ကမ္ဘာပေါ်က လူကြိုက်အများဆုံး ယမကာတစ်မျိုးကိုပြောပါဆိုရင် ဝီစကီက ထိပ်ဆုံးကပါနေမှာ ဖြစ်ပါတယ်။ Scottish နယ်သုံးဘာသာစကားတစ်မျိုးဖြစ်တဲ့ ဂေးလစ်စကားအရတော့ ဝီစကီ (Whisky) ကို Water of Life “ဘဝရေစင်” လို့ အဓိပ္ပါယ်ဖွင့်ဆို တင်စားခေါ်ဝေါ်ကြပါတယ်။

Barman pouring fresh strong whiskey into a glass

Photo : Eat This, Not That

များသောအားဖြင့် ဝီစကီတွေဟာ ထုတ်လုပ်တဲ့နိုင်ငံ ၊ နေရာ ၊ ဒေသပေါ်မူတည်ပြီး အရောင် အနံ့ အရသာတို့မှာ ကွာခြားမှုလေးတွေ ရှိပါတယ်။ ကမ္ဘာတဝှမ်းမှာ မတူညီတဲ့ ဝီစကီအမျိုးအစားပေါင်းများစွာရှိပြီး တစ်ခုချင်းစီတိုင်း မှာ ထူးခြားတဲ့ ပင်ကိုယ်အနံ့အရသာတွေ ကိုယ်စီရှိတက် ကြပါတယ်။

သင့်အနေနဲ့ ဝီစကီကောင်းကောင်းတစ်ခွက်ကို ဆရာကျကျ အရသာခံ မြည်းစမ်းကြည့်မယ်ဆိုရင်တော့ အခုပြောမယ့် အခြေခံအဆင့်လေးတွေကို မဖြစ်မနေသိထားဖို့လိုမှာပါ။ ဝီစကီသောက်တော့မယ်ဆိုရင် အရင်ဆုံးဖန်ခွက်ထဲကို ဝီစကီအနည်းငယ်လောက်သာ ဖြည်းညင်းစွာ လောင်းထည့်ပါ။

Handsome man smelling a whisky

Photo Source : Sotheby’s

ပြီးရင်တော့ ဖန်ခွက်ကို လက်ဖြင့်ညင်သာစွာ လှုပ်ပေးရပါမယ်။ ထို့နောက် ဝီစကီရဲ့ရနံကို ကောင်းစွာခံစားကြည့် နိုင်ဖို့ ဖန်ခွက်ရဲ့တစ်လက်မလောက်အကွာကနေ ပါးစပ်ကိုခပ်ဟဟဖွင့်ထားပြီး နှာခေါင်းဖြင့် ခပ်ပြင်းပြင်းရှုကာ အနံ့ခံကြည့်ပါ။ ဒါမှသာ ဝီစကီရဲ့ ကောင်းမွန်လက်ဆတ်တဲ့ ရနံ့စစ်စစ်ကို ခံစားရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ဝီစကီကို ရေအနည်းငယ် ရောစပ်ပေးဖို့ပါပဲ။ ဝီစကီမှာ အယ်လ်ကိုယ်ဟော ပါဝင်မှုများ တဲ့အတွက် Neat သောက်မယ်ဆိုရင် လျှာရဲ့အရသာခံမှုကို ထုံကျင်သွားစေပြီး အရသာကောင်းကောင်းခံနိုင်မှာ မဟုတ်တော့ပါဘူး။ မဆိုသလောက် ရေလေးအနည်းငယ်ရောစပ်သောက်တာက ဝီစကီရဲ့ကောင်းမွန်တဲ့ အရသာ စစ်စစ်ကို ခံစားရရှိစေမှာပါ။

men clink glasses of whiskey drink alcoholic beverage together

Photo : Delicious

နောက်ဆုံးအဆင့်အနေနဲ့ ဝီစကီတစ်ငုံကို ချက်ချင်းမြိုမချသေးပဲ ပါးစပ်ထဲခဏငုံထားပြီး လျှာတစ်ပြင်လုံးနဲ့ ဝီစကီရဲ့အရသာကို ခံစားကြည့်ပါ။ မြိုချလိုက်ချိန်မှာ နှာခေါင်းကအသက်ရှုကြည့်လိုက်မယ်ဆိုရင် ဝီစကီအနံ့ဟာ နှာခေါင်းထဲက ထွက်လာပြီး တစ်ချိန်တည်းမှာပင် ဝီစကီရဲ့ကောင်းမွန်တဲ့ အနံ့နဲ့အရသာကို တစ်ပြိုင်နက်တည်း ခံစားရစေမှာ ဖြစ်ပါတယ်။ ဒီအဆင့်လေးတွေသိထားပြီဆိုရင်တော့ သင်ဟာ ဆရာကျကျ ဝီစကီသောက်တက် သူတစ်ယောက် ဖြစ်ပါပြီ။

Featured Photo Source  : The Whisky Guide