အဂၤလန္လက္ေရြးစင္အသင္းနည္းျပ ေဆာက္ဂိတ္က ခ်က္အသင္းနဲ႔ ယူရုိ- ၂၀၂၀ ေျခစစ္ပြဲမွာ အသင္းအတြက္ ဟက္ထရစ္သြင္းယူကာ ေျခစြမ္းျပႏုိင္ခ့ဲတ့ဲ ေတာင္ပံကစားသမား စတာလင္ရဲ႕ အသင္းအေပၚ ဦးေဆာင္ႏုိင္စြမ္းကို ခ်ီးက်ဴးေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲၿပီး အနာဂတ္ အဂၤလန္လက္ေရြးစင္အသင္းႀကီးရဲ႕ အသင္းေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာႏုိင္ေၾကာင္းလည္း ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။

Photo Credit : Sky Sports

စတာလင္တစ္ေယာက္ အဂၤလန္အသင္းရဲ႕ အသင္းေခါင္းေဆာင္တစ္ေယာက္ အေနနဲ႔ တုိးတက္မႈမ်ား ရွိလာခ့ဲပုံနဲ႔ ပတ္သက္ၿပီး မြန္တီနီဂရိုးအသင္းနဲ႔ ကစားမယ့္ ယူရို- ၂၀၂၀ ေျခစစ္ပြဲမတုိင္ခင္ သတင္းစာရွင္းလင္းပြဲမွာ နည္းျပ ေဆာက္ဂိတ္က “ကြ်န္ေတာ္တို႔အသင္းမွာ အသင္းေခါင္းေဆာင္အျဖစ္ ေဆာင္ရြက္ႏုိင္တ့ဲ ကစားသမား သံုးေလးေယာက္ေလာက္ရွိၿပီး ရာဟင္မ္(စတာလင္)ကလည္း ဒီကစားသမားေတြဆီမွာ ရွိတ့ဲ အရည္အခ်င္းအတိုင္းပဲ အမ်ားႀကီး တိုးတက္မႈ ရွိလာပါတယ္။ သူ႔ဆီမွာလည္း ေခါင္းေဆာင္မႈနဲ႔ ပတ္သက္တ့ဲ အရည္အခ်င္းေတြ ရွိေနပါတယ္။ လတ္တေလာမွာ အသင္းေခါင္းေဆာင္အျဖစ္ ဟာရီကိန္းရွိေနၿပီး အသင္းရဲ႕ ေရရွည္ အသင္းေခါင္းေဆာင္နဲ႔ ပတ္သက္ၿပီး ေျပာရခက္ပါေသးတယ္။ ဒါေပမယ့္ ဟာရီကိန္းကလည္း ဟုိတယ္ထဲမွာ ရွိေနၿပီး ညစာသြားစားဖုိ႔ ေစာင့္ေနရခ်ိန္မ်ိဳးမွာ ထူးခြ်န္တ့ဲ ေပါင္းသင္းဆက္ဆံေရးရွိေနတယ္ဆိုုတာကို ျပသႏုိင္ခ့ဲပါတယ္။” ဟု ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။

Photo Credit : BBC

စပါးအသင္းရဲ႕ တိုက္စစ္မွဴးျဖစ္သူ ဟာရီကိ္န္းဟာ လက္ရွိအဂၤလန္လက္ေရြးစင္အသင္းေခါင္းေဆာင္လည္းျဖစ္ၿပီး ဟန္ဒါဆန္၊ အဲရစ္ဒုိင္ယာ၊ ေဖဘီယန္ဒဲ့လ္ဖ္၊ အက္ရွ္ေလယန္းတုိ႔ကလည္း အသင္းကို ဦးေဆာင္ႏုိင္သလို စတာလင္ကလည္း အဆုိပါ ကစားသမားမ်ားက့ဲသို႔ အဆင့္အတန္းမ်ိဳးကို ေရာက္ရွိလာခ့ဲေၾကာင္းကိုလည္း ေဆာက္ဂိတ္က “ကြ်န္ေတာ္သူ႔(စတာလင္)ကုိ ၿပီးခ့ဲတ့ဲ ႏုိိဝင္ဘာလနဲ႔ အခုမတ္လအတြင္းမွာ အသင္းကို ဦးေဆာင္ႏုိင္တ့ဲ ကစားသမားတစ္ဦးအျဖစ္ ရာထူးတုိးေပးဖို႔ ဆံုးျဖတ္ခ့ဲပါတယ္။ သူ႔ရဲ႕ ရင့္က်က္မႈနဲ႔ အသင္းအေပၚ လႊမ္းမိုးႏုိင္မႈေတြ အတြက္ေပါ့။ ခင္ဗ်ားအေနနဲ႔ တျခား လူငယ္ကစားသမားေတြနဲ႔ စကားေျပာတ့ဲအခါမွာ စတာလင္က လူငယ္ေတြကို လက္ရွိပတ္ဝန္းက်င္နဲ႔ ပတ္သက္ၿပီး သက္ေတာင့္သက္သာျဖစ္ေအာင္ ေျပာႏုိင္ဆုိႏုိင္တ့ဲ ကစားသမားေတြထဲက တစ္ေယာက္အျဖစ္ ရွိေနပါတယ္။ ဒီအခ်က္က သူ႔အတြက္ အေရးပါတ့ဲ အေရြ႕တစ္ခု အေျပာင္းအလဲတစ္ခုပါပဲ။” ဟု ခ်ီးမြမ္းေျပာၾကားသြားခ့ဲပါတယ္။

