေါ်မယ့်သူဟာ အလုပ်လျှောက်ထားတဲ့ သူရဲ့ CV / Resume အပြင် သူ့ရဲ့ လူမှုမီဒီယာတွေ ဖြစ်တဲ့ Facebook ၊ Twitter စတဲ့ Social network တွေပေါ် တင်ထားတဲ့ ပို့စ်တွေ  သူ ပါဝင်လှုပ်ရှားထားတဲ့ အဖွဲ့အစည်းတွေ အကြောင်းပါ လေ့လာပြီးမှ အင်တာဗျူးခေါ်လာပါပြီ။ဒီတော့ ကိုယ့်ရဲ့ ပုံရိပ်ကောင်းကို အပြင်နယ်ပယ်မှာရော လူမှုကွန်ရက်မှာပါ တည် ဆောက်ထားဖို့လိုပါတယ်။