အမြဲလိုလို ငွေကြေးအခက်ခဲကြောင့် စိုးရိမ်သောကတွေရောက်နေရပြီ အခုပြောပြမယ့်နည်းလေးတွေကအထောက်အကူဖြစ်စေမှာပါ။ ဒီဆောင်းပါးလေးမှာ ငွေကြေးဆိုင်ရာအကျပ်အတည်းက လွတ်မြောက်ပြီး ကိုယ့်ရဲ့ ဝင်ငွေနဲ့ လောက်ငှမှုရှိစွာ ဖြတ်သန်းနိုင်ဖို့ အရေးကြီးတဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အသုံးစရိတ်ကိုစာရင်းပြုစုပါ

Man using calculator and calculate bills receipt in home

Photo : Freepik

တစ်နေ့ တစ်နေ့ ကိုယ်ဘာတွေသုံးနေတယ်ဆိုတာသိမှ ကိုယ့်ရဲ့ ငွေကို ထိန်းချုပ်နိုင်မှာပါ။ ဘယ်အရာတွေအတွက် ဘယ်လောက်သုံးတယ်ဆိုတာ စာရင်းမရှိသ၍တော့ လစာငွေတွေဟာ ပျောက်ချင်းမလှပျောက်သွားတက်လို့ပါပဲ။ ဒါကြောင့် ကိုယ်ရဲ့ တစ်နေ့တာမှာ ကုန်ကျတဲ့ လမ်းစရိတ်၊ ဖုန်းဘေ၊ အသေးသုံးငွေ စတဲ့အသုံးစရိတ်အားလုံး စာရင်းလုပ်ထားပါ။

(၂) အသုံးစရိတ်တွေလျော့ပါ

Man Holding Money

Photo : Digital Trends

ငွေသုံးတာဟာ မှန်ကန်တဲ့အသုံးပြုခြင်းမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ မလိုအပ်တဲ့အရာတွေအတွက် ငွေသုံးနေမယ်ဆိုရင် ဒါသုံးရာမရောက်ဘဲ ငွေဖြုန်းရာပဲ ရောက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်သုံးမယ့်အရာက တကယ်ရောလိုအပ်ရဲ့လား သေချာစွာပြန်မေးပါ။ တကယ်မလိုအပ်တဲ့အရာဆို ငွေကုန်ကျမခံပါနဲ့။

(၃) ငွေစုထားပါ

Wealth Man Money Wall Murals

Photo : Wallsheaven

ကိုယ့်ဝင်ငွေရဲ့ ပမာဏတစ်ခုကို မဖြစ်မနေဖယ်ပြီး စုငွေစာရင်းထဲထည့်ထားပါ။ မဖြစ်မနေသုံးရမယ့် ကိစ္စမရှိသ၍ ထိုစုငွေကိုမသုံးပါနဲ့။ လစဉ်လတိုင်းထိုကဲ့သို့စုနိုင်မယ်ဆိုရင်တော့ ငွေကြေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့ပြဿနာက လွှတ်မြောက်နိုင်မှာဖြစ်သလို ဘယ်ပဲသွားသွား ကိုယ့်လက်ထဲငွေရှိတဲ့အတွက် အားရှိစေပါတယ်။

(၄) ဝင်ငွေထွက်ငွေစီစစ်ပါ

Saving money hand put coins on a stack on a background of dollars and a calculator

Photo : Larastock

ပိုက်ဆံသုံးတော့မယ်ဆိုရင် အဓိကအားဖြင့် ကိုယ်ရှာနိုင်တဲ့ ငွေပမာဏထက် ပိုမသုံးမိဖို့ကို သတိပြုရပါမယ်။ ပိုက်ဆံဆိုတာ သုံးနေတဲ့အချိန်မှာ သိပ်ကိုအရသာရှိသလောက်ပြန်ရှာဖို့တော့ အင်မတန်ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ်တကယ်ရှာနိုင်တဲ့ ဝင်ငွေပမာဏထက် လျော့နည်းပြီး သုံးဖို့ ကိုယ်ကိုယ်ကိုကန့်သတ်ထားမယ်ဆိုရင် လစဥ်လတိုင်း ငွေကြေးအကျပ်အ တည်းပြဿနာမှ လွတ်မြောက်မှာသေချာပါတယ်။

Featured Photo : Univision