Photo Credit :The Independent

စတာလင္ဟာ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ ေနာက္ဆံုး (၃) ပြဲမွာ သြင္းဂုိး (၅) ဂိုးအထိ သြင္းယူကာ ေျခစြမ္းျပကစားႏုိင္ခ့ဲတ့ဲအျပင္ ဒီရာသီမွာ မန္စီးတီးအသင္းအတြက္ (၁၉) ဂိုးသြင္းကာ ေျခစြမ္းျပႏုိင္တ့ဲအေနအထားမ်ိဳးေတြေၾကာင့္ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုကို ရရွိဖြယ္ရွိေၾကာင္းလည္း ထင္ေၾကးမ်ား ထြက္ေပၚလ်က္ရွိပါတယ္။ အခုလိုမ်ိဳးစတာလင္ရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဆာက္ဂိတ္က “ကြ်န္ေတာ့္အတြက္ အႀကီးမားဆံုး အခ်က္တစ္ခ်က္က စတာလင္အေနနဲ႔ ကိုယ့္ကုိကုိယ္ ယံုၾကည္မႈ ရွိၿပီး ေတြေဝမေနဘဲ အခြင့္အေရးေတြကို အဆံုးသတ္လာႏုိင္တာပါပဲ။ သူက လက္ရွိအခ်ိန္မွာ ပုံမွန္ ေျခစြမ္းျပသေနၿပီး သူလက္ရိွိေရာက္ေနတ့ဲေနရာက တျခားဘယ္အားကစားသမားအတြက္မဆို ႀကီးက်ယ္ခမ္္းနားတ့ဲ ေနရာတစ္ခုပါ။ ခင္ဗ်ားအေနနဲ႔ ေဘာလံုးကစားၿပီဆုိရင္ ဘာကိုမွ မစဥ္းစားဘဲ ကစားခ်င္မွာပါ။ ကြင္းထဲမွာ ဘာလုပ္ရမလဲဆုိတာကို စဥ္းစားေနရမယ္ဆုိရင္ေတာ့ ခင္ဗ်ားအေနနဲ႔တံု႔ဆုိင္းဆုိင္းျဖစ္ေနမွာပါ။” ဟူ၍လည္း ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲေၾကာင္းလည္း သိရွိရပါတယ္။

(Unicode)

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ချက်အသင်းနဲ့ ယူရို- ၂၀၂၀ ခြေစစ်ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တောင်ပံကစားသမား စတာလင်ရဲ့ အသင်းအပေါ် ဦးဆောင်နိုင်စွမ်းကို ချီးကျူးပြောကြားမှုများ ပြုလုပ်သွားခဲ့ပြီး အနာဂတ် အင်္ဂလန်လက်ရွေးစင်အသင်းကြီးရဲ့ အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ကြောင်းလည်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sky Sports

