တစ်ရက်တစ်ရက်အလုပ်တွေပဲဖိလုပ်ရင်း ဘဝရဲ့ကိုယ်ပိုင်အချိန်တွေ ပျောက်ဆုံးနေပြီလို့ ခံစားနေရပြီလား။ နေ့စဉ်လှုပ်ရှားရုန်းကန်ရမှုတွေနဲ့ အလုပ်အချိန်တွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝအပေါ် ကြီးစိုးထားပြီဆိုရင် ဘဝမှာ နေပျော်တော့မှာမဟုတ်ပါဘူး။ အလုပ်နဲ့ဘဝ ဟန်ချက်မညီရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာ ဆိုးကျိုးတွေများစွာရှိလာနိုင်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ ဘဝ ဟန်ချက်ညီအောင် ဘာတွေလုပ်နိုင်မလဲ ဘယ်လိုတွေပြင်ဆင်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အချိန်ခွဲထားပါ

man looking the watch

Photo : Mind the Product

သင့်ရဲ့အချိန်အများစုကို ဘယ်နေရာတွေမှာ အသုံးပြုနေလဲဆိုတာ ဆန်းစစ်ဖူးပါသလား။ တစ်နေ့တာမှာ အလုပ်အတွက်အချိန်တစ်ခုပေးရသလို သင့်ဘဝအတွက် အရေးအကြီးဆုံးအရာတွေအတွက်လည်း သီးသန့်အချိန်ခွဲထားပေးဖို့ လိုပါလိမ့်မယ်။ ကျန်းမာရေး ၊ ဝါသနာနဲ့ မိသားစုအတွက် အချိန်ပေးတာ စသည်ဖြင့်ပေါ့။ သင့်ရဲ့ ကိုယ်ပိုင်အချိန်တွေကိုလည်း လေးစားဖို့ လိုတယ်မဟုတ်လား။

(၂) အလုပ်တစ်ခုတည်းကို အာရုံစိုက်ပါ

man web designer

Photo : Pick-Kart

အလုပ်နှစ်ခုကို တစ်ပြိုင်နက်လုပ်တဲ့အခါ နှစ်ခုလုံးအပေါ်အာရုံအပြည့်အဝစိုက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် လက်ရှိလုပ်နေတဲ့ အလုပ်အပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ထားပါ။ အလုပ်တစ်ခုတည်းကို အာရုံစိုက်ခြင်းက အမှားအယွင်းနည်းစေသလို မြန်မြန်ပြီးမြောက်ဖို့လည်း လွယ်ကူစေပြီး တခြားသော ကိုယ်ပိုင်ဘဝရည်မှန်းချက်များနဲ့ ဦးစားပေးအစီအစဉ်တွေအတွက်လည်း အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

(၃) နေ့စဉ်ဘဝ ဖြတ်သန်းမှုပုံစံကို ပြောင်းလဲပါ

 Healthy lifestyle campaign

Photo : The Brussels Times

သင့်အနေနဲ့ တစ်နေ့တာဖြတ်သန်းမှုမှာ ကျန်းမာတဲ့လူနေမှုပုံစံရှိရဲ့လားဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။ အိပ်ရေးပျက်ခြင်း ၊ ကျန်းမာအောင်မစားခြင်း ၊ လေ့ကျင့်ခန်းမလုပ်ခြင်း စတဲ့အချက်တွေဟာ သင့်ဘ၀အတွက် ဟန်ချက်မညီခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ကျန်းမာတဲ့ Healthy Lifestyle တစ်ခုရှိခြင်းက အလုပ်နှင့်ဘဝဟန်ချက်ညီမှုရရှိရေးအတွက် အရေးပါတာကြောင့် ကျန်းမာတဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုပုံစံရဖို့ ပြောင်းလဲသင့်ပါတယ်။

(၄) ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ခွဲထားပါ

man smiling looking at the computer
Photo : Hernorm

အလုပ်အချိန်မှာ ကိုယ်ရေးကိုယ်တာမရောသင့်သလို ၊ ကိုယ်ပိုင်အချိန်တွေမှာလည်း အလုပ်နဲ့ရောထွေးနေတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ သင့်ရဲ့အလုပ်အချိန်မှာ အလုပ်ကိုပဲအပြည့်အဝ အာရုံစိုက်ထားပြီး အားလပ်ချိန်တွေမှာ အလုပ်နဲ့ပတ်သတ်တွေအရာတွေအားလုံးကို ဖြတ်တောက်ထားဖို့လိုပါတယ်။ ဒါမှလည်း အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ကွဲကွဲပြားပြားရှိစေပြီး Balance ညီနေမှာဖြစ်ပါတယ်။

Featured Photo : Best Life