ညဘက်မှာကောင်းစွာအိပ်ပျော်ရခက်ခဲနေသူတွေရှိလား။ အိပ်စက်ခြင်းကလူတစ်ယောက်အတွက်အရမ်းကိုအရေးကြီးပါတယ်။ ညဘက်မှာကောင်းစွာအိပ်စက်အနား ယူမှလည်း နောက်တနေ့ကို အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွစွာနိုးထနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ သင့်ရဲ့အိပ်ခန်းကို ဘယ်လိုပြင်ဆင်ရမလဲ ဆိုတဲ့အချက်လေးတွေမျှဝေပေးချင်ပါတယ်။

(၁) တိတ်ဆိတ်ငြိမ်သက်မှုရှိပါစေ

Source : CORKLINE

ဆူညံသံတွေက သင့်ရဲ့အိပ်စက်မှုကိုအနှောက်ယှက်ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ တီဗီအသံတွေ စမတ်ဖုန်းအသံတွေစတဲ့ ဆူညံသံတွေက သင့်ရဲ့အိပ်စက်ခြင်းကိုကောင်းကောင်းအနှောက်ယှက်ဖြစ်စေပါတယ်။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ဆိုရင် သင့်ရဲ့အိပ်ခန်းအတွင်းမှာ ဆူညံ့သံတွေဖြစ်စေမယ့်အရာတွေကို ရှင်းထုတ်ထားသင့်ပါတယ်။

(၂) အမွေးရနံ့ပါတဲ့ဖယောင်းတိုင်းထွန်းပါ

Source : Vintage 27 Candles

အပြည်ပြည်ဆိုင်ရာ အာရုံကြောသိပ္ပံဂျာနယ်ရဲ့ အဆိုအရ လာဗင်ဒါအနံ့ က နှလုံးခုန်နှုန်း အရေပြားအပူချိန်နှင့် သွေးပေါင်ချိန်ကိုလျှော့ချနိုင်ပြီး သင့်အားပိုမိုသက်တောင့်သက်သာဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ အဆိုပါရနံ့က လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကိုတိုးတက်စေပြီး အိပ်ချင်တဲ့ခံစားမှုမျိုးကိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။ ဒါကြောင့်အိပ်ခန်းအတွင်းမှာ လာဗင်ဒါအနံ့ ပါတဲ့ အမွေးရနံ့ပါတဲ့ဖယောင်းတိုင်းထွန်းပေးခြင်းက အိပ်စက်ခြင်းကိုပိုပြီးအထောက်အကူဖြစ်စေနိုင်ပါတယ်။

(၃) အိပ်ခန်းကိုသန့်ရှင်းသပ်ရပ်အောင်ထားပါ

Source : Emily Henderson

အိပ်ခန်းလေးက သန့်ရှင်းသပ်ရပ်နေပြီး အနံ့အသက်တွေကင်းစင်နေခြင်းက စိတ်ခံစားမှုကောင်းစေသလို အိပ်စက်ခြင်းအတွက်လည်းအထောက်ကူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ အိပ်ခန်းကိုအမြဲသန့်ရှင်းသပ်ရပ်နေအောင်ပြင်ဆင်ပါ။ မလိုအပ်တဲ့ပစ္စည်းတွေထုတ်လိုက်ပါ။ အိပ်ခန်းကိုအပြာရောင်ဆေးသုတ်ထားခြင်းက ကောင်းမွန်စွာအိပ်ပျော်စေနိုင်ပါတယ်။ အကယ်၍ဆေးမသုတ်ဖြစ်ဘူးဆိုရင်လည်း အိပ်ခန်းနံရံမှာ လှပတဲ့ ပန်းချီကား သို့ ဓာတ်ပုံတချို့ ကိုချိတ်ထားလိုက်ပါ။

(၄) အိပ်ရာကိုအမြဲသန့်ရှင်းရေးလုပ်ပါ

Source : Pinterest

အိပ်ယာခင်း ခေါင်းအုံး မွေ့ယာ စောင်စတဲ့အရာတွေကလည်း အိပ်စက်ခြင်းရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။ အဓိကအားဖြင့် ကိုယ်ရဲ့ အိပ်ရာပေါ်မှာထားရှိမယ့် အိပ်ယာခင်း ခေါင်းအုံး မွေ့ယာ စောင်ကဲ့သို့ အသုံးဆောင်ပစ္စည်းတွေက သက်တောင့်သက်သာရှိနေဖို့လိုအပ်ပြီး အနံ့သက်ကင်းစင်နေဖို့လည်းအရေးကြီးပါတယ်။ဒါကြောင့် မိမိရဲ့အိပ်ရာကိုအမြဲသန့်ရှင်းရေးလုပ်ပါ။ ခေါင်းအုံးစွပ် အိပ်ယာခင်းတွေကိုတပတ်တခါသန့်ရှင်ရေးလုပ်ပေးပါ။