သင့်ဘဝမှာ ဘယ်အတိုင်းအတာအထိ ရောက်သွားပြီဆိုရင် အောင်မြင်ပြီလို့ သတ်မှတ်ပါသလဲ။ အချို့ကလည်း ကိုယ်ပိုင်စီးပွားရေး ထောင်နိုင်မှ အောင်မြင်တယ်လို့ သတ်မှတ်ကြပြီး အချို့ကတော့ ကုမ္ပဏီကြီးတစ်ခုမှာ လစာကောင်းကောင်းရပြီဆိုရင် အောင်မြင်ပြီလို့ သတ်မှတ်ကြပါတယ်။

မိမိအလိုရှိရာကို ပိုင်ဆိုင်အောင်မြင်ချင်တယ် အောင်မြင်မှုလမ်းကြောင်းဆီ တက်လှမ်းချင်တယ်ဆိုရင် ဘယ်လိုအချက်တွေကို လိုက်နာရမလဲ။

မိမိကိုယ်ကို ပြောင်းလဲနိုင်ရပါမယ်

depressed man sitting on the stairs

မိမိကိုယ်ကို ပြောင်းလဲချင်စိတ် မရှိသူများက အောင်မြင်နေတဲ့သူတွေကို ကြည့်ပြီး သူတို့တွေအောင်မြင်ရတာ သူတို့ရဲ့မွေးရာပါ ပါရမီကြောင့်လို့ ထင်မှတ်ကြပါတယ်။ ကိုယ့်မှာ မွေးရာပါ ပါရမီ မရှိတဲ့အတွက်ကြောင့် ဘယ်လိုလုပ်လုပ် အောင်မြင်မှာမဟုတ်ဘူးလို့ ထင်မှတ်ကြပါတယ်။ တကယ်တော့ လူတိုင်းက မွေးကတည်းက တော်နေ တတ်နေတာမဟုတ်ပါဘူး။ သူတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့်သာ အရည်အချင်းများ တဖြည်းဖြည်းတိုးတက်လာပြီး အောင်မြင်လာရခြင်းဖြစ်ပါတယ်။

မိမိရဲ့ EQ ကိုလည်း မြှင့်တင်ရမယ်

happy business man

လူတစ်ယောက်ရဲ့ဘဝမှာ IQ ပဲ အရေးကြီးတာမဟုတ်ပါဘူး။ EQ သည်လည်း အရေးကြီးပါတယ်။ EQ မြင့်တဲ့သူတွေက သူတို့ရဲ့စိတ်ခံစားချက်များကိုသာမက အခြားသောသူတွေရဲ့ စိတ်ခံစားချက်များကိုလည်း နားလည်နိုင်စွမ်းရှိကြပါတယ်။ EQ မြင့်ဖို့အတွက်ဆိုရင် မိမိရဲ့စိတ်ခံစားချက်ကိုလည်း ထိန်းချုပ်နိုင်ရမှာဖြစ်သလို အခြားသောသူတွေရဲ့ ခံစားချက်ကိုလည်း ကိုယ်ချင်းစာတတ်ဖို့လိုပါလိမ့်မယ်။

စိတ်ဓာတ်ကြံ့ခိုင်အောင် လုပ်ပါ

strong and confident man

စိတ်ဓာတ်ကြံ့ခိုင်နေမယ်ဆိုရင် ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်ပါလိမ့်မယ်။ စိတ်ဓာတ်ကြံ့ခိုင်နေဖို့အတွက်ဆိုရင် မိမိကိုယ်ကို ယုံကြည်ပါ။ စိတ်ဓာတ်ကျနေချိန်များတွင် သူငယ်ချင်းများ၊ ချစ်ခင်ရသူများထံမှ အားပေးစကား ရယူပါ။

စိတ်ဆန္ဒ ပြင်းပြနေရပမယ်

strong willpower man

မိမိလိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနေချိန်မှာ အနှောင့်အယှက်များနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဥပမာ ဝိတ်ချဖို့ ကြိုးစားနေချိန်မှာ သရေစာမုန့်များ စားချင်စိတ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ထိုကဲ့သို့သော အနှောင့်အယှက်များကို ပြင်းပြသောစိတ်ဆန္ဒဖြင့် ထိန်းချုပ်ထားဖို့ လိုပါတယ်။

ယှဉ်ပြိုင်မှုများကို မကြောက်ရွံ့လိုက်ပါနဲ့

competitive man

သင့်နဲ့ ပန်းတိုင်ချင်းတူတဲ့လူတွေ အများအပြားရှိနေနိုင်ပါတယ်။ ဒါပေမဲ့လည်း ကြောက်ရွံ့စိတ် မဝင်လိုက်ပါနဲ့။ မိမိရဲ့ဘဝခရီးကို အခြားသူများနဲ့ မနှိုင်းယှဉ်ဘဲ ကိုယ်လုပ်စရာရှိတာကိုဘဲ အာရုံမပျံ့လွှင့်စေဘဲ တစိုက်မတ်မတ်လုပ်ဆောင်တတ်ဖို့ လိုပါတယ်။

Source: Verywellmind.com