စတာလင်တစ်ယောက် အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက် အနေနဲ့ တိုးတက်မှုများ ရှိလာခဲ့ပုံနဲ့ ပတ်သက်ပြီး မွန်တီနီဂရိုးအသင်းနဲ့ ကစားမယ့် ယူရို- ၂၀၂၀ ခြေစစ်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ နည်းပြ ဆောက်ဂိတ်က “ကျွန်တော်တို့အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နိုင်တဲ့ ကစားသမား သုံးလေးယောက်လောက်ရှိပြီး ရာဟင်မ်(စတာလင်)ကလည်း ဒီကစားသမားတွေဆီမှာ ရှိတဲ့ အရည်အချင်းအတိုင်းပဲ အများကြီး တိုးတက်မှု ရှိလာပါတယ်။ သူ့ဆီမှာလည်း ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ရှိနေပါတယ်။ လတ်တလောမှာ အသင်းခေါင်းဆောင်အဖြစ် ဟာရီကိန်းရှိနေပြီး အသင်းရဲ့ ရေရှည် အသင်းခေါင်းဆောင်နဲ့ ပတ်သက်ပြီး ပြောရခက်ပါသေးတယ်။ ဒါပေမယ့် ဟာရီကိန်းကလည်း ဟိုတယ်ထဲမှာ ရှိနေပြီး ညစာသွားစားဖို့ စောင့်နေရချိန်မျိုးမှာ ထူးချွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိနေတယ်ဆိုုတာကို ပြသနိုင်ခဲ့ပါတယ်။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

Photo Credit : BBC

စပါးအသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဟာရီကိ်န်းဟာ လက်ရှိအင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်လည်းဖြစ်ပြီး ဟန်ဒါဆန်၊ အဲရစ်ဒိုင်ယာ၊ ဖေဘီယန်ဒဲ့လ်ဖ်၊ အက်ရှ်လေယန်းတို့ကလည်း အသင်းကို ဦးဆောင်နိုင်သလို စတာလင်ကလည်း အဆိုပါ ကစားသမားများကဲ့သို့ အဆင့်အတန်းမျိုးကို ရောက်ရှိလာခဲ့ကြောင်းကိုလည်း ဆောက်ဂိတ်က “ကျွန်တော်သူ့(စတာလင်)ကို ပြီးခဲ့တဲ့ နိုိဝင်ဘာလနဲ့ အခုမတ်လအတွင်းမှာ အသင်းကို ဦးဆောင်နိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် ရာထူးတိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ ရင့်ကျက်မှုနဲ့ အသင်းအပေါ် လွှမ်းမိုးနိုင်မှုတွေ အတွက်ပေါ့။ ခင်ဗျားအနေနဲ့ တခြား လူငယ်ကစားသမားတွေနဲ့ စကားပြောတဲ့အခါမှာ စတာလင်က လူငယ်တွေကို လက်ရှိပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး သက်တောင့်သက်သာဖြစ်အောင် ပြောနိုင်ဆိုနိုင်တဲ့ ကစားသမားတွေထဲက တစ်ယောက်အဖြစ် ရှိနေပါတယ်။ ဒီအချက်က သူ့အတွက် အရေးပါတဲ့ အရွေ့တစ်ခု အပြောင်းအလဲတစ်ခုပါပဲ။” ဟု ချီးမွမ်းပြောကြားသွားခဲ့ပါတယ်။

Photo Credit :The Independent

စတာလင်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နောက်ဆုံး (၃) ပွဲမှာ သွင်းဂိုး (၅) ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အပြင် ဒီရာသီမှာ မန်စီးတီးအသင်းအတွက် (၁၉) ဂိုးသွင်းကာ ခြေစွမ်းပြနိုင်တဲ့အနေအထားမျိုးတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိဖွယ်ရှိကြောင်းလည်း ထင်ကြေးများ ထွက်ပေါ်လျက်ရှိပါတယ်။ အခုလိုမျိုးစတာလင်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးတော့လည်း ဆောက်ဂိတ်က “ကျွန်တော့်အတွက် အကြီးမားဆုံး အချက်တစ်ချက်က စတာလင်အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပြီး တွေဝေမနေဘဲ အခွင့်အရေးတွေကို အဆုံးသတ်လာနိုင်တာပါပဲ။ သူက လက်ရှိအချိန်မှာ ပုံမှန် ခြေစွမ်းပြသနေပြီး သူလက်ရှိိရောက်နေတဲ့နေရာက တခြားဘယ်အားကစားသမားအတွက်မဆို ကြီးကျယ်ခမ််းနားတဲ့ နေရာတစ်ခုပါ။ ခင်ဗျားအနေနဲ့ ဘောလုံးကစားပြီဆိုရင် ဘာကိုမှ မစဉ်းစားဘဲ ကစားချင်မှာပါ။ ကွင်းထဲမှာ ဘာလုပ်ရမလဲဆိုတာကို စဉ်းစားနေရမယ်ဆိုရင်တော့ ခင်ဗျားအနေနဲ့တုံ့ဆိုင်းဆိုင်းဖြစ်နေမှာပါ။” ဟူ၍လည်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။