စိတ်ခံစားချက်တွေဟာ ဒီရေကဲ့သို့ပဲ အနိမ့်အမြင့်အတက်အကျ ဖြစ်လေ့ဖြစ်ထရှိကြစမြဲပါ။ တစ်ခါတစ်လေမှာ ခွန်အားတွေအပြည့်နဲ့တက်ကြွနေပေမယ့် တစ်ခါတစ်လေကျတော့လည်း ဘာဆက်လုပ်ရမလဲမသိအောင် ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေသလိုခံစားရတာမျိုးတွေဖြစ်တက်ပါတယ်။ ဒီလိုသင်ကိုယ်သင် ပျောက်ဆုံးနေပြီလို့ခံစားရတဲ့အခါ အခုပြောမယ့်အရာလေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ရှာဖို့လိုပါလိမ့်မယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါ

 Man Thinking Hard

Photo : The Architects’ Journal

ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေခြင်းဟာ ကိုယ့်ကို လမ်းကြောင်းမှန် ၊ ဦးတည်ချက်မှန်ကို ပြန်ရောက်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ဖြတ်သန်းမှုနဲ့ လက်ရှိ ပစ္စက္ခအခြေအနေတွေကို ပြန်သုံးသပ်ကြည့်ပါ။ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ အားနည်းချက်တွေကို သေချာသိမှပဲ ရှေ့လျှောက် ပိုကောင်းတာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၂) အပြောင်းအလဲတွေလုပ်ပါ

Shot of a young businessman using a digital tablet in an office at night

Photo : Geldards

ပြောင်းလဲမှုနဲ့အတွေ့အကြုံအသစ်တွေရဖို့ ကိုယ်မလုပ်သေးတဲ့အရာတွေကို Try ကြည့်သင့်ပါတယ်။ တစ်ခါမှမထိုင်ဖူးသေးတဲ့ ကော်ဖီဆိုင်အသစ်မှာ တစ်ယောက်တည်းသွားထိုင်တာမျိုး ၊ မလုပ်ဖူးသေးတဲ့ အားကစားအသစ်အဆန်းတစ်ခုလုပ်ကြည့်တာမျိုး ၊ တစ်ယောက်တည်း မြို့တစ်ပတ် ကားမောင်းထွက်တာမျိုး ၊ မဆုံတာနှစ်ချီနေပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ ချိန်းတာမျိုးစသည်ဖြင့် ပုံမှန်လုပ်နေကျမဟုတ်တဲ့ အသစ်သစ်သောအရာတွေလုပ်ဆောင်ခြင်းက သင့်စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။

(၃) အတွေးတွေထိန်းချုပ်ပါ

Man Thinking

Photo : Love Devani

ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပြီလို့ ခံစားရတဲ့အချိန်မျိုးမှာ အရာအားလုံးက အပျက်သဘောဆောင်တဲ့ ခံစားမှုကိုသာ ဖြစ်စေပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်ပဲ စိတ်၏စေရာလွတ်ထားလိုက်ရင် အဆိုးဆုံးတွေပဲ ကြုံတွေ့ခံစားနေရမှာပါ။ ကိုယ့်ရဲ့ အတွေးတွေနှင့် ခံစားချက်တွေကို ထိန်းချုပ်နိုင်သူမှာ မိမိကိုယ်တိုင်သာဖြစ်တယ်ဆိုတာကို နားလည်လက်ခံထားဖို့လို ပါတယ်။

(၄) ပန်းတိုင်တွေကိုမျှော်မှန်းကြည့်ပါ

Man Thinking Hard

Photo : GoodTherapy

ရည်မှန်းချက်တွေ ပျောက်နေရင်လည်း အလွယ်လေးနဲ့ စိတ်လေသွားနိုင်ပါတယ်။ ကိုယ်ကို စိတ်အားထက်သန်မှုတွေ ပြန်ခေါ်ပေးနိုင်မယ့် ကိုယ့်မျှော်လင့်ချက်ပန်းတိုင်တွေကို ပြန်မော့ကြည့်လိုက်ပါ။ ဒါမှမဟုတ် ပန်းတိုင်သစ်တစ်ခုခု ၊ အမြင်သစ်တစ်ခုခုနောက် လိုက်ပါ။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ပြန်နှိုးပေးမယ့် မောင်းနှင်အားတစ်ခုကို မွေးယူဖို့ ဖြစ်ပါတယ်။

Featured Photo : Love Devani