အောင်မြင်မှုဆိုတာ သူ့အလိုအလို ရောက်လာမယ့်အရာ မဟုတ်ပါဘူး။ သင်ကိုယ်တိုင် လုပ်ယူရမယ့်အရာပါ။ အောင်မြင်မှုကို ရဖို့အတွက် ဘဝမှာ ကျရှုံးမှုတွေ နဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီကျရှုံးမှုတွေနဲ့အတူ ကိုယ့်ရဲ့စိတ်ဓာက်တွေ ပျက်ပြားမသွားဖို့ အရေးကြီးပါတယ်။ဒီဆောင်းပါးမှာ အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါ။
(၁) လိုချင်တဲ့ ဆန္ဒရှိပါစေ
အောင်မြင်ဖို့အတွက် အောင်မြင်မှုကို တခြားအရာတွေထက်ပိုပြီး လိုချင်စိတ်ရှိရပါမယ်။ အောင်မြင်နေတဲ့သူတွေဟာ တခြားလူတွေထက်ပိုပြီး ဉာဏ်ပိုကောင်းမနေဘူး။ ပိုပြီးတော့လည်း သန်မာမနေပါဘူး။သူတို့ဆီမှာ အောင်မြင်မှုကို လိုချင်တဲ့ စိတ်ဆန္ဒက တခြားသူတွေထက် ပိုနေရုံလေးပါ။ သူတို့ဟာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ မဆုတ်မနှစ် ကြိုးစားတဲ့သူတွေပါ။ သင့်ဆီမှာရော အောင်မြင်ချင်တဲ့ စိတ်ဆန္ဒရှိလား။ ဘယ်လောက်ထိ ခိုင်မာလဲ။
(၂) မိမိကိုယ်ကိုယုံကြည်မှု
မိမိကိုယ်ကို ယုံကြည်မူဟာ အောင်မြင်ဖို့အတွက် အဓိကသော့ချက်လို့ပြောရင် မမှားပါဘူး။ ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်ကိုယ်တိုင်တောင် မယုံကြည်ဘူးဆိုရင် တခြားလူရဲ့ယုံကြည်မှုကို မျှော်လင့်မနေပါနဲ့တော့။ မိမိကိုယ်ကို ယုံကြည်မှု မရှိဘူးဆိုရင်တော့ အောင်မြင်မှုနဲ့ အလှမ်းဝေးသွားပါလိမ့်မယ်။ ကိုယ်နဲ့ လက်တကမ်းအကွာမှာ ရှိတဲ့ အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။
(၄) အမှားလုပ်မိမှာ မကြောက်ပါနဲ့
အောင်မြင်ချင်တယ်ဆိုရင် အရင်ဆုံးကျရှုံးမှုကို ကြုံရပါမယ်။ ခုအောင်မြင်နေတဲ့သူတွေကို ကြည့်လိုက်ပါ။ ဘယ်သူမှ လက်တဆုပ်စာ ကျရှုံးမှုတွေနဲ့ အောင်မြင်လာတဲ့သူမရှိပါဘူး။ကျရှုံးမှုဟာ အောင်မြင်မှုရဲ့ ရန်သူမဟုတ်ပါဘူး။ အောင်မြင်မှုလမ်းကြောင်းကို ပြပေးမဲ့ အရာတွေပါ။ အောင်မြင်တဲ့သူတွေက အမှားတွေကနေသင်ယူ ပြီး အောင်မြင်မှုလမ်းကြောင်းကို လျှောက်ခဲ့ကြတဲ့သူတွေပါ။ အမှားလုပ်မိမှာမကြောက်ပါနဲ့။
(၄) အပေါင်းအသင်းနဲ့ အောင်မြင်မှု
အောင်မြင်မှုဆိုတာ တစ်ယောက်တည်း ရယူနိုင်တဲ့အရာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ ဘေးကနေ ကူညီပေးမဲ့ အဖော်အပေါင်းတွေ လိုအပ်ပါတယ်။“အရာအားလုံးကို သင်တစ်ယောက်တည်းကပဲ ပြီးမြောက်အောင် လုပ်ဖို့ ကြိုးစားမယ်ဆိုရင် ကျရှုံးမှာပဲ” ဆိုတဲ့ မှတ်သားဖွယ်ရာ စကားကို အောင်မြင်တဲ့စီးပွားရေးသမား Tim Sykes (တင် ဆိုက်ကိစ်) ကပြောထားတာပါ။ သင်နဲ့ အနီးဆုံးမှာ ရှိတဲ့သူဟာ သင့်ကို အောင်မြင်မှုလမ်းကြောင်းဆီ တွန်းပို့ပေးတာ ဒါမှမဟုတ် အောင်မြင်မှုလမ်းကြောင်းကနေ သွေဖယ်သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။ဒါကြောင့် အောင်မြင်မှုလမ်းကြောင်းဆီကို လျှောက်လမ်းတဲ့ နေရာမှာ ကိုယ်ယုံကြည်ရတဲ့ အပေါင်းအသင်း လုပ်ဖော်ကိုင်ဖက်တွေကို သေချာရွေးဖို့ အရေးကြီးပါတယ်။
Photo : Shutterstock