ရေမွှေးနံ့ သင်းသင်းလေးကို ဘယ်သူမဆို သဘောကျကြတာပဲ။ ဒါပေမဲ့ ယောင်္ကျားလေးအများစုက ရေမွှေး ပုံမှန် သုံးလေ့ မရှိကြပါဘူး။ အချက်အလက်တွေအရဆိုရင် ယောင်္ကျားလေးတွေရဲ့ ၃၆% လောက်ပဲ ရေမွှေးသုံးတယ်လို့ ဆိုပါတယ်။ ကဲ ရေမွှေးမသုံးဖြစ်တဲ့ အမျိုးသားအများစုအတွက် ရေမွှေးကို ဘယ်လိုစနစ်တကျဆွတ်မလဲနဲ့ ပတ်သက်လို့ ဗဟုသုတတချို့ မျှဝေလိုက်ပါတယ်။

(၁) အရင်ဆုံး ကိုယ့်အသားအရေကို သန့်ရှင်းရေးလုပ်ပါ

Photo: baldingbeards

ရေမွှေးနံ့မပျက်ဘဲ သဘာဝအတိုင်း သင်းပျံ့နေဖို့ဆို အရင်ဆုံး ရေမွှေးဆွတ်မယ့် နေရာမှာ မွေးညှင်းပေါက်တွေ ပွင့်သွားကို သန့်ရှင်းရေးလုပ်ပါ။ အထိရောက်ဆုံးက ရေချိုးပြီးမှ ရေမွှေးဆွတ်ပါ။

(၂) Moisturize လုပ်ထားပါ

Photo: baldingbeards

အရေပြားမှာ အစိုဓါတ်ရှိနေရင် ရေမွှေးမှာပါတဲ့ မော်လီကျူးကို ပိုစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ရေမွှေးမဆွတ်ခင် Moisturizer ဒါမှမဟုတ် Body Lotion တစ်ခုခု လိမ်းထားပါ။

(၃) ခန္ဓာကိုယ်နဲ့ ၃-၆ လက်မအကွာကနေ ဖြန်းပါ

Photo: baldingbeards

ရေမွှေးဆွတ်ရင် Spray ကို ခန္ဓာကိုယ်နဲ့ သိပ်မနီးလွန်း ၊ မကပ်လွန်းတဲ့ အကွာအဝေးကနေ ထားပြီး ဖြန်းဖို့ လိုပါတယ်။

(၄) သွေးခုန်တဲ့ နေရာမှာ ဆွတ်ပါ

Photo: baldingbeards

Pulse Points လို့ခေါ်တဲ့ သွေးခုန်/သွေးတိုးတဲ့နေရာလေးတွေမှာ ရေမွှေးဆွတ်တာ ပိုထိရောက်ပါတယ်။ ခန္ဓာကိုယ်မှာ Pulse Points တွေက လည်ပင်း ၊ လက်ကောက်ဝတ်နဲ့ နားရွက်နေရာတွေ ဖြစ်ပါတယ်။ စဖြန်းဖြန်းချင်း စပရေး တစ်ချက်နှစ်ချက်နဲ့ပဲ စပါ။ ပြီးမှ ကိုယ်လိုအပ်သလောက်ပဲ ထပ်ဆွတ်ဖို့ အကြံပြုချင်ပါတယ်။