အောင်မြင်မှုဆိုတဲ့ ပန်းတိုင်တစ်ခုကိုရောက်ဖို့က လွယ်လွယ်နဲ့တော့ရနိုင်မှာမဟုတ်ပါဘူး။ ကျရှုံးခြင်းတွေ စိတ်ဓာတ်ကျမှုတွေနဲ့လည်းများစွာရင်ဆိုင်ရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကနေ ကိုယ်ကိုယ်ကိုပြန်ဆွဲထုတ်နိုင်မှလည်း အောင်မြင်မှုလမ်းကြောင်းဆီဆက်သွားနိုင်မှာပါ။ ဒီတစ်ခေါက်တော့ အောင်မြင်ချင်တဲ့ သူတွေအတွက် အောင်မြင်မှုရရှိမယ့် အဓိကသော့ချက်တွေကို ဝေမျှပေးလိုက်ပါတယ်။
(၁) အနာဂတ်အစီစဉ်တွေကို အာရုံစိုက်ပါ
Photo : Medium
Plan တွေ Idea တွေ ထုတ်ပြီး လုပ်ပြီးသွားပြီဆိုရင်လည်း ရေဆုံးမြေဆုံးလုပ်ဖို့လိုပါတယ်။ လမ်းတဝက်မှာ ရပ်လိုက်တာမျိုး ၊ ဆက်လုပ်ချင်စိတ်မရှိတာမျိုး ၊ စိတ်ကုန်သွားတာမျိုး ဖြစ်မယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ ဝေးသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ အစီအစဉ်တွေ ၊ ရည်မှန်းချက်တွေ ၊ ပန်းတိုင်တွေ လွဲချော်မသွားအောင် ဝီရိယရှိရှိ အာရုံစိုက်ပြီး လုပ်ဆောင်ရမှာပါ။
(၂) အသစ်အဆန်းတွေကို တွေးခေါ်ဖန်တီးနေပါ
Photo : iStock
ဦးနှောက်ကို အလုပ်ပေးပါ။ ကိုယ့်လုပ်ငန်းတွေ ၊ ကိုယ့်အလုပ်တွေအတွက် အမြဲဆန်းသစ်တဲ့ အိုင်ဒီယာတွေ ထုတ်နေရပါမယ်။အစစအရာရာ မြန်ဆန်တိုးတက်နေတဲ့ ခေတ်ကြီးမှာ အောင်မြင်ချင်ရင် နောက်ကျကျန်ရစ်ခဲ့လို့မရပါဘူး။ အချိန်ပြည့် သူများထက်သာအောင် သူများနဲ့မတူအောင် ကိုယ့်ဦးနှောက်ကို အမြဲအလုပ်ပေးနေမှ ဖြစ်မှာပါ။
(၃) ကိုယ့်ရည်မှန်းချက် ဆန်းစစ်နေပါ
Photo : Business Partner Magazine
တစ်နေ့တာ ဖြတ်သန်းပြီးသွားပြီဆိုရင် ငါ ဖြစ်ချင်တာ ဘာလဲ။ခု ငါ ဘယ်အထိ ခရီးရောက်ပြီလဲ။ ငါ လိုချင်တဲ့ အရာကို ရဖို့ ဘယ်လောက်ထိ ကြိုးစားရဦးမှာလဲ။ ငါလိုချင်တာ ရဖို့ ဘာတွေ ထပ်ဖြည့်ရဦးမှာလဲ စတဲ့ လဲ ပေါင်းများစွာသော မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေပါ။ ကိုယ့်ရဲ့ရည်မှန်းချက်ကို ရောက်ဖို့အတွက် အမြဲဆန်းစစ်နေဖို့ လိုအပ်ပါတယ်။
Featured Photo : Forbes