သင်အနေနဲ့လက်ရှိဘဝကို စိတ်ပျက်ငြီးငွေ့တယ်လို့ခံစားနေရပြီလား။ နေ့စဉ်နဲ့အမျှ အပ်ကြောင်းထပ်နေတဲ့အရာတွေကိုဘဲကို လုပ်ကိုင်နေရပြီး ဘဝကြီးက အဓိပ္ပါယ်မဲ့နေပြီလို့ခံစားနေရပြီလား။ဒါဆိုရင်တော့ သင့်ရဲ့ စိတ်ကို လန်းဆန်းတက်ကြွစေပြီး စိတ်ခံစားမှုအသစ်တွေရရှိလာစေဖို့ လုပ်ဆောင်ကြည့်သင့်တဲ့အရာတွေကိုပြောပြပေးချင်ပါတယ်။
(၁) ဝါသနာအသစ်ရှာကြည့်ပါ
Source : Park Inn Blog
တကယ်တော့ လူတစ်ယောက်ရဲ့ဘဝမှာ စိတ်ဝင်စားတဲ့ ဝါသနာတွေက အများကြီးရှိတက်ပါတယ်။ ကိုယ့်အနေနဲ့ ဘဝမှာတစ်ခါမှာမလုပ်ခဲ့ဖူးတဲ့ ဘဝအသစ်အစမ်းတစ်ခုခုကိုရှာဖွေလုပ်ဆောင်ကြည့်ပါ။ကိုယ့်ဝါသနာပါတဲ့အရာတစ်ခုကို တွေ့ရှိပြီးလုပ်ဆောင်နေခြင်းက ငြီးငွေ့စရာအချိန်တွေကို ကုန်လွန်စေမှာပါ။
(၂) ခရီးသွားပါ
Source : Unsplash
ခရီးသွားခြင်းက အတွေ့အကြုံအသစ်အဆန်းတွေ လူသစ်တွေ ယဉ်ကျေးမှု ရိုးရာဓလေ့အသစ်အဆန်းတွေကို ခံစားနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့စဉ်ဘဝထဲက ရုန်းထွက်ပြီး ခရီးသွားလိုက်ပါ။ လန်းဆန်းတက်ကြွတဲ့စိတ်ခံစားမှုတွေ တဖန်ပြန်လည်ခံစားရစေမှာဖြစ်ပါတယ်။
(၃) လူအသစ်တွေနဲ့ တွေ့ဆုံပါ
Source : Shutterstock
ကိုယ်ဘဝမှာတစ်ခါမှ မသိကျွမ်းသေးဘူးတဲ့လူသစ်တွေနဲ့ မိတ်ဆွေဖွဲ့ပါ။စကားတွေပြောကြည့်ပါ။ကိုယ်ကျင်လည်ရာနေရာကလူတွေနဲ့ပဲ အဆက်သွယ်လုပ်နေခြင်းက သင့်ကိုပိုပြီး ငြီးငွေ့ဖို့ကောင်းစေမှာပါ။ဒါကြောင့် တခြားသောနယ်ပယ်က လူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ ဆွေးနွေးဖလှယ်မှုတွေပြုလုပ်ကြည့်ပါ။
(၄) အတက်ပညာတစ်ခုခုသင်ယူပါ
Source : Shutterstock
ဘဝမှာ ကိုယ်တကယ်စိတ်ဝင်စားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သင်ယူခွင့်မရခဲ့တဲ့ ပညာရပ်တစ်ခုခုရှိကြမှာပါ။ ဥပမာ ကိုယ်ကဓာတ်ပုံရိုက်ရတာဝါသနာပါတယ်ဆိုရင် ဓာတ်ပုံသင်တန်းတစ်ခုတက်လိုက်ပါ။ အသက်ကြီးသည်ငယ်သည် ဒီပညာနဲ့အသက်မွေးဝမ်းကြောင်းပြုသည်မပြုသည်ကိုမတွေးပါနဲ့။ အရင်ဆုံး ကိုယ်တက်ချင်တဲ့ ပညာရပ်တစ်ခုခုကိုလေ့လာကြည့်ပါ။အရင်ကထက် မိမိဘဝက အဓိပ္ပါယ်ရှိသလိုခံစားလာရပါလိမ့်မယ